သတင်းတို

ပရဟိတသမားများမပါဝင်ဘဲ စစ်ကောင်စီကလူများဖြင့် မီးဘေးသင့်ပြည်သူများ ပြန်လည်ထူ ထောင်ရေး ကော်မတီဖွဲ့စည်း

"ဖွဲ့စည်းပုံနဲ့ပတ်သက်လို့ အခုပရဟိတအသင်း လုပ်တဲ့အလှူရှင်တွေ နောက်ဆုတ်သွားနိုင်တယ်။ အခုတောင် နောက်ဆုတ်ဖို့စကား ပြောနေကြပြီ။ စစ်ကောင်စီက နေရာတကာမှာ သူတို့အစိုးရတရပ် အနေနဲ့ဝင်လုပ်နေတာက နေရာမကျဘူး။ ဒီကိစ္စတွေက ပြည်သူတွေလုပ်ရမယ့်ကိစ္စတွေ ဟာတွေဖြစ်တယ်။ စစ်ကောင်စီကလုပ်ချင်လို့ရှိရင်တောင် စစ်ဘေးရှောင်အဖွဲ့အစည်းတွေကို ပုဒ်ဖြတ်အနေနဲ့ တတ်နိုင်သလောက် ကူညီပေးရင်ပြီးတဲ့ကိစ္စကို ဒီလောက်အထိဝင်လို့ လုပ်ဖို့မသင့် တော်ဘူး"

ဘုတလင်မှာ ၁၀ရက်အတွင်း ဆက်တိုက်စစ်ကြောင်းထိုးနေလို့ PDF ၅ဦးကျဆုံးပြီး စစ်ကောင်စီဘက်ကလည်း သေဆုံးမှုရှိ

" အ‌ရှေ့ခြမ်းရော အနောက်ခြမ်းရော တောင်ခြမ်းရော အကုန်ပတ်ထိုးနေတာ စစ်ကြောင်း၂ခုက ၊ အခု ၁၀ရက်အတွင်းမှာ လွန်ခဲ့တဲ့ ၅ရက်လောက်ကတပွဲ ၊ ၇ရက်လောက်က တပွဲ ၂ပွဲတော့ ဖြစ်ပြီးပြီ၊ ဒါပေမယ့် ‌လိုကယ်အဖွဲ့တွေကတော့ စစ်ကြောင်းရောက်တဲ့ နေရာတွေကို လှမ်းလှမ်းထုတာတွေရှိတယ်"

စစ်ကောင်စီမီးရှို့ခဲ့တဲ့ ရွာကို PDF က တအိမ်ထောင် ၅သောင်း လှူဒါန်း

" နေထိုင်စရာခက်ခဲနေတဲ့ပြည်သူတွေအတွက် နေစရာရှိအောင်လှူတန်းပေးတာပါ၊ပြည်သူသာလျှင် အဓိက မို့ ပြည်သူ့အခက်အခဲသည် ကျားသစ်နက် ရဲ့ အခက်ခဲဟု ခံယူထားပါတယ်"

ပြည်ခရိုင် ကျောင်းသားသမဂ္ဂဥက္ကဌဟောင်း ကိုဖမ်းပြီး ၅ ရက်ကြာ မိန်းမနဲ့ ၂ နှစ်အရွယ် သားကိုထပ်ဖမ်း

"စိုးမြတ်မင်းကို ဖမ်းသွားတုန်းက ဖမ်းတယ်မဖမ်းဘူးဆိုတာက နှစ်ရက်လောက်ထိမသေချာဖြစ်နေတာ။ ဒီနေ့တော့ သူမိန်းမနဲ့ ကလေးကို မိဘတွေရွာမှာ လာဖမ်းသွားတယ်ဆိုတာ သိရတယ်။ စိုးမြတ်မင်းကိုလည်း ဘယ်မှာထားတယ်ဆိုတာ မသိရသေးဘူး"

ရခိုင်စစ်ရှောင်စခန်းတချို့ မိုးမကျမီ_အရေးပေါ်ပြုပြင်ရန်လိုအပ်နေပြီး စားနပ်ရိက္ခာများလည်း လိုအပ်နေ

"ဒီစခန်းကို ဆောက်တာက ၃နှစ်ရှိပြီ။ လေပြင်းတိုက်ခတ်ခဲ့တဲ့နေ့က၂၀၀ လောက်ပျက်စီးသွားတယ်။ တချို့တဝက်ပျက်စီးသွားတာဆိုရင် ကိုယ့်ဘာသာ ပြုပြင်ပြီးနေကြတယ်။ တဆောင် လုံးပျက်စီးသွားတဲ့ တဲအိမ်တွေကျတော့ မပြုပြင်နိုင်သေးဘူး။ မိုးရာသီလေ့ရောက်တော့မယ်။ ပြန်လို့ပြုပြင်နိုင်ဖို့ ငွေးကြေးအခက်အခဲရှိတယ်။ ကျနော်တို့စခန်းမှာက အခုဆိုရင်အကူအညီတွေ လုံးဝမရဘူး။"

ရခိုင်အခြေစိုက် Narinijara သတင်းဌာနကို ရဲနှင့်စရဖများ လာရောက်စစ်ဆေးခဲ့၍ တိမ်းရှောင်နေရ

"သူတို့ရုံးဟောင်းကိုလာပြီးတော့ ဒီရုံးကလူတွေ ဘယ်ကိုရောက်သွားလဲလို့မေးတယ်လို့ သိရတယ်။ အဲဒီအိမ်မှာက အိမ်ကိုပြုပြင်နေကြတဲ့သူ တွေရှိတယ်။ ရဲတွေကသူတို့ကို ရုံးကလူတွေက ဘယ်ကိုပြောင်းသွားလဲလို့မေးတော့မသိဘူးလို့ပြောလိုက်တယ်လို့ပြောတယ်။ အမှန်လေ ကျွန်မတို့ဘယ်ကိုပြောင်းသွားလဲသူတို့မသိဘူး။ ရဲတွေက စာချုပ်ပြည့်လို့သွားကြတာလားလို့မေးတယ် လို့ပြောတယ်။"

ကျောက်ဆည်မြို့ခံ NLD ပါတီဝင် ၂ ဦးကို သွေးသောက်အဖွဲ့ သတ်ဖြတ်

"မနေ့ညနေ လောက်မှာ သူတို့ ၂ ယောက်ကို အရပ်ဝတ်နဲ့ လက်နက်ကိုင်လူတွေက လာဖမ်းသွားတယ်လို့ သိရတယ်။ အလောင်းတွေကို ဘယ်ချိန်လာပစ်သွားလဲတော့ မသိဘူး။ ဒီမနက်အစောမှာ မန်းလေးလမ်းဟောင်း ကျောက်ဆည်-ပုလိပ်လမ်းဆုံနားမှာ အလောင်းတွေကိုတွေ့တာ။ အလောင်းတွေမှာသွေးသောက်အဖွဲ့ဆိုပြီး လည်ဆွဲကတ်တွေ ချိတ်ထားတယ်လို့ သိရတယ်"

ဘုတလင်နယ်က ရွာကို စစ်ကောင်စီမီးရှို့လို့ အဖွားအိုတဦး မီးလောင်သေဆုံး

" အဲ့ရွာကို စစ်ကောင်စီက ခဏခဏဝင်တယ် တပ်လည်းစွဲတယ်၊ ခုတခါက မီးရှို့သွားတာ၊ အိမ်ခြေ ၄၀ကျော်လောက်ပါသွားတယ်၊ အဖွားကြီးတဦးကလည်း မီးထဲပါပြီးသေသွားတယ်၊ ဘုတလင်မှာ လူအခွင့်ရေးတော်တော်ချိုးဖောက်ခံနေရတယ်"

ရက္ခိုင့်တပ်တော်(AA)စစ်ဦးစီးချုပ်က စစ်ကောင်စီ နပခတိုင်းမှုး ထင်လတ်ဦးကို သတိပေး

ရက္ခိုင့်တပ်တော်(AA)စစ်ဦးစီးချုပ် ဗိုလ်ထွန်းမြတ်နိုင်က မေလ ၆ ရက်နေ့တွင် ၎င်း၏ လူမှုကွန်ရက် Twitter မှတစ်ဆင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်မှူးထင်လတ်ဦးကို သတိပေး ရေးသားထားသည်။

ပြည်မြို့နယ်မှာ သင်းအုပ်ဆရာနဲ့ လူငယ်တဦးပျောက်ဆုံးနေပြီး ဘုရားကျောင်း ၂ခုကို သံသယနဲ့ ဝင်ရောက်ရှာဖွေခံရ

" ကျောက်ကွင်းဘုရားကျောင်းကို ဝင်ရှာတော့ တံခါးတွေကို ရိုက်ဖျက်တယ်လို့ သိရတယ်၊ ပြည်မြို့က ဘုရားကျောင်းကိုကတော့ ဒီတိုင်းပဲ လူဝင်ရှာသွားတာပါ၊ ဖမ်းသွားတာမျိုးတော့ မရှိဘူး"

PDF စခန်းတခုကို ဝင်သိမ်းတဲ့ စစ်အုပ်စုနဲ့ ‌မြောင်တပ်ပေါင်းစုတို့တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုက အကျအဆုံးများနိုင်

" ဗီဒီယိုမှတ်တမ်းတွေအရ ကျနော်တို့တွေ့တာက ၃ယောက်လောက်ပေါ့ ၊ ဒေသခံတွေကင်းထောက်တွေက ပြောတာက ဆယ်ဂဏန်းလောက်ရှိမယ်၊ ဒါပေမယ့် ဒီကောင်တွေ ၁၀၀ကျော်နဲ့ ဝင်လာတာပြန်ထွက်သွားတော့ ၈၀ကျော်လောက်ပဲ ပြန်သွားတာဗျ"

ပြည်မြို့နယ်က CDM အထက်တန်း‌ကျောင်းသားတွေ ဇွန်လမှာ အွန်လိုင်းစနစ်နဲ့ စာသင်နိုင်မယ်

" တနေကုန်သင်တဲ့ ပုံစံနဲ့ သွားမယ်၊ တချိန်ကို ၁နာရီခွဲတဲ့ ၃ချိန်သင်မှာပါ ၊ ကျောင်းသားအရေအတွက်ပေါ်မူတည်ပြီး ( Breakout Room) အခန်းခွဲသင်သွားဖို့ စီစဥ်ထားပါတယ်၊ ကျောင်းအချိန်က အတည်မပြုရသေးလို့ ကျနော်တို့ ပြန်ထုတ်ပြန်သွားပါမယ်"

တောင်ငူမှာ စစ်သား ၈ ဦးသေဆုံးပြီးနောက် ပဲခူးရိုးမပေါ်ကို အရပ်သားကားတွေနဲ့တက်ဖို့ စစ်ကောင်စီပြင်ဆင်နေ

"ဒီနေ့ မနက် ၁၀ နာရီ ၀န်းကျင်လောက်က ရေတာရှည်မြို့နယ်၊ ကြံသနွယ်ကျေးရွာမှာ စကစ က လူစုပြီး အနောက်ရိုးကိုတက်ဖို့ ဒေသခံကားတွေကို ချောလိုက်ဆွဲနေတာတွေရှိတယ်။ စကစ က တောင်ငူခရိုင် အနောက်ရိုးမကို နယ်မြေရှင်းလင်းရေးပုံစံ လုပ်နေတာ ဆိုတော့ အားလုံးက ဆက်စပ်နေပါတယ်"

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညပု၏ သမီးဖြစ်သူ ဖမ်းဆီးခံရပြီး မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်နေ

"ညီမရဲ့ အမှုအခြေအနေလည်း မပြောတတ်တော့ဘူး။ ရုံးချိန်းလည်း မသိဘူး။ လောလောဆယ် အဆက်အသွယ် ပြတ်နေပါတယ်။ ရှေ့နေကလည်း သူနဲ့မတွေ့ရဘူး။ မိသားစုတွေက အရမ်းတွေ့ချင်တာပေါ့။ အခုလေ သူမကို သာယာဝတီကို ရွေ့တယ်လို့သတင်းရတယ်။ အခုချိန်ထိ အဆက်အသွယ်မရသေးဘူး။ သူမနဲ့ပတ်သက်လို့ စိတ်မကောင်းရုံကလွဲလို့ ဘာမှမပြောချင်တော့ဘူး"

တောင်ငူမြို့နယ် ပဲခူးရိုးမအတွင်းက စစ်ဘေးရှောင်များ စားစရာပြတ်လပ်နေ

"မြာတရွာထဲကဘဲ လူ ၂၀၀ ကျော်။ ဒီတိုင်းထွက် ပြေးလာရတာဆိုတော့ ဘာမှမပါလာဘူး။ စားဖို့တောင်ခက်ခဲနေတယ်။ လောဆယ်အခြေခံစာကုန်လေးတွေ ဆန်၊ဆီ၊ဆား ဒါမျိုးတွေလိုအပ်နေတယ်။ တခြားလိုအပ်တာတွေလည်းအများကြီးပေါ့"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10