စစ်ကိုင်းတိုင်းရှိ မြို့နယ် ၃ ခုက ရွာတွေကို စစ်တပ်က ဆက်တိုက် မီးရှို့၊ ဒေသခံတချို့ကိုပါ ဖမ်းဆီးသတ်ဖြတ်
"ညောင်ပင်ရွာက စိတ်မနှံ့တဲ့အမျိုးသမီးတယောက်နဲ့ အမျိုးသားတယောက် အသတ်ခံထားရတယ်။ အဲ့ဒီရွာမှာ လေးယောက်အသတ်ခံရတယ်လို့ ကြားတယ်။ ဘေးရွာတွေရောဆို အသတ်ခံရတဲ့သူတွေတော်တော်များတယ်။ အတိအကျမသိရဘူး။ အသတ်ခံရတဲ့သူအများစုက စိတ်မနှံ့တဲ့သူတွေ"