Podcast

“ဆောင်းရာသီအရေပြားခြောက်သွေ့ခြင်းနှင့် လက်တကမ်းဆေးပညာ” (Podcast)

အရေပြားခြောက်သွေ့ခြင်းရဲ့လက္ခဏာတွေက ဘာတွေလဲ။ အရေပြားခြောက်သွေ့ခြင်းကို နှံစားပြောင်းနဲ့ ဘယ်လိုကုသနိုင်သလဲ။ တမာရွက်ပြုတ်ရေကိုအသုံးပြုပြီး အရေပြားခြောက်သွေ့ခြင်းကို ဘယ်လိုကုသလို့ရသလဲ။ အရေပြားခြောက်သွေ့ခြင်းကို မကုသပဲပေါ့ဆရင် ဘာတွေဖြစ်နိုင်သလဲဆိုတာတွေကို နားဆင်ရမှာပါ။

မြေလတ်ပေးစာ

- ပဲခူးမြို့ရဲ့လက်ရှိအခြေအနေ ဘယ်လိုရှိသလဲ။ - တိုင်းရင်းသားတွေအတွက်ဆိုပြီး ရေးလာတဲ့စာ။ - မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က ပကဖနဲ့ PDFတချို့ဘာလုပ်သလဲ စတဲ့စာတွေကို နားဆင်ရပါမယ်။

“ကုန်းထိကရုံးပင် ဆေးဖက်ဝင်” (Podcast)

စိတ်ကျ၊ အိပ်မပျော်ရောဂါများကုသနိုင်ဖို့အတွက် ကုန်းထိကရုံးပင်ဟာဘယ်လိုအသုံးဝင်သလဲ။ အသည်းရောင်အသားဝါအတွက် ကုန်းထိကရုံးပင်ကို ဘယ်လိုမျိုးသောက်သုံးပေးနိုင်သလဲ။ လိပ်ခေါင်းရောဂါသက်သာအောင် ကုန်းထိကရုံးပင်နဲ့ ဘယ်လိုကုသနိုင်သလဲဆိုတာတွေကို နားဆင်ရမှာပါ။

မြေလတ်ပေးစာ (Podcast)

- ပန်းတောင်းမြို့ရဲစခန်း စခန်းမှူး ဘာတွေလုပ်နေလဲ။ - လောင်းကစားနဲ့အွန်လိုင်းဂိမ်းတွေကြောင့် ပြည်သူတွေဘာတွေဖြစ်နေလဲ။ - သရက်ခရိုင်အုပ်ချုပ်ရေးမှူးတင်မျိုးလတ် ပြည်သူအပေါ် ဘယ်လိုဒုက္ခပေးနေသလဲ စတဲ့ စာတွေကို နားဆင်ရပါမယ်။

“စားသုံးဆေးဝင် ရုံးပတီပင်” (Podcast)

ကိုယ်ဝန်ဆောင်မိခင်တွေ သန္ဓေသားကျန်းမာဖို့ ရုံးပတီသီးက ဘယ်လိုအထောက်အပံ့ပေးသလဲ။ ဆံသားပျော့ပြောင်းပြီး ဆံပင်အမြစ်သန်မာစေဖို့ ရုံးပတီသီးကိုဘယ်လိုစားရမလဲ။ ဝမ်းလျော၊ ဝမ်းပျက်ရောဂါတွေအတွက် ရုံးပတီသီးကိုဘယ်လိုအသုံးပြုကုသနိုင်သလဲ ဆိုတာတွေကို နားဆင်ရမှာပါ။

မြေလတ်ပေးစာ (Podcast)

- CDMတွေစိတ်ဓာတ်မကျဖို့ အားပေးထားတဲ့စာ ။ - အုတ်ဖိုမြို့က လူပျောက်ရှာဖွေနေတဲ့စာ ။ - ချောင်းဖြူရွာက ပလပ်မြေတွေကို မကွေးတိုင်းဝန်ကြီးချုပ်က ဘာတွေလုပ်နေလဲ စတဲ့ ပေးစာတွေကို နားဆင်ရပါမယ်။

“စားသုံးဆေးဝင် ခံတက်ပင်” (Podcast)

ကျောက်ကပ်နဲ့ ဆီးအိမ်ကျောက်တည်သူတွေအတွက် ခံတက်ရွက်ဟာ ဘယ်လိုအထောက်အကူ ပေးသလဲ။ ဆီးပူ၊ ဆီးအောင့်၊ ဆီးကျဉ်ရောဂါများအတွက် ခံတက်ရွက်ကိုအသုံးပြုပြီး ဘယ်လိုကုသနိုင်သလဲ။ သံဓာတ်အားနည်းသူတွေအတွက် ခံတက်ရွက်ဟာဘယ်လိုအသုံးဝင်သလဲ။ ခံတက်ရွက်ကို ပုံမှန်စားသုံးခြင်းဖြင့် ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေက ဘာတွေလဲ ဆိုတာတွေကို နားဆင်ရမှာပါ။

မြေလတ်ပေးစာ (Podcast)

- ပဲခူးတိုင်း(အနောက်ခြမ်း)၊ ကပစ ၃ က စစ်သားတွေအတွက်စာ - ပဲခူးတိုင်း(အနောက်ခြမ်း)၊ မင်းလှမြို့နယ်၊ ထောက်ကြန့်အုပ်စုမှာဘာတွေဖြစ်နေလဲ။ - စဉ့်ကိုင်၊ ကွန်ပြူတာတက္ကသိုလ်နားက လုယက်မှုတွေစတဲ့ စာတွေကို နားဆင်ရပါမယ်။

“မြေစာမြက်ပင် ဆေးဖက်ဝင်” (Podcast)

အဆစ်ရောင်လေးဘက်နာရောဂါသက်သာစေဖို့အတွက် မြေစာမြက်မှုန့်ဟာ ဘယ်လိုအသုံးဝင်သလဲ။ အစာအိမ်အချဉ်ပေါက်နဲ့ ဆီးပူ၊ ဆီးအောင့်၊ ဆီးကျဉ်ရောဂါတွေကို မြေစာရွက်ပြုတ်ရေနဲ့ ဘယ်လိုကုသနိုင်သလဲ။ ဆီးချို၊ သွေးတိုးရောဂါတွေအတွက် မြေစာမြက်ကိုဘယ်လိုအသုံးပြုလို့ရသလဲ ဆိုတာတွေကို နားဆင်ရမှာပါ။

“စားသုံးဆေးဝင် လက်ပံပင်” (Podcast)

လိပ်ခေါင်းသွေးယိုခြင်းသက်သာစေဖို့ လက်ပံပွင့်ပြုတ်ရေနဲ့ ဘယ်လိုကုသနိုင်သလဲ။ သရက်ရွက်ကြီးခြင်းရောဂါသက်သာပျောက်ကင်းစေဖို့ လက်ပံပင်ရဲ့ဘယ်အစိတ်အပိုင်းနဲ့ ကုသလို့ရသလဲ။ ကျောက်တည်ခြင်းနဲ့ ဆီးလမ်းကြောင်းရောဂါအတွက် လက်ပံသီးကို ဘယ်လိုအသုံးပြုကုသနိုင်သလဲဆိုတာတွေကို နားဆင်ရမှာပါ။

မြေလတ်ပေးစာ (Podcast)

- PDF ထဲဝင်မယ့်လူငယ်တွေကို ဘာတွေအကြံပေးထားလဲ။ - ဖမ်းဆီးခံရတဲ့နိုင်ငံရေးအကျဉ်းသားတွေ ထောင်ဝင်ကတည်းက ဘယ်လိုအနိုင်ကျင့်ခံရသလဲ။ - ခက်ခဲချိုတဲ့နေတဲ့ CDM သူရဲကောင်းတွေကို ဘယ်သူတွေကူညီမှာလဲ စတဲ့ စာတွေကို နားဆင်ရပါမယ်။

“ဆေးဖက်ဝင် အုန်းပင်” (Podcast)

ကိုယ်ဝန်ဆောင်မိခင်တွေကို အုန်းရေက ဘယ်လိုအာဟာရတွေပေးသလဲ။ အုန်းသီးစားသုံးခြင်းဟာ ဝိတ်ချနေသူတွေအတွက် ဘယ်လိုအထောက်အကူပြုသလဲ။ ကြွက်သားနာကျင်ကိုက်ခဲတဲ့အခါ အုန်းရွက်ပြုတ်ရေဟာ ဘယ်လိုအသုံးဝင်သလဲ။ အစာအဆိပ်သင့်တဲ့အခါ အုန်းပင်ရဲ့ဘယ်အစိတ်အပိုင်းနဲ့ ကုသလို့ရသလဲဆိုတာတွေကို နားဆင်ရမှာပါ။

“ဆေးဖက်ဝင် ဝါးပင်” (Podcast)

သွေးတိုး၊ ဆီးချိုထိန်းသိမ်းနိုင်ဖို့ ဝါးရွက်ကို ဘယ်လိုအသုံးပြုမလဲ။ ဝါးရွက်လက်ဖက်ခြောက်ပြုတ်ရည်နဲ့ ပျားရည်ရောနှောသောက်သုံးရင် ဘယ်လိုရောဂါတွေကို သက်သာပျောက်ကင်းစေသလဲ။ ဝါးလုံးထဲကရတဲ့ ဝါးရေကရော လူ့ခန္ဓာကိုယ်ကို ဘယ်လိုအထောက်အကူပြုသလဲ ဆိုတာတွေကို နားဆင်ရမှာပါ။

“မျက်စိနာရောဂါနှင့် လက်တကမ်းဆေးပညာ” (Podcast)

မျက်စိနာရောဂါ ဘာကြောင့်ဖြစ်ရသလဲ။ အုန်းဆီ၊ နှမ်းဆီ၊ ပျားရည်တို့နဲ့ မျက်စိနာရောဂါကို ဘယ်လို ကုသလို့ရသလဲ။ မျက်စိနာရောဂါ သက်သာဖို့အတွက် ရှားစောင်းလက်ပတ်နဲ့ မာလကာရွက်ကို ဘယ်လိုအသုံးပြုရမလဲ ဆိုတာတွေကို နားဆင်ရမှာပါ။

“စားသုံးဆေးဝင် သရက်ပင်”

ဆီးချိုသွေးချိုရောဂါတွေသက်သာအောင် သရက်ရွက်အရင့်ကို ဘယ်လိုသုံးမလဲ။ သွားကိုက်၊ သွားဖုံးသွေးယိုစတဲ့ရောဂါတွေအတွက် သရက်ပင်ရဲ့ဘယ်အစိတ်အပိုင်းနဲ့ ကုသလို့ရသလဲ။ ခြေဖဝါးကွဲအက်ဒဏ်ရာတွေကို သရက်စေးနဲ့ ဘယ်လိုကုသနိုင်သလဲဆိုတာတွေကိုနားဆင်ရမှာပါ။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10