Podcast

Daniel Aung (Khant) ပထမပိုင်း "Pride Event နှင့် တော်လှန်ရေး"

Daniel Aung (Khant)ရဲ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်နဲ့ ဘန်ကောက်မှာ ကျင်းပခဲ့တဲ့ Pride Event တွေမှာ ပါဝင်လှုပ်ရှားခဲ့တဲ့ အတွေ့အကြုံတွေနဲ့ LGBT တဦး အနေနဲ့ သူဖြတ်သန်းခဲ့တဲ့ တော်လှန်ရေးကာလ အတွေ့အကြုံများအကြောင်းကို အခု Podcast လေးမှာ စကားပြောဖြစ်ခဲ့ပါတယ်။

“ဆေးဖက်လည်းဝင် ကုက္ကိုပင်”

အာရုံကြောနဲ့အိပ်မပျော်ရောဂါရှိသူတွေအတွက် ကုက္ကိုပင်က ဘယ်လိုအသုံးဝင်သလဲ။ သွေးတိုးရောဂါသက်သာအောင် ကုက္ကိုရွက်ကိုဘယ်လိုအသုံးပြုရမလဲ။ အစာအိမ်နာ၊ လည်ချောင်းနာရောဂါတို့ဖြစ်ရင် ကုက္ကိုပင်ရဲ့ဘယ်အစိတ်အပိုင်းနဲ့ ဘယ်လိုကုသလို့ရသလဲ ဆိုတာတွေကို နားဆင်နိုင်ပါပြီ။

မြန်မာနိုင်ငံသားတွေရဲ့နှလုံးသားမှာ နေရာယူထားသူတဦးအတွက်စာနဲ့ အခြားစာတွေကိုနားဆင်ရမယ့် မြေလတ်တံတား ၂၃

အခုတပတ်မြေလတ်တံတားအစီအစဉ်မှာ မြန်မာနိုင်ငံသားတွေရဲ့နှလုံးသားထဲမှာ နေရာယူထားသူ တဦးအတွက်စာလေးတွေနဲ့အတူအခြားစာလေးတွေကို နားဆင်ရပါမယ်။

အညာဒေသအတွက်လိုအပ်တဲ့ ဝေဟင်တိုက်ခိုက်ရေးနည်းပညာသင်တန်းပို့ချတဲ့သတင်းအပါ တပတ်အတွင်း သတင်းများ

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ အညာတော်လှန်ရေးအဖွဲ့တွေ ပန်းသပိတ်ကျင်းပဖို့ပြင်ဆင်ခဲ့တဲ့ သတင်း၊ တမူးမှာ စစ်ကောင်စီစခန်းတိုက်ခိုက်ခံရပြီး အထိနာလို့ လေကြောင်းပစ်ကူပေးတဲ့သတင်း၊ ဝေါမြို့နယ်ထဲမှာ စစ်ကောင်စီက မဆုတ်တမ်းခံစစ် ပြင်ဆင်နေတဲ့သတင်းအပါအဝင် အခြားသတင်းတွေကို နားဆင်ပါ။

“ဆီးချိုရောဂါနှင့် လက်တကမ်းဆေးပညာ”

အခုတပတ် “လက်တကမ်း ကျန်းမာရေး”အစီအစဉ်မှာ ဆီးချိုရောဂါနဲ့ လက်တကမ်းဆေးပညာ အကြောင်းကိုတင်ဆက်ပေးသွားမှာပါ။

နှင်းဆီပွင့်လို မိန်းကလေးတွေအတွက်စာလွှာလေးတွေနဲ့အတူ အခြားစာတွေကိုပါ နားဆင်ရမယ့် "မြေလတ်တံတား ၂၂"

အခုတပတ်မြေလတ်တံတားအစီအစဉ်မှာ ပြည်သူတွေရဲ့ချစ်ခင်လေးစားမှုကိုအပြည့်အဝရရှိထားတဲ့ ဒေါက်တာဖြိုးသီဟအတွက်စာနဲ့ နှင်းဆီပွင့်လိုကောင်မလေးတွေအတွက် စာလေးတွေကို နားဆင်ရပါမယ်။

အုပ်ချုပ်ရေးမှူး ၇၀ကျော် နှုတ်ထွက်ဖို့ နောက်ဆုံးအကြိမ် သတိပေးတဲ့သတင်းအပါ တပတ်အတွင်းသတင်းများ

ညောင်ပင်ကြီးရဲစခန်းတခုလုံးနီးပါး သိမ်းနိုင်ခဲ့ပြီး ရဲ ၂ ဦးဖမ်းမိ၊ လက်နက်တချို့ရတဲ့သတင်း၊ ကနီ CDMဆင်စခန်းကို ပြည်သူတွေက ကျပ်သိန်း ၇၀ကျော်လှူဒါန်းတဲ့သတင်း၊ ကန့်ဘလူ စစ်ရှောင်ကလေးငယ် ၁၀၀ကျော် ပညာသင်ပေးဖို့ ကျောင်းသုံးပစ္စည်းများလိုအပ်နေတဲ့သတင်း အပါအဝင် အခြားသတင်းတွေကို နားဆင်ပါ။

“ဆေးဖက်ဝင် နှမ်း”

အာရုံကြောနဲ့မှတ်ဉာဏ်ကောင်းမွန်စေဖို့ နှမ်းကိုဘယ်လိုအသုံးချမလဲ။ အဆစ်အမြစ် ကိုက်ခဲတတ်သူတွေအတွက် နှမ်းက ဘယ်လိုအသုံးဝင်သလဲ။ လိပ်ခေါင်းသွေးယိုအတွက် နှမ်းဆီကို ဘယ်လိုအသုံးပြုလို့ရသလဲ ဆိုတာတွေကို နားဆင်ရပါမယ်။

မွေးနေ့ဆုတောင်းစာလေးတွေနဲ့အတူ အခြားစာတွေကိုပါ နားဆင်ရမယ့် "မြေလတ်တံတား ၂၁"

အခုတပတ်မြေလတ်တံတားအစီအစဉ်မှာ မွေးနေ့ဆုတောင်းစာလေးတွေနဲ့အတူ အခြားစာလေးတွေကို နားဆင်ရမှာပါ။

ပျူဘုန်းကြီးဝါသဝ လက်အောက်ပျူစခန်း တိုက်ခိုက်ခံရပြီး ၁၀ဦးထက်မနည်းသေလို့ လေကြောင်း ပစ်ကူနဲ့တိုက်ခိုက် တဲ့သတင်းအပါ တပတ်အတွင်းသတင်းများ

စစ်ရှောင်တွေကျန်ခဲ့တဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို တိုက်ပွဲတဖက်နဲ့ PDFက စောင့်ရှောက်ပေးထားတဲ့ သတင်း၊ ကရင်နီတိုက်ပွဲမှာ မင်းလှ ခလရ ၁ က ဗိုလ်ကြီး ၁ ဦးအပါ ၅ ဦးသေ၊တပ်ရင်းမှူး ထွက်ပြေးလို့ ဖမ်းဆီးစစ်ဆေးခံနေရတဲ့သတင်း၊ မင်းလှမြို့နယ် ရိုးမဖြတ်လမ်းသွားလာခွင့်ကို စစ်ကောင်စီကပိတ်ပြီး လာသူတွေကို ဆက်ကြေးကောက်တဲ့သတင်းအပါအဝင် အခြားသတင်းတွေကို နားဆင်နိုင်ပါပြီ။

မိုးရာသီမှာ အဖြစ်များတဲ့ရောဂါများနှင့် လက်တကမ်းဆေးပညာ

မိုးရာသီမှာအဖြစ်များတဲ့ရောဂါတွေက ဘာတွေလဲ၊ ဒီလိုရောဂါတွေမဖြစ်အောင် ဘာတွေကိုဆောင်ရ၊ ရှောင်ရမလဲ။ ဒီလိုရောဂါတွေဖြစ်လာခဲ့ရင် လက်တကမ်းမှာရှိတဲ့ ဆေးဖက်ဝင်အသီး၊အပွင့်တွေနဲ့ ဘယ်လိုမျိုးပြုစုကုသလို့ရသလဲဆိုတာတွေကို နားဆင်ရမှာပါ။

ပြည်သူတွေရဲ့အချစ်အနဲ့အမုန်းကို ရရှိနေတဲ့ နုကြည်အတွက်စာနဲ့ အခြားစာတွေနားဆင်ရမယ့် မြေလတ်တံတား ၂၀

အခုတပတ်မြေလတ်တံတားအစီအစဉ်မှာ ပြည်သူတွေရဲ့အချစ်အနဲ့အမုန်းကို တပြိုင်တည်း ရရှိနေတဲ့ နုကြည်အတွက်စာ၊ သင်တန်းမှာ ခင်မင်ခဲ့ရတဲ့ အစ်မတစ်ယောက်အတွက်စာနဲ့ အခြားစာလေးတွေကို နားဆင်ရမှာပါ။

တောင်ငူထောင်ကနေ ထွက်ပြေးလွတ်မြောက်လာသူ ၉ဦး PDFတပ်ရင်းတွေမှာ ပြန်လည်တာဝန် ထမ်းဆောင်မယ့်သတင်းအပါ တပတ်အတွင်းသတင်းများ

ဓားစာခံအဖြစ် ဖမ်းဆီးခံရတဲ့ လှတောရွာသား ၁၅ ဦးအနက် ၃ ဦး ထွက်ပြေးလွတ်မြောက်တဲ့သတင်း၊ ဆားတောင်မြို့မရဲစခန်း စီးနင်းခံရလို့ စစ်အုပ်စုဘက်က အရာရှိတဦးအပါအဝင် ၁၂ ဦးသေဆုံးတဲ့သတင်း၊ ဝမ်ပေါင်ဂိတ်က ကင်းသမားတွေပစ်ခံရလို့ ၃ဦးသေ ၅ဦးဒဏ်ရာရတဲ့သတင်းအပါအဝင် အခြားသတင်းတွေကို နားဆင်နိုင်ပါပြီ။

ကျန်းမာရေးအတွက် ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ ဝက်ခြံမှဲ့ခြောက်၊ ဆံပင်ကျွတ် ဦးရေပြားသွေ့ခြောက်ရောဂါနဲ့ နားကိုက်နားနာရောဂါ တွေကို ဘယ်လိုကုသနိုင်သလဲ။ခန္ဓာကိုယ်အလေးချိန်ကိုဘယ်လို ကျစေသလဲ။ ကြက်သွန်ဖြူမှာရှိတဲ့ ဘေးထွက်ဆိုးကျိုးက ဘာတွေလဲဆိုတာကို နားဆင်ရပါမယ်။

သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ထောင်အနှစ် ၂၀ ထပ်ချခံရတဲ့ သတင်းအပါ တပတ်အတွင်းသတင်းများ

တောင်ငူထောင်မှ ထွက်ပြေးနေသူတွေထဲက ၉ ဦး လက်နက်တွေနဲ့အတူ လွတ်မြောက်နယ်မြေရောက်ရှိတဲ့သတင်း၊ ဟုမ္မလင်း ၂ ရက်တာတိုက်ပွဲမှာ အထိနာသွားတဲ့ စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲပြီး ဆုတ်ခွာတဲ့သတင်း၊ ယင်းမာပင်နယ်က ၇ ရက်တာတိုက်ပွဲမှာ စစ်အုပ်စုက ၆၀ ဝန်းကျင်နဲ့ PDFဘက်က ၂ဦး သေဆုံးတဲ့သတင်းအပါအဝင် အခြားသတင်းတွေကို နားဆင်နိုင်ပါပြီ။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10