သတင်းတို

ပြည်မြို့နယ်တွင် ယခုနှစ်မှကျောင်းပြန်အပ်သူများကို ပညာရေးမှူးရုံးနှင့်ဘဏ်တွင် ဒဏ်ငွေများသွင်းခိုင်း

"ကလေးတွေကို အလယ်တန်းအဆင့်ပဲရှိတဲ့ကျောင်းကနေ အထက်တန်းအဆင့်ကျောင်းကိုပြောင်းဖို့ ကျောင်းပြောင်းလက်မှတ်တောင်းတာကို မနှစ်က ကျောင်းမအပ်လို့ဆိုပြီး ဒဏ်ငွေဆောင်ခိုင်းတယ်။ ဘဏ်ကိုလည်းသွားရတယ် သွင်းရတဲ့ငွေက မများပေမယ့် ဒဏ်ကြေးဆောင်ရတဲ့သူတွေ အများကြီးတွေ့တယ်။ သက်သက်မဲ့ ဒီနှစ်မှကျောင်းပြန်အပ်ရကောင်းလားဆိုပြီး နှိပ်ကွပ်တာ"

ရခိုင်တွင် မိုင်းပေါက်ကွဲမှုဖြစ်၍ သက်ကြီးအမျိုးသမီးတဦး သေဆုံး

“အခုတော့အလောင်းကို ကျောက်တော်ဆေးရုံ ရင်ခွဲရုံကိုပို့လိုက်တယ်။ သူ့ကို ရွာကနေ ကျောက်တော်ဆေးရုံကို ယူလာတဲ့အချိန်မှာ သွေးထွက်လွန်ပြီးတော့ သေသွားတာပါ၊”

AA ကိုရိက္ခာကောက်ပေးသည်ဟုဆိုကာ ကျောက်ဖြူမြို့ခံ ၂ ဦးဖမ်းဆီးခံရ

"သူတို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀(က)နဲ့ ကျောက်ဖြူမြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ ဒီနေ့တော့ သူတို့ကို စတင်စစ်ဆေးပါတယ်။ ပြီးတော့သူတို့ကို ကျောက်ဖြူအကျဉ်းထောင်ကို ပို့လိုက်ကြတယ်"

ရိတ်သိမ်းဆဲ နွေစပါးထွက်နှုန်းကျပြီးလယ်သမားတွေ တွက်ချေမကိုက်

"ဘက်စုံစျေးကြီးနေတယ် မြေသြဇာအိတ်စျေးက ၃ ဆတက်တယ် ဓါတ်ဆားတအိတ်ကို ၉၅၀၀၀ ကျော် ဝယ်ရတယ် အဲတော့ စပါးခင်းက လိုအပ်တဲ့ အာဟာရ အပြည့်မပေးနိုင်ဘူး လျှော့သုံးတယ် အခုနှစ် နွေစပါး တင်း၆၀ လောက်ပဲ ထွက်တယ် အရင်နှစ်တွေကဆို အောက်ထစ် ၈၀ ထွက်တယ်"

ပဲခူးတိုင်းမှာ နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေးပထမဆုံးစတင်

" ပဲခူးတိုင်းမှာလာလုပ်တာတော့မဟုတ်ဘူးဗျ။ နန်းထိုက်အောင်စစ်ဆင်ရေးအမည်နဲ့ ပဲခူးတိုင်းကော ရန်ကုန်တိုင်းမှာပါ ဆောင်ရွက်မှာပါ၊ ရန်ကုန်က အရင် စသုံးဖြစ်တာပါ၊ ပဲခူးတိုင်းမှာ နန်းထိုက်အောင်စစ်ဆင်ရေးကို ပဲခူးတိုင်း PDF တပ်ရင်းအကုန်က အရှိန်မြှင့်ပြီးဆောင်ရွက်သွားဖို့ရှိပါတယ်"

မိုးသက်လေပြင်းကြောင့် ရခိုင်တွင် ငါးဖမ်းဘုတ် ၁၉ စီးနစ်မြုပ်

ကျွန်းသာယာကျေးရွာမှ ငါးဖမ်းဘုတ် ၈ စီး၊ ဝိုင်းကျေးရွာမှ ၂ စီးနှင့် ငပသုန်ကျေးရွာမှ ၈ စီး၊ ကျောက်ဖြူမြို့သို့ ခရီးသည်များပြေးဆွဲနေသည့် လိုင်းဘုတ် ၁ စီးလည်း ကျောက်ဆောင်ကိုတိုက်မိကာ နစ်မြုပ်သွားခဲ့သည်။

PDF ရဲဘော်တဦး ကျဆုံးပြီး ပြည်သူ ၂ ဦး ဒဏ်ရာရခဲ့တဲ့ ဒီပဲယင်းက ၂ ရက်တာ တိုက်ပွဲ

" ၁၈နဲ့ ၁၉ ၂ရက် တိုက်ပွဲဖြစ်တာပေါ့ ပထမနေ့တိုက်ပွဲမှာ သူတို့ဘက်က ကျတာလည်း မသိရသလို ကျနော်တို့ ဘက်ကလည်း အထိခိုက်မရှိပြန်ဆုတ်နိုင်ခဲ့တယ်၊ ပြောက်ကျားပုံစံမျိုးပဲ ကျနော်တို့က ဝင်ပစ်လိုက် သူတို့ဘက်က ပြန်ပစ်လိုက်ပေါ့ ၊ ၁၉ရက်နေ့ အပြန်အလှန်ပစ်တဲ့ အချိန်မှာ ကျနော်တို့ဘက်က ရဲဘော်တဦးတော့ ကျဆုံးသွားတယ်"

မကွေးမှာ Denko ဆီဆိုင်ကလွဲပြီး ဆီဆိုင်အားလုံးနီးပါးဆီပြတ်နေ

"ဒီမနက် မကွေးမှာ Denko တဆိုင်ဘဲဝယ်လို့ရတော့တယ်။ ကျန်တဲ့ဆိုင်တွေက ပိတ်ထားတာတော့ မဟုတ်ဘူး။ ဖွင့်တယ်ရောင်းဖို့ဆီမရှိဘူး။ ဆိုင်ကယ်တွေတောင် မရောင်းပေးနိုင်ဘူး။ မကွေးမှာက Denko က ၂ ဆိုင်ဘဲရှိတာ တမြို့လုံးအဲ့ဒီမှာထည့်နေရတော့ အဆင်မပြေဘူး"

ပြည်က KTV မှာ ရဲပျောက်သွားတဲ့ သေနတ်ကိစ္စ စွတ်စွဲခံရတဲ့ဝိတ်တာ စစ်ဆေးနေစဉ် သေဆုံးဟုဆို

"Spider KTV က သေနတ်ခိုးတဲ့ Waiter လေးကို မနေ့က (မေ ၁၈) မိသွားပြီး၊ အမှတ် ၂ ရဲစခန်းမှာ နှိပ်စက်ခံရလို့ ဒီနေ့(မေ၁၉) သေသွားပြီ၊ နာမည်က ဝေယံစိုး တော်တော်ငယ်သးတယ်၊ သေနတ်က ရှာမတွေ့သေး။ သေနတ်ဘယ်မှာထားလဲစစ်ရင်း လက်လွန်သွားတာ"

ပေါင်းတည်မှာ အမျိုးသားတဦး ဖမ်းဆီးခံရပြီး ၂၄နာရီမပြည့်ခင်သေဆုံး

"ကိုမင်းမင်း ဖုန်းကို စစ်တယ် ဖုန်းထဲမှာ ဘာမှ မတွေ့ဘူး မတွေ့တော့ လူကိုစစ်မယ် ဆိုပြီးခေါ်သွားတာ ညက ၈နာရီလောက်အထိ အကောင်း ခုမနက်မှ သေပြီလို့ သိရတာ"

ဒုရဲအုပ်တဦး KTV မှာ သေနတ် ‌အပါအဝင် ဖုန်းနဲ့ ‌ပိုက်ဆံတွေ ပျောက်ဆုံး

" ၁၆ရက် မနက် ၅နာရီလောက်မှာ ပစ္စည်းတွေပါသွားတာ၊ Confirm ဖြစ်တယ်၊ အခု KTV က ဂျာကြီးနဲ့ ဝန်ထမ်းတွေကို ခေါ်စစ်နေတယ်လို့ သိရတယ်"

ပညာရှင်နဲ့ ပညာတတ်တွေကို ကြိုးဆွဲရာကခိုင်းဖို့ စစ်ကောင်စီက CDM တွေကိုပြန်ခေါ်နေတာလို့ဆို

" အာဏာကိုမစွန့်လွှတ်ဘဲ၊ အမျိုးမျိုးနဲ့ပညာရှင်၊ပညာတတ်တွေကို၊ ချိုးနှိမ်ပြီးကြိုးဆွဲရာကခိုင်းချင်နေတာ ရွံမုန်းစရာပဲ၊ သူတို့ရူးတိုင်းသာလိုက်ရူးရရင်၊ လူမဖြစ်တာကမှကောင်းအုံးမယ်၊ အမိန့်စာထုတ်နေတဲ့သူတွေကပညာရေးကိုနတစ်လုံးကန်းမှနားလည်တာမှမဟုတ်တာ၊ သူတို့ခိုင်းတာလုပ်နေရင် လူဖြစ်ရှုံးရုံပဲရှိမယ်"

ရခိုင်စစ်ဘေးရှောင်စခန်းမှ လူငယ် ၃ ဦးကို စစ်ကောင်စီဖမ်းဆီး

"သူတို့ကိစ္စရှိတယ်ဆိုပြီးတော့ မနေ့က ၁၂ နာရီလောက်မှာ ပုဏ္ဏားကျွန်းကို ဆိုင်ကယ်နဲ့သွားခဲ့တယ်။ ဆိုင်ကယ်တစ်စီးမှာ လူသုံးယောက်စီးလို့ပေါ့။ ၄ နာရီလောက်မှာတော့ ကျွန်တော့်ညီက ဖုန်းဆက်လာတယ်။ အစ်ကိုကြီး ကျွန်တော်တို့ကို ဖမ်းသွားပြီလို့။ စကားက အဲဒီတစ်ခွန်းပဲပြောလိုက်ရတယ်။ အခုချိန်ထိ လုံးဝအဆက်အသွယ်မရသေးဘူး။ ဘာကြောင့်ဖမ်းသွားလည်း မသိရဘူး၊"

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးပွဲသို့ တက်ရောက်မည့် ALP ကန့်ကွက်ရှုံ့ချခံရ

"ALPနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ရင်လည်း ကျနော်တို့ပြည်သူတွေ ထောက်ခံထားတဲ့အဖွဲ့ မဟုတ်ရင် ဒီဟာကဘာမှ အရာရောက်မှာမဟုတ်ဘူး။ ကျနော်တို့မှာက ရက္ခိတလမ်းစဉ်ရှိပြီးသားဖြစ်တယ်။ အမှန်တစ်ကယ် ငြိမ်းချမ်းရေးက ပြည်သူတွေထောက်ခံတဲ့အဖွဲ့နဲ့ ဆွေးနွေးမှဘဲရမှာဖြစ်တယ်။"

ပုလဲမြို့နယ်၊ ချောင်းဦးရွာကို စစ်တပ်က ဒုတိယအကြိမ်မီးရှို့လို့ ရွာလုံးကျွတ်မီးလောင်ပြာကျ

“ဇီးဖြူကုန်းရွာမှာ တပ်စွဲထားတဲ့အဖွဲ့က ချောင်းဦးရွာဘက်ကို စစ်ကြောင်းထိုးလာတာ၊ ထိတွေ့မှုအနည်းငယ်ဖြစ်တယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေ ပြန်အဆုတ် ရွာကိုမီးတင်ရှို့တာ၊ အရင်တခါလည်းရှို့ခံထားရတာ၊ ခုလက်ကျန်အိမ်တွေကိုရှို့တာ၊ မီးမငြှိမ်းနိုင်ဘူး။ အကုန်လောင်ပြီး သူ့ဘာသာငြိမ်းသွားတာ။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10