Podcast

“လူ့အခွင့်အရေးအတွေးအခေါ်”

အဓိကာရ Podcast ရဲ့ Episode 1(Part 2) မှာ CDM ပါမောက္ခ ဒေါက်တာစုကို ဖိတ်ခေါ်ထားပြီး လူ့အခွင့်အရေး/ရပိုင်ခွင့်၊ လူ့ဂုဏ်သိက္ခာ၊ Divine Law၊ Natural Law စတာတွေကို ဆွေးနွေးထားပါတယ်။

“ဆေးဖက်ဝင် ပိစပ်ပင်”

နှလုံးကျန်းမာရေးကောင်းမွန်ဖို့ ပိစပ်ရွက်ကို ဘယ်လိုအသုံးပြုသလဲ။ ပိစပ်ရွက်ကိုအသုံးပြုပြီး ကိုယ်လက်ကိုက်ခဲ အကြောတက်ရောဂါတွေ သက်သာအောင် ဘယ်လိုလုပ်လို့ရသလဲ။ ပိစပ်ရွက်အသင့်အတင့် ပုံမှန်စားသုံးပေးခြင်းဟာ ကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူပြုသလဲ ဆိုတာတွေကို နားဆင်ရမှာပါ။

လေးစားရတဲ့ ဆရာမအတွက်မွေးနေ့ဆုတောင်းစာနဲ့အတူ အခြားစာတွေကိုပါ  နားဆင်ရမယ့် "မြေလတ်တံတား ၂၇"

စာရေးဆရာမင်းသေ့အတွက်စာ၊ သူငယ်ချင်းကိုစိတ်ပူတဲ့အကြောင်း ရေးသားထားတဲ့ စာတွေနဲ့အတူ အခြားစာလေးတွေကို နားဆင်ရမှာပါ။

လူထုအင်အား ၃၀၀၀ ကျော်ပါဝင်ခဲ့တဲ့ နိုင်ငံရေးအသိပညာပေးပွဲနဲ့ တော်လှန်ရုပ်ရှင်ပြသပွဲသတင်းနှင့် တပတ်အတွင်း သတင်းများ

မကွေးအခြေစိုက် PDF ၂ ဖွဲ့ကို Earthquake အဖွဲ့က ဖောက်ခွဲရေးပစ္စည်းတွေထောက်ပံ့တဲ့သတင်း၊ ဝက်လက်မှ ထွက်လာတဲ့စစ်ကြောင်းက ဒေသခံ ၂ ဦးကိုသတ်ပြီး ရထားလမ်းတလျှောက်က ရွာတွေကို မီးရှို့တဲ့သတင်း၊ ဝေါနယ်ထဲမှာ ဒေသခံတွေကို လက်နက်ထုတ်ပေးပြီး ပျူစောထီးတွေနဲ့ရောနှော ကင်းစောင့်ခိုင်းတဲ့သတင်းနဲ့ အခြားသတင်းတွေကို နားဆင်ရမှာပါ။

“လူ့အခွင့်အရေးအတွေးအခေါ်”

အဓိကာရ Podcast ရဲ့ Episode 1 မှာ CDM ပါမောက္ခ ဒေါက်တာစုကို ဖိတ်ခေါ်ထားပြီး လူ့အခွင့်အရေး/ရပိုင်ခွင့်၊ လူ့ဂုဏ်သိက္ခာ၊ Divine Law၊ Natural Law စတာတွေကို ဆွေးနွေးထားပါတယ်။

“အဆစ်ရောင်လေးဘက်နာနှင့် လက်တကမ်းဆေးပညာ”

အဆစ်ရောင်လေးဘက်နာဟာ ဘယ်လိုအခြေအနေတွေကြောင့်ဖြစ်တတ်လဲ။ အဆစ်ရောင်လေးဘက်နာနဲ့ပတ်သက်တဲ့ ဆောင်ရန်ရှောင်ရန် အကြောင်းအရာတွေ အဆစ်ရောင်လေးဘက်နာဖြစ်ပွါးလာရင် အနီးအနားက ဆေးဖက်ဝင်အသီးအရွက်တွေနဲ့ ဘယ်လိုကုသပေးနိုင်မလဲဆိုတာတွေကို နားဆင်ရမှာပါ။

မာမီလို့ချစ်စနိုးခေါ်တဲ့သူငယ်ချင်းအတွက်စာနဲ့အတူ အခြားစာတွေကိုပါ နားဆင်ရမယ့် "မြေလတ်တံတား ၂၆"

အခုတပတ်မြေလတ်တံတားအစီအစဉ်မှာ အထင်လွဲမိတဲ့သူငယ်ချင်းအတွက် တောင်းပန်စာ၊ မာမီလို့ချစ်စနိုးခေါ်တဲ့သူငယ်ချင်းအတွက်စာတွေနဲ့အတူ အခြားစာလေးတွေကို နားဆင်ရမှာပါ။

ပဲခူးအရှေ့ခြမ်းမှာ PDF နဲ့ပြည်သူအကြား တွေ့ဆုံပွဲတွေ ပြုလုပ်နိုင်ခဲ့တဲ့သတင်းနှင့် တပတ်အတွင်းသတင်းများ

ရဲစခန်းရှေ့ထိ PDF က ဝင်ပစ်လို့ ရဲ ၃ ဦး သေဆုံးပြီး စခန်းမှူးမိန်းမအပါ ၅ ဦးဒဏ်ရာရတဲ့သတင်း၊ ပိုင်ဆိုင်တဲ့ ရွှေနားကပ်နဲ့လက်စွပ်ကို တော်လှန်ရေးကျည်ဖိုးအဖြစ်ပေးခဲ့တဲ့ ရေလယ်ကျွန်းတောင်သူတဦးရဲ့သတင်း၊ စေတုတ္တရာမှာ တိုက်ပွဲပြင်းထန်နေပြီ စစ်ကောင်စီက ရခိုင်ဘက်ကတပ်တွေပါ စစ်ကူခေါ်တိုက်နေတဲ့သတင်းနဲ့ အခြားသတင်းတွေကို နားဆင်ရမှာပါ။

“ငရုတ်ကောင်းနှင့် လက်တကမ်းကျန်းမာရေး”

ကိုယ်အလေးချိန်ကျစေဖို့ ငရုတ်ကောင်းကို ဘယ်လိုအသုံးပြုနိုင်သလဲ။ ဆီးချိုရောဂါ၊ အဆစ်ရောင်၊ အဆစ်နာရောဂါတွေအတွက် ငရုတ်ကောင်းနဲ့ ဘယ်လိုကုသနိုင်သလဲ။ ငရုတ်ကောင်းဟာ သွားနှင့်ခံတွင်း ကျန်းမာရေးအတွက် ဘယ်လိုအသုံးဝင်သလဲဆိုတာတွေကို နားဆင်ရမှာပါ။

နာမည်စာလုံးလေးတွေနဲ့ ပုံလှလှလေးတွေဆွဲတတ်သူ အွန့်အွန့်အတွက်စာနဲ့ အခြားစာတွေကိုပါ နားဆင်ရမယ့် "မြေလတ်တံတား ၂၅"

အခုတပတ်မြေလတ်တံတားအစီအစဉ်မှာ RR Couple ဖြစ်ဖို့ကြိုးစားချင်တဲ့ ကောင်လေးတယောက်ရဲ့ စာ၊ နာမည်စာလုံးလေးတွေနဲ့ ပုံလှလှလေးတွေဆွဲတတ်သူ အွန့်အွန့်အတွက်စာတွေနဲ့အတူ အခြားစာလေးတွေကို နားဆင်ရမှာပါ။

ပဲခူးတိုင်းမှာ စစ်ကောင်စီကို တန်ပြန်ထိုးစစ် အရှိန်အဟုန်မြှင့်သွားမယ့်သတင်းနှင့် တပတ်အတွင်း သတင်းများ

မော်လိုက်က စစ်ကောင်စီ ယာယီစခန်းတခုကိုသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဗိုလ်ကြီး ၁ ဦးအပါအဝင် ၁၀ဦးသေဆုံးတဲ့သတင်း၊ ပျူစောထီးအဖွဲ့ထဲမဝင်ဘဲ ရွာကထွက်ပြေးရင် အိမ်နဲ့ လယ်သိမ်းမယ်လို့ ဘုန်းကြီးဝါသဝ ခြိမ်းခြောက်တဲ့သတင်း၊ စစ်ကောင်စီအဖွဲ့တွေက CDM ဝန်ထမ်းတွေကို လိုက်လံဖမ်းဆီးပြီး ငွေတောင်းနေတဲ့သတင်းတွေနဲ့ အခြားသတင်းတွေကို နားဆင်ရမှာပါ။

ရဲဘော် ကျီးကန်း (ပထမပိုင်း) "ဆုံးရှုံးမှု၊ ယုံကြည်မျှော်လင့်ချက် နှင့် တော်လှန်ရေး"

ရဲဘော် ကျီးကန်း ရဲ့ တော်လှန်ရေးကာလအတွင်း ပါဝင်ခဲ့မှု၊ လက်နက်ကိုင်တော်လှန်ရေးအတွင်း ခန္ဓာကိုယ်အစိတ်အပိုင်း၊ မိသားစုဝင်နဲ့ ရဲဘော်ရဲဘက်တွေ ဆုံးရှုံးခဲ့ရတဲ့အကြောင်းတွေနဲ့အတူ သူ့ရဲ့ယုံကြည်ရဲရင့်မှုတွေကို အခု Podcast မှာ စကားပြောဖြစ်ခဲ့ပါတယ်။

“သွေးတိုးရောဂါနှင့် လက်တကမ်းဆေးပညာ”

သွေးတိုးရောဂါဟာ ဘယ်လိုအခြေအနေတွေကြောင့်ဖြစ်တတ်လဲ။ သွေးတိုးရောဂါနဲ့ပတ်သက်တဲ့ ဆောင်ရန်ရှောင်ရန် အကြောင်းအရာတွေ။ သွေးတိုးရောဂါ ဖြစ်ပွါးလာရင် အနီးအနားက ဆေးဖက်ဝင်အသီးအရွက်တွေနဲ့ဘယ်လိုကုသပေးနိုင်မလဲဆိုတာတွေကို နားဆင်ရမှာပါ။

စိတ်ဖြောင့်ဖြောင့်နဲ့ချန်ခဲ့သူ ကိုတွတ်အတွက်စာနဲ့အတူ အခြားစာတွေကိုပါ နားဆင်ရမယ့် "မြေလတ်တံတား ၂၄"

အခုတပတ်မြေလတ်တံတားအစီအစဉ်မှာ Plug-X အတွက်စာ၊ စိတ်ဖြောင့်ဖြောင့်နဲ့ချန်ခဲ့သူ ကိုတွတ်အတွက်စာတွေနဲ့အတူ အခြားစာလေးတွေပါနားဆင်ရမှာပါ။

ဒေါင်းနဲ့အတူ တော်လှန်ပြည်သူတွေက စစ်ရှောင်တွေကိုစားသောက်ကုန်လှူဒါန်းတဲ့သတင်းအပါ တပတ်အတွင်း သတင်းများ

ညောင်ပင်ကြီးရှိ လူနေအိမ် ၁,၀၀၀ကျော်ကို စစ်ကောင်စီက အကုန်မီးရှို့ဖျက်ဆီးတဲ့သတင်း၊ တပွင်ရွာရဲစခန်းကို PDFတွေကစီးနင်းမီးရှို့ပြီး စေတုတ္တရာနယ်မှာစစ်ရေးတင်းမာနေလို့ ဒေသခံရာနဲ့ချီ နေရာပြောင်းရွှေ့ရတဲ့သတင်း၊ NLD လွှတ်တော်အမတ်ဦးဝင်းမြင့်အောင် ကို PDF က ဖမ်းဆီးထိန်းသိမ်းတဲ့ သတင်းအပါအဝင် အခြားသတင်းတွေကို နားဆင်ပါ။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10