ဆိပ်ဖြူနဲ့ကလေးမြို့က အသံတိတ်သပိတ်
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဆိပ်ဖြူမြို့ကပြည်သူတွေဟာ ဖေဖော်ဝါရီ ၁ ရက်ဒီနေ့မှာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်တဲ့ နွေဦးတော်လှန်ရေး ၃ နှစ်မြောက်နေ့ အသံတိတ်သပိတ်ကို ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဆိပ်ဖြူမြို့ကပြည်သူတွေဟာ ဖေဖော်ဝါရီ ၁ ရက်ဒီနေ့မှာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်တဲ့ နွေဦးတော်လှန်ရေး ၃ နှစ်မြောက်နေ့ အသံတိတ်သပိတ်ကို ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် Burma Revolution Rangers ရဲဘော်တွေက ပခုက္ကူမြို့အဝင်ဆိုင်းဘုတ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလံလွှင့်ထူခဲ့ပြီး ခလရ ၂၅၂ တပ်အပေါက်ဝရဲ့ရှေ့မှာ စစ်အာဏာရှင် အလိုမရှိကြောင်း စာတန်းပါဗီနိုင်းကို ချိတ်ဆွဲခဲ့တယ်လို့ အဖွဲ့တာဝန်ခံက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းခြင်းကို ဆန့်ကျင်တော်လှန်တဲ့နွေဦးတော်လှန်ရေး ၃ နှစ်မြောက်နေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၁ ရက် ဒီနေ့မှာ ပြုလုပ်တဲ့ အသံတိတ်သပိတ်ကို ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်က ပြည်သူတွေလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းကကျေးရွာ ၄ ရွာကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ သတင်းပြန်ကြားရေးအဖွဲ့ဆီက သိရပါတယ်။
Danger Force LPDF ပူးပေါင်းအဖွဲ့ဟာ အရာတော်မြို့အထွက်၊ သနပ်ခါးမြို့တော်၊ အရာတော်ဆိုင်းဘုတ် နဲ့ မုံရွာ-အရာတော် လမ်းမပေါ်မှာ စစ်ကောင်စီအာဏာသိမ်းမှု(၃)နှစ်ပြည့် “အဆုံးသတ်အောင်ပွဲဆီ လူထုလှိုင်းတွေနဲ့ တက်စုံဖွင့် ရွက်ကုန်လွှင့်ချီ” အစရှိတဲ့ စာတန်းတွေကို ကိုင်ဆောင်ပြီး အသံတိတ်သပိတ်မှာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
"စစ်ကောင်စီအာဏာသိမ်းထားတာကို ပြည်သူလူထုတရပ်လုံးက မကျေနပ်ဘူး ဆိုတာကိုသိစေချင်လို့ ဆန္ဒဖော်ထုတ်ခဲ့တာ။ အဖြူရောင်သပိတ်လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ စစ်ကောင်စီတပ်သားတွေဟာ အလံဖြူထောင်တယ်၊ အများကြီးဖြစ်လာမယ်ဆိုတဲ့ မျှော်မှန်းချက်တွေပေါ့နော်"
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ အသံတိတ်သပိတ်မစမီ ဖေဖော်ဝါရီလ ၁ ရက်နေ့၊ မနက်ပိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး အဖြူရောင်ကမ်ပိန်း သပိတ်စစ်ကြောင်း ထွက်ခဲ့တယ်လို့ သပိတ်ကော်မတီဆီက သိရပါတယ်။
စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်အနေနဲ့ အသံတိတ်သပိတ်နဲ့ White Campaign ကို ဖေဖော်ဝါရီ ၁ ရက်ဒီမနက်ပိုင်းမှာ ဝက်လက်မြို့နယ်အခြေစိုက် နန်းတက်မင်း ဒေသတော်လှန်ရေးအင်အားစုတပ်ဖွဲ့နဲ့ ဒေသခံတွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ တပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
အသံတိတ်သပိတ်ကို မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိသတ်မှတ်ထားတာဖြစ်ပြီး ကျန်းမာရေးနဲ့ အရေးပေါ်ကိစ္စရှိသူများကလွဲပြီး အများစုဟာ သူတို့ရဲ့နေအိမ်တွေမှာပဲနေထိုင်ကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာက စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေကို ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက ဇီးဖြူကုန်းရွာအနီးနဲ့ မြကုန်းကျေးရွာ အပါအဝင် ၃ နေရာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်ပျက်စီးမှုနဲ့ ဒေသခံထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။
မကွေးတိုင်း၊ ဆောမြို့နယ်နဲ့ ပခုက္ကူမြို့နယ်က ပြည်သူတွေကလည်း ဖေဖော်ဝါရီ ၁ ရက် ဒီနေ့မနက်ကစပြီး အသံတိတ်သပိတ် ပြုလုပ်ခဲ့ကြပါတယ်။ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ အသံတိတ်သပိတ်မှာ ပါဝင်နေကြတာဖြစ်ပြီး ဆောမြို့နယ်မှာတော့ ဒေသခံတွေဟာ အလုပ်ကိစ္စနဲ့ မြို့ပေါ်ကိုလာတဲ့အခါမှာ ဆိုင်ကယ်တွေကို ကာကွယ်ရေးဂိတ်တွေမှာသာ ချန်ထားခဲ့ပြီး မြို့ထဲကို ခြေလျင်သာ လာကြတယ်လို့ သိရပါတယ်
"သူတို့ ၂ ဖွဲ့က တိုးဂိတ်ဟောင်းထဲမှာ ကျနော်တို့ဘက်က အယောင်ပြထောင်ထားတဲ့ မိုင်းအတုကို သေနတ်တွေနဲ့ ပစ်ခတ်ရှင်းပြီး အားလုံးရှင်းသွားပြီဆိုတဲ့အထာနဲ့ ဂိတ်ထဲဝင် စကားပြောနေချိန်မှာ ကြိုတင်ထောင်ထားတဲ့ ပေပါမိုင်းကို ခွဲလိုက်တာ"
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းက ပြည်သူတွေဟာ ဖေဖော်ဝါရီလ ၁ ရက်ဒီနေ့မနက်ပိုင်းကစပြီး အသံတိတ်သပိတ်မှာ ပါဝင်ဆင်နွှဲနေကြပါတယ်။
“မြို့မှာရှိနေတဲ့ PDF တွေရဲ့ မိသားစုတွေကို ဖမ်းတယ်။ မဆိုင်တဲ့သူတွေကိုလည်း ရိုက်တယ်။ ကျနော်တို့ မိသားစုဝင်တချို့ဆို စစ်ကြောရေးမှာ သူနှိပ်စက်တယ်။ မြို့နေလူငယ်တွေကိုလည်း မဆီမဆိုင် ခေါ်ခေါ်ရိုက်တယ်။ အကြောင်းပြချက်မယ်မယ်ရရမရှိဘဲ ပြဿာနာလိုက်ရှာတယ်။ လက်နက်ကိုင်ပြီး ပတ်သောင်းကျန်းနေတာ”
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ယာကြီးပြင် ပျူစောထီးရွာအပြင်မှာ ထောင်ထားခဲ့တဲ့ နင်းမိုင်းကို ဇန်နဝါရီ ၃၀ ရက်က ပျူစောထီးတွေ ကင်းပတ်စဥ် နင်းမိခဲ့ရာ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိပ်ဖြူကျားဇိုးပြောက်ကျားထံက သိရပါတယ်။