သတင်းတို

ရခိုင်လူငယ်အဖွဲ့အစည်း ၂၀ ကျော်ကန့်ကွက်ရှုံ့ချခဲ့သော်လည်း စစ်ကောင်စီဖိတ်ခေါ်မှု ALP တက်ရောက်

“သူတို့အဖွဲ့တက်ရင်လည်း ဘာမှထူးလာမှာ မဟုတ်ဘူး။ ကျွန်တော်တို့ကတော့ ပြောသင့်တာကိုပြောခဲ့ပြီးပဲ။ သူတို့က ရခိုင်လူထုကို ကိုယ်စားပြုတဲ့အဖွဲ့မဟုတ်ဘူး။ ရခိုင်တွေမှာက ရက္ခိတလမ်းစဥ် ရှိနေပြီးသားဖြစ်တယ်။”

PDF တွေအလင်းဝင်လို့ရတယ်လို့ ထုတ်ပြန်အပြီးမှာ ငဖဲ PDF တွေ အလင်းဝင်လာတယ်လို့ ဝါဒဖြန့်

" စစ်ကောင်စီက ဝါဒဖြန့်ချိတဲ့ ပုံစံမျိုးနဲ့ လုပ်ဆောင်တာ ဖြစ်ပါတယ်၊ ဘယ်လိုလူမျိုးတွေလဲ ဆိုတော့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ မတ်လ တွေမှာ ဆန္ဒပြပြီးတော့ ဖမ်းခံရမှာ ကြောက်လို့ တမြို့တရွာတွေမှာ ‌ရှောင်နေတဲ့ သူတွေ၊ သူတို့ကိုယ် သူတို့ အိမ်ပြန်လာချင်တဲ့ အချိန်မှာ စစ်ကောင်စီဆီမှာ ခံဝန်ထိုးပြီးတော့မှ လာတဲ့ လူငယ်တွေ ဖြစ်ပါတယ်၊ ငဖဲမြို့နယ် အတွင်းမှာ လှုပ်ရှားဆောင်ရွက်နေတဲ့ PDF တပ်ဖွဲ့ဝင်တွေ တယောက်မှ မပါဘူးဆိုတာ ခိုင်ခိုင်မာမာ ပြောနိုင်ပါတယ်ခင်ဗျာ"

လက်နက်ချအလင်းဝင်ဖို့ ပြောဆိုလာတဲ့ စစ်ကောင်စီကို PDF တွေ ဘယ်လိုတုံ့ပြန်ထားလဲ

" ဒါပေမယ့် စစ်ကောင်စီအုပ်စုက မသိတဲ့ ကိစ္စက သူတို့က လှုပ်ရှားမှု တခုခုပြလိုက်တိုင်း၊ ပြည်သူလူထုက စည်းလုံးသွားတယ်၊ ပိုပြီးညီညွတ်သွားတယ်၊ အရင်ကျဆင်းနေတဲ့ စိတ်ဓါတ်တွေတောင် ပြန်ပြီးတက်လာတယ်ပေါ့နော်၊ ဒီအနေထားကို သူတို့တွေ မသုံးသပ်မိကြဘူး"

ပြည်မြို့မှာ ကျောင်းစောင့်ဝန်ထမ်းလာလျှောက်သူကို စစ်ဝတ်စုံဝတ်ကာ ကျည်မပါတဲ့ သေနတ်နဲ့ လုံခြုံရေးယူခိုင်း

တလ ၃သိန်းနဲ့ ကျောင်းစောင့်လုပ်ရမယ်ဆိုတဲ့ အချက်နဲ့ ဝန်ထမ်းခေါ်ခဲ့တာကြောင့် အလုပ်လျှောက်ခဲ့ပြီး အလုပ်ဝင်ဝင်ချင်းမှာပဲ ယူနီးဖောင်းဝတ်ခိုင်းပြီး ပြည်မြို့ အမှတ် ၅ ကျောင်း အလယ်ပေါက်မှာ လုံခြုံရေးဂိတ်စောင့် လုပ်နေရတာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

နားကပ်ထက် သေနတ်က အရေးကြီးပါတယ် (Photo News )

" ပြည်သူတွေက နားကပ်ထက်သေနတ်က အရေးကြီးတယ်လို့ သူတို့ခံယူလို့ လှူဒါန်းတယ်လို့ကျနော်မြင်တယ်၊ ပြည်သူတွေကမိမိတိုအထွဋ်အမြတ်ထားတဲ့ နားကွင်းတွေ နားကပ်တွေကိုတောင်မှ ချွတ်ပြီးတော့လှူတယ်ဆိုတာဟာ ကျနော်တို့ပြည်သူ့ကာကွယ်ရေးတပ်တွေအတွက် အင်မတန်မှ အားတတ်ရပါတယ်၊ကျနော်တို့ပြည်သူ့ကာကွယ်ရေးလုပ်တဲ့လုပ်ငန်းတွေမှာ အကျိုးရှိမဲ့နေရာမှာ သုံးသွားမှာပါ"

အမ်းမြို့က ရပ်ကွက်တခုမှာ ကျူးကျော်ဆိုပြီး နေအိမ် ၁၀ လုံးကျော်ကို စစ်ကောင်စီ ဖြိုဖျက်ခိုင်း

“ကျွန်မတို့ အခုတော့မဖြိုရသေးဘူး။ သွားစရာနေရာမရှိလို့။ လျော်ကြေးပေးရမယ်။ လျော်ကြေးပေးမှဖြိုဖျက်လို့ ရမှာ။ ဒီနေရာကထွက်သွား ရရင် ကျွန်မတို့မှာနေစရာနေရာတွေမရှိတော့ဘူး။ မိုးရာသီလည်းဖြစ်နေပြီ။ မဖြိုပေးရင်လည်းသူတို့က ပြဿနာ ရှာဦးမှာ။ကြောက်လန့်လို့နေနေရတယ်။”

မီးရှို့ခံရတဲ့ ရွာတွေက တော်လှန်ရေးအတွက် မြိုင် PDF ကို ရွှေငွေများလှူဒါန်း

"စစ်တပ်ကမီးရှို့တဲ့ရွာတွေက ဒေသခံပြည်သူတွေက စိတ်ဓါတ်ပြင်းပြတယ်၊ကျနော်တို့နဲ့လည်းပူးပေါင်းတယ်၊သူတို့ကလည်း နားကပ်တွေချွပ်လှူတယ်၊ကျနော်တို့ကလည်းဝါး၊သစ်၊မျှောတွေပြန်ပို့ပေးတယ်၊လက်နက်ဝယ်ဖို့အတွက် ဒေသခံပြည်သူတွေက ရွှေ၊ငွေအကုန်လှူကြတယ်"

မုံရွာထောင်မှာ နိုင်ငံရေးအကျဥ်းသားတွေ ခြေကျဉ်းခတ်ပြီး ရုံးထုတ်ခံနေရ

" သံခြေကျဉ်းခတ်တယ်ဆိုတာ ရာဇဝတ်သားတွေ၊ ထောင်တွင်းပြစ်ဒဏ်ကျူးလွန်သူတွေကိုသာ ခတ်တာ၊ ပြီးခဲ့တဲ့ရက်က ချောင်းဦးမြို့နယ် သပိတ်ခေါင်းဆောင်ကို ခြေကျဉ်းခတ်တယ်၊ ဒါတွေမဖြစ်သင့်ဘူး၊ ဝန်ထမ်းတွေအပေါ် အကျဉ်းသားတွေ အမြင်စောင်းအောင် လုပ်နေသလိုပဲ "

ပြည်ခရိုင်မှာ စိုက်ဘဏ်ချေးငွေအပြင် ကိုဗစ်ချေးငွေများကို ခြိမ်းခြောက်တောင်းနေလို့ ငွေတိုးချေးဆပ်နေရ

"ဆပ်ကြတဲ့သူတွေလည်းရှိပါတယ်။ မဆပ်နိုင်သူတွေလည်းများပါတယ်။ ကိုဗစ်ချေးငွေကအတိုးမရှိကြားထားတာ။ ခုကျတော့အဲ့ငွေလည်းအတိုးနဲ့ပါပဲ။ အတိုးတော့မများပါဘူး ဒါပေမယ့်စိုက်ဘဏ်တွေက ဒဏ်တိုးပါလာပါပြီ တောင်သူတွေကဘေးမှာအတိုးယူပြီး ပေးဆပ်နေကြရတာပါပဲ"

အောင်လံမှာ စာသင်ကျောင်းထဲဗုံးတွေ့ကိစ္စ ဖုံးဖိထားလို့ လူစုလူဝေးဖြစ်ကာ ကျောင်းတက်ရောက်သူနည်းပါး

"စာသင်ကျောင်းထဲ ဗုံးတွေ့တယ်ဆိုတာ ရပ်ကွက်က လူတွေကတဆင့်တဆင့်ကြားပြီး သူတို့ကလေးတွေရှိတော့စိတ်ပူပြီး ကျောင်းရှေ့ကိုသွားကြတာ။ ကျောင်းရှေ့ရောက်တော့ ဗုံးမဟုတ်ဘူ ဘာညာနဲ့ စစ်ကောင်စီကလူတွေနဲ့ ကျောင်းကလူတွေပြောတာ။ ရပ်ကွက်ကတော့ မကျေနပ်ဘူး။ ကျောင်းရှေ့မှာရုတ် ရုတ်သဲသဲတွေတော့ဖြစ်သွားသေးတယ်"

စစ်ကောင်စီတပ်က အရပ်သား ၇ ဦးကိုပြေးခိုင်းပြီးသေနတ်နဲ့ပစ်သတ်၊ ဓါးစာခံ ၁၁ ဦးအားဖမ်း‌ဆီးသွား

"ဓါးစာခံတွေဖမ်းခေါ်သွားတယ်၊ သူတို့ထွက်သွားပြီးလားဆိုပြီး ကျနော်တို့ကံပြားအထိအောင် ဒရုန်းနဲ့လိုက်ကြည့်တယ်၊ သူတို့ဖမ်းသွားတဲ့ ဓါးစာခံတယောက်ပြန်တွေ့တယ်၊ ပြန်ခေါ်လာတယ်၊ သူ့နားလည်းဓါးနဲ့ဖြတ်ထားတယ်၊မျက်နှာကြီးကပျားတုပ်ထားသလိုပဲ တအားရိုက်နှက်ထားတာ၊ သူကတော့အသက်ရှင်လျက်ပြန်လွတ်လာတယ်၊ ၁၁ ယောက်ကတော့ ဓါးစာခံအဖြစ်ခေါ်သွားတယ်၊ ရွာသူရွာသား ၇ ယောက်ကိုရှေ့ကပြေးခိုင်းပြီး သေနတ်နဲ့သတ်ကြတယ်၊"

စစ်ကောင်စီတပ်သားတွေက ကားသမားတွေကို နေ့တိုင်း ဘီယာဝယ်တိုက်ခိုင်းနေတာကြောင့် စိတ်အနှောက်အယှက်ဖြစ်နေ

“စစ်သားတွေက တယောက်က မိုင်တဲဘေကဒ်တောင်းလိုက်၊ နောက်တယောက်က ဘီယာတွေ၊ ဆေးလိပ်တွေ သူတို့လိုအပ်တာတွေကို နေ့တိုင်းလိုက်တောင်းနေတာဗျ။ အဲဒီလိုနေ့တိုင်းနေ့တိုင်းကျ‌တော့ ကျနော်တို့လည်း မဝယ်ပေးနိုင်တော့ဘူး‌လေ။ ကျနော်တို့မှာက တခါတလေ ဆီဖိုးတောင် မနည်း လိုက်ရှာနေရတာ။ ပွင့်ပွင့်လင်းလင်းပြောရရင် နေ့တိုင်းစိတ်ညစ်ရတယ်။သူတို့မှာတာတွေမပါလာဘူးဆိုရင် ဂိတ်မှာအကြာကြီး ထားတာတွေကို လုပ်သေးတယ်။ ကျနော်တို့လည်း မခံစားနိုင်လို့သတင်းဌာနတွေကို ပြောပြရတာ။”

ဖမ်းဆီးခံရပြီး ပြန်လွတ်လာသူ ၂၄နာရီ မပြည့်ခင် စစ်ကောင်စီပြန်ဖမ်း

"ဦးဇော်လွင်ကို စဖမ်းတာက ဇွန်လ ၄ ရက်နေ့ညနေက ၅ရက်နေ့ နေ့လယ်လောက်မှာ ပြန်လွှတ်ပေးတယ် ၆ ရက်နေ့မနက်ရောက်တော့ ပြန်ဖမ်းတာပဲ အဲဒီမနက်က သူ့ကို ရဲစခန်းက ခေါ်တယ်လို့ ​ပြောတယ် ဘာနဲ့ခေါ်တာလည်းတော့မသိဘူး နေ့လယ်လောက်ရောက်တော့ ဦးဇော်လွင်ကို ပြန်ဖမ်းထားတယ်ဆိုပြီး ကြားရတော့တာပဲ ပြည်က ဒကစ ဆီကိုခေါ်သွားတယ်ပြောတယ်"

မင်းဘူး(စကု) မြို့နယ် ဗကသ အလုပ်အမှုအဆောင် ၂ဦး ထောင် ၃နှစ်စီအမိန့်ချခံရ

" ကျန်တဲ့လူတွေကတော့ ရှောင်တိမ်းနိုင်လိုက်တယ်၊ သူတို့ကိုဖမ်းပြီးတော့မှ ၅၀၅ တွေနဲ့တရားစွဲတယ်၊စွဲပြီးတော့ ၇ လလောက်အချိန်ယူပြီးစစ်တယ်၊ စစ်ပြီးတော့မှ ဒီနေ့ဇွန်လ ၆ ရက်နေ့မှာ ထောင်ဒဏ် ၃ နှစ်စီအပြီးသပ်အမိန့်ချလိုက်တယ်"

လေတပ်ကစစ်သားကို ထိုးကြိတ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးထားပြီး တာဝန်မှူးနဲ့ စခန်းမှူးကို စုံခုံဖွဲ့စစ်ဆေးနေ

"စခန်းတခုလုံးတော့မဟုတ်ဘူးလို့သိရတယ်။ အဲ့ဒီနေ့က တပ်ကလူကိုဝိုင်းထိုးတဲ့ထဲမှာပါတဲ့ သူတွေတော့ အချုပ်ကျနေတယ်။ စခန်းမှူးနဲ့အဲ့ဒီနေ့က တာဝန်ကျတာဝန်မှူးနဲ့ကိုတော့ ဗီဒီယိုဖိုင်ရိုက်တဲ့ကိစ္စနဲ့ စခန်းထဲရန်ဖြစ်တာကြောင့် အုပ်ချုပ်မှုလျော့နည်းဖြစ်စဥ်နဲ့ စုံ/ခုံ (စုံစမ်းစစ်ဆေးရေးခုံရုံး) ဖွဲ့ထားတယ်။ စုံ/ခုံပြီးလို့ သက်/ချုပ်(သက်သေခံအကျဥ်းချုပ်) ထွက်လာမှ သူတို့ကိုဖမ်းချုပ်သင့်/မသင့်ဆိုတာမျိုး ဆက်သွားမှာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10