မြေလတ်ပေးစာ (Podcast)
- ပွင့်ဖြူကအုပ်ကြီးခင်မောင်ရွေ ပြည်သူတွေအပေါ်ဘယ်လိုပြုမူနေသလဲ - မုံရွာမှာဖမ်းဆီးခံထားရသူတွေ ၁ နှစ်ကျော်တဲ့အထိ အမှုရင်ဆိုင်ရခြင်းမရှိသေး - ပဲခူးတိုင်း၊ မင်းလှမြို့နယ်က မူးယစ်ဆေးဝါးအန္တရာယ်
- ပွင့်ဖြူကအုပ်ကြီးခင်မောင်ရွေ ပြည်သူတွေအပေါ်ဘယ်လိုပြုမူနေသလဲ - မုံရွာမှာဖမ်းဆီးခံထားရသူတွေ ၁ နှစ်ကျော်တဲ့အထိ အမှုရင်ဆိုင်ရခြင်းမရှိသေး - ပဲခူးတိုင်း၊ မင်းလှမြို့နယ်က မူးယစ်ဆေးဝါးအန္တရာယ်
နှစ်ခြိုက်စွာအိပ်ပျော်စေဖို့ မြင်းခွါရွက်ကိုဘယ်လိုအသုံးပြုမလဲ။ ကလေးများချောင်းဆိုးအချွဲထရင် မြင်းခွါရွက်နဲ့ ဘယ်လိုကုသပေးနိုင်သလဲ။ သွေးဝမ်းသွားခြင်းကိုကုသဖို့ မြင်းခွါရွက်ကို ဘယ်လိုအသုံးပြုမလဲ။ မြင်းခွါရွက်ကို ဘယ်လိုလူမျိုးတွေမသုံးသင့်ဘူးလဲ စတာတွေကို နားဆင်ရမှာပါ။
အမျိုးသားခွန်အားတိုးပွါးစေဖို့ သပြုပင်ရဲ့ ဘယ်အစိတ်အပိုင်းကို အသုံးပြုနိုင်သလဲ။ လိပ်ခေါင်းရောဂါသက်သာစေဖို့ သပြုခေါက်ကို ဘယ်လိုအသုံးပြုရမလဲ။ အမြင်အာရုံကောင်းမွန်စေဖို့ သပြုပင်ရဲ့ဘယ်အစိတ်အပိုင်းကိုအသုံးပြုသင့်သလဲ စတာတွေကို နားဆင်ရမှာပါ။
ကိုယ်တွင်းခုခံအားကောင်းမွန်ပြီး သွေးတွင်းအဆီကျစေဖို့ သပြေပင်ကိုဘယ်လိုအသုံးပြုနိုင်သလဲ။ မီးယပ်သွေးလွန်ရောဂါကို သပြေပင်ရဲ့ ဘယ်အစိတ်အပိုင်းနဲ့ကုသနိုင်သလဲ။ သပြေပင်ရဲ့ အသီးအပွင့်တွေကို လွန်ကဲစွာစားသုံးမိရင် ဘာတွေဖြစ်နိုင်သလဲစတာတွေကို နားဆင်ရမှာပါ။
မြေလတ်အသံက တင်ဆက်တဲ့ "သူတို့နဲ့ စကားပြောခြင်း" Podcast အစီအစဉ် Ye Hein (YH Photography) ရဲ့ ငယ်ဘဝ ဓါတ်ပုံဆရာအကြောင်းကို ယခု Podcast မှာ စကားပြောဖြစ်ခဲ့ပါတယ်။
ကျောက်ကပ်ရောဂါအတွက် ခရာပင်ကိုဘယ်လိုအသုံးပြုကုသမလဲ။ နာတာရှည်ရောဂါတွေအတွက် ခရာပင်ရဲ့ ဆေးဖက်ဝင်ပုံ။ ခရာပင်ရဲ့ဘယ်အစိတ်အပိုင်းက ချွဲ၊ သလိပ်တွေကြေစေသလဲ။ မီးယပ်ဖြူဆင်းရောဂါအတွက် ခရာမြစ်ကိုဘယ်လိုအသုံးပြုကုသနိုင်သလဲစတာတွေကို နားဆင်ရမှာပါ။
အဆိပ်ရှိသတ္တဝါတွေကိုက်ရင် ငှက်ပျောပင် ပင်စည်အရည်နဲ့ ဘယ်လိုကုသနိုင်သလဲ။ ဆီးပူ၊ ဆီးအောင့်၊ ဆီးကျဉ်၊ ဆီးသွေးပါခြင်းကို ငှက်ပျောပင်ရဲ့ဘယ်အစိတ်အပိုင်းနဲ့ ကုသနိုင်သလဲ။ ငှက်ပျောဖူး ပွင့်ဖတ်ခြောက်ကို လက်ဖက်ခြောက်လုပ်သောက်ရင် ဘယ်လိုအကျိုးထူးတွေရစေနိုင်သလဲ။ အပူလောင်နာနဲ့ ပြည်တည်နာတွေကို ငှက်ပျောပင်ရဲ့ဘယ်အစိတ်အပိုင်းနဲ့ ကုသလို့ရသလဲ စတာတွေကို နားဆင်ရမှာပါ။
အမျိုးသားသုတ်လွှတ်မြန်ခြင်းကို ညောင်ပင်ရဲ့ဘယ်အစိတ်အပိုင်းနဲ့ ကုသနိုင်သလဲ။ အိပ်မပျော် စိတ်ဓာတ်ကျသူများအတွက် ညောင်သီးက ဘယ်လိုအသုံးဝင်သလဲ။ ညောင်စေ့မှာပါဝင်တဲ့ အာဟာရဓာတ်တွေဟာ ဘာတွေလဲ။ သွားနဲ့သွားဖုံး ကျန်းမာရေးအတွက် ညောင်ခေါက်မှုန့်ကို ဘယ်လိုအသုံးပြုလို့ရသလဲစတာတွေကို နားဆင်ရမှာပါ။
- DSA 38 အောင်ဇေယျတပ်ရင်းက ဗိုလ်တဦးရဲ့စာ - ပြည်သူ့စစ် အဓမ္မ စုဆောင်းပေးနေသူတွေကို အရေးယူမယ့်သတင်းကြောင့် ဝမ်းသာတဲ့အကြောင်း - မကွေးတိုင်းထဲက UG တွေကို သိစေချင်လို့ ရေးတဲ့စာ
အနှစ် ၂၀ ထောင်ချခံလိုက်ရတဲ့ အဆိုတော် ဗျူဟာနဲ့ တော်လှန်ရေးထဲက Rapper တွေအကြောင်းကို Artist T Zin က မြေလတ်အသံရဲ့ "သူတို့နဲ့စကားပြောခြင်း" အစီအစဉ်မှာ ပြောပြခဲ့ပါတယ်။ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့် ပျောက်ဆုံးတာတွေ၊ စိတ်ရောကိုယ်ပါ မလုံခြုံတော့တဲ့ အခြေအနေမှာ ပျော်ရွှင်နေကြသူတွေ၊ ကိုယ်ချင်းစာတရားမရှိဘဲ အနုပညာဖန်တီးမှုလို့ အမည်တပ်သူတွေနဲ့ပတ်သက်ပြီး အခု Podcast မှာ စကားပြောဖြစ်ခဲ့ပါတယ်။
အသဲထိခိုက်မှုလျော့နည်းစေဖို့ ပိန္နဲပင်ကိုဘယ်လိုအသုံးပြုနိုင်သလဲ။ ခြေဖဝါးကွဲနာတွေအတွက် ပိန္နဲစေးကို ဘယ်လိုအသုံးပြုနိုင်သလဲ။ ပန်းနာ၊ ရင်ကျပ်ရောဂါအတွက် ပိန္နဲပင်ရဲ့ ဘယ်အစိတ်အပိုင်းကို အသုံးပြုကုသနိုင်သလဲ။ ပိန္နဲသီးမှာရော ဘေးထွက်ဆိုးကျိုးရှိပါသလား စတာတွေကို နားဆင်ရမှာပါ။
- ပဲခူးတိုင်းမှာ စစ်တပ်က ကျေးရွာကာကွယ်ရေးအကြောင်းပြပြီး လူသစ်စုဆောင်းနေတဲ့အကြောင်း။ - ပြည်သူ့ဘက်ကိုခိုလှုံချင်သူ စစ်သားတွေရဲ့စာ။ - မတ္တရာက စစ်ရှောင်ရွာတွေမှာ သူခိုးတွေသောင်းကျန်းနေတဲ့အကြောင်း စတဲ့ စာတွေကို နားဆင်ရပါမယ်။
မြေလတ်အသံက တင်ဆက်တဲ့ "သူတို့နဲ့ စကားပြောခြင်း" Podcast အစီအစဉ်မှာ Gen L33 သီချင်းဖန်တီးသူ လူငယ် Rap Artist မင်းလွန် ရဲ့Gen L33 သီချင်း ဘယ်လိုထွက်လာခဲ့လဲ၊ ဘာကြောင့်ဒီသီချင်းကို ဖန်တီးဖြစ်ခဲ့တာလဲဆိုတာတွေနဲ့ “ဂျန်လီးဆိုတာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတခုကို ပြောတာမဟုတ်ပါဘူး။ ခင်ဗျားက အဲ့ဒီလိုအတွေးအခေါ်ရှိနေရင် ခင်ဗျားက ဂျန်လီးပဲ” ဆိုတဲ့ သူ့ရဲ့ အတွေးအခေါ်တွေကို အခု Podcast မှာ စကားပြောဖြစ်ခဲ့ပါတယ်။
နှာစေးနှာပိတ်သူတွေဟာ ဘယ်လိုဓာတ်စာတွေကို စားရမလဲ။ ပူစီနံရွက်ပြုတ်ရေဟာ နှာစေးနှာပိတ် ပျောက်ကင်းအောင် ဘယ်လိုအထောက်အကူပြုသလဲ။ နှာစေးနှာပိတ်ပျောက်စေဖို့အတွက် ပင်စိမ်းရွက်ကို ဘယ်လိုအသုံးပြုနိုင်သလဲ။ နှာစေးနှာပိတ်ခြင်းကို မကုသဘဲပေါ့ဆရင် ဘယ်လိုတွေ ဖြစ်နိုင်သလဲဆိုတာတွေကို နားဆင်ရမှာပါ။
ကလေးအကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာပြီး တလအတွင်းမှာပဲ သူကိုယ်တိုင်းရေးစပ်သီဆို ကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ Gen L33 သီချင်း အကြောင်းနဲ့ပတ်သက်ပြီး ပြောဖြစ်ခဲ့ကြတာတွေကို ဇန်နဝါရီလ ၁၂ ရက် သောကြာနေ့ မြန်မာစံတော်ချိန် မနက် ၉ နာရီမှာ မြေလတ်အသံရဲ့ Facebook စာမျက်နှာကနေ အပြည့်အစုံ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။