ရုပ်သံ

ပခုံးထမ်းလောင်ချာထက် ၅ ဆပြင်းတဲ့ လောင်ချာကို Myingyan Black Tiger ထုတ်လုပ်နိုင်ခဲ့ (ရုပ်/သံ)

"အဲဒီ လက်နက်ကြီးဟာ ရှေ့ထွက်လောင်ချာတွေလို တခါပစ်ပြီး ပစ်လို့မရတဲ့အမျိုးအစား မဟုတ်ဘူး။ ဒီလက်နက်ကြီးနဲ့ပစ်လိုက်လို့ ကျသွားတဲ့ကျည်က မိုင်ဝက်အတွင်း ရှိတဲ့သူ မလွတ်နိုင်ဘူး။ လက်နက်ကြီးရဲ့ ဖရိန်ဖိုးတွေကောဆို ၇ သိန်းခွဲလောက်ရှိပြီး ထည့်ပစ်ရတဲ့ကျည်နဲ့ ယမ်းကော ဆက်စပ်ပစ္စည်းတွေကောဆိုရင် ၃ သောင်းဝန်းကျင် ရှိတယ်"

ရှေ့တန်းတနေရာမှာ ကျင်းပတဲ့ တမူး တပ်ရင်း ၄ အပတ်စဉ် ၁၅ သင်တန်းဆင်းပွဲ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အခြေစိုက် တပ်ရင်း ၁ ခုဖြစ်တဲ့ တမူးပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-‌၄ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲကို ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့က ကျင်းပခဲ့တယ်

စစ်ကိုင်းမှာ စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် အရပ်သား ဖိနှိပ်ခံရမှု အမျိုးသမီးတွေ ပိုများလာ (ရုပ်/သံ)

စစ်ကောင်စီက စစ်ကိုင်းတိုင်းထဲကို ၂၀၂၃ နှစ်စပိုင်းကစပြီး စစ်ကြောင်းတွေ ပိုထိုးတာလာကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ရေးတင်းမာနေတာလည်း ဖြစ်ပါတယ်။ တိုက်ပွဲတွေ ပိုပြီးဖြစ်လာမှာကိုလည်း ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြတာပါ။ အရင်က အဲဒီနယ်တွေမှာ လူထုသပိတ်စစ်ကြောင်းတွေ၊ တော်လှန်ရေးလူပ်ရှားမှုတွေ အားကောင်းခဲ့ပေမယ့် စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် စစ်ကောင်စီ တပ်ဆွဲထားတဲ့နယ်မြေတွေမှာ လူထုပါဝင်လာမှု သိသိသာသာ အားလျှော့လာနေတယ်

မြင်းခြံ ခမရ ၁၅ အဝင်ဂိတ် RPG နဲ့ ပစ်ခံရလို့ စစ်သား ၂ ဦးသေဆုံး (ရုပ်/သံ)

အဲ့ဒီဂိတ်မှာ စစ်သားအစောင့် ၅ယောက် ဝန်းကျင်လောက်ရှိနေတဲ့အချိန်မှာ RPG နဲ့ တချက်ပစ်ပြီး မောင်းပြန်နဲ့ ပစ်ခတ်ခဲ့တာ

သောက်ရေလာခပ်တဲ့ စစ်သားတွေရဲ့ ရေစည်တင်နွားလှည်း ဒရုန်းနဲ့ တိုက်ခိုက်ခံရ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ထပေါက်ကုန်းကျေးရွာ သောက်ရေကန်ကနေ ရေစည်တိုက်ပြီးပြန်လာတဲ့ စစ်အုပ်စုမောင်းနှင်လာတဲ့ ရေစည်နွားလှည်းကို သောက်ရေကန်အနီးမှာ Drone နဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်

စစ်ကောင်စီတပ်က ချပ်သင်းက နေအိမ်တွေ မွှေနှောက်ပြီး ပစ္စည်းတွေ ခိုးယူနေ (ရုပ်/သံ)

"အရင်ကတော့ သူတို့အင်အားနည်းတော့ ကင်းလှည့်ပြန်ဝင်တာလောက်ဘဲရှိတယ်။ ပြီးခဲ့တဲ့ရက်က ချပ်ကြီးပျူစခန်းတိုက်ခံရပြီးနောက် သူတို့အင်အားများလာတော့ ပိုဆိုးလာတယ်။ အိမ်တွေဝင် ပစ္စည်းတွေ ယူတော့တာဘဲ။ စစ်ကြောင်းလိုက်ထိုးပြီး ပစ္စည်းတွေယူတယ်။ ရွာတွေကိုဝင်ချိန် လက်နက်ကြီးတွေပစ်တယ်။ ရွာသားတွေ ထွက်ပြေးရင် ရှိတာအကုန်ယူတယ်။ ဝက်တွေကြက်တွေက အစ သတ်ဖြတ်ချက်စားပြီး ထားခဲ့တာ။ ပြီးရင် ချပ်သင်းမှာ လာပြန်နေတာ"

အိမ်လွမ်းနေတဲ့ ရဲဘော်တွေကို သင်္ကြန်သီချင်းနဲ့ ကပြခဲ့တဲ့ PDF ရဲဘော် (ရုပ်/သံ)

"အခုလို လုပ်တာက ရဲဘော်တွေကို ခဏတာ ပျော်ရွင်စေဖို့ အတွက်ပါ။ ကျနော် မကတတ်ပေမဲ့လည်း စိတ်ညစ်တဲ့အခါမျိုးတွေမှာ ဒီလိုကြံကြံဖန်ဖန် ပျော်အောင်နေရတယ်”

ပြည်သူတွေပျော်ရတဲ့ PDF ရံပုံငွေ မဲဖောက်ပွဲ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အခြေစိုက်တဲ့ စစ်ကိုင်းခရိုင်တပ်ရင်း ၂ - Myaung Union Army- 003 ရဲ့ "အညာမြေမှာစစ်ခွေးမောင်း ပြည်သူ့အားနဲ့အတူပူးပေါင်း" ကမ်ပိန်း ကံစမ်းမဲဖေါက်တဲ့ အစီအစဥ်ကို မတ်လ ၆ ရက်မနေ့က ဒေသခံပြည်သူတွေနဲ့အတူ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်

ဒဏ်ရာရရဲဘော်တွေနဲ့ ဒေသခံအချို့အတွက် ကိုယ်ထူကိုယ်ထ ဆေးခန်းဖွင့်လှစ် (ရုပ်/သံ)

ရှေ့တန်းမှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေ ဒဏ်ရာရရင် သွေးထွက်လွန်ပြီး သေဆုံးတာတွေများလို့ အဓိကထားဖွင့်တာ ဖြစ်ပေမယ့် အဲ့ဒီနယ်က ဒေသခံတွေလည်း အခမဲ့နီးပါး ဆေးကုသနိုင်မှာ ဖြစ်တယ်

အတိုးနှုန်းမြင့် ချေးငွေသံသရာထဲက ပြည်သူ့ဘဝ ဘယ်လိုကုစားကြမလဲ" (ရုပ်/သံ)

မြန်မာနိုင်ငံရဲ့မြင့်မားတဲ့ အတိုးနှုန်းတွေကြားက ချေးငွေခေါင်းစဉ်အမျိုးမျိုးအောက်မှာ ပြည်သူလူထုအားလုံးရဲ့ စီးပွါးရေးတွေဟာ နလံမထူကြတော့ပါဘူး

ပျူရွာရဲ့ ရိက္ခာလမ်းကြောင်း ကြားဖြတ်တိုက်ခံရလို့ ရိက္ခာနဲ့ လက်နက်အချို့သိမ်းခံရ( ရုပ်/သံ)

ကန်နီရွာ ပျူစောထီးနဲ့စစ်‌သား‌တွေက မြိုင်မြို့ပေါ်ကနေ ဖောကား ၂ စီး အင်အား ၁၀၀ ကျော်နဲ့ ရိက္ခာသယ်ပြီးပြန်လာတာမှာ မိုင်းဆွဲပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ခဲ့တာလို့ ဆိုပါတယ်။

ပွင့်ဖြူ-ပကဖ က ၂ မိုင်ထိ ပစ်လို့ရတဲ့ ၆၀ မမ လက်နက်ကြီး ထုတ်လုပ်အောင်မြင် (ရုပ်/သံ)

မကွေးတိုင်း မင်းဘူးမြို့နယ်အတွင်း အခြေစိုက်ပြီး မြေလတ်ဒေသတလျှောက် စစ်ကောင်စီကို တော်လှန်နေတဲ့ ပွင့်ဖြူ-ပကဖ အဖွဲ့က အကွာအဝေး ၂ မိုင်အထိ ပစ်လို့ရတဲ့ ၆၀ မမ လက်နက်ကြီး ထုတ်လုပ်ခဲ့တယ်

စျေးထွက်ဝယ်တဲ့ စစ်သားနဲ့ ပျူတွေ ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ ၇ဦးသေဆုံး( ရုပ်/သံ)

မြိုင်မြို့ပေါ်ကို စျေးတက်ဝယ်တဲ့ ကန်နီရွာက စစ်သားနဲ့ ပျူစောထီးတွေ အပြန်မှာ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ပြီး မိုင်း ၂ကြိမ်ဆွဲတိုက်ခိုက်ခံရလို့ ၇ဦးသေဆုံးခဲ့တယ်လို့ မြိုင် ပကဖ ဆီကသိရပါတယ်။

တပ်မ ၁၀၁တပ်သားတွေရဲ့ စစ်ဆေးရေးဂိတ် လက်နက်ကြီးနဲ့ပစ်ခံရလို့ စစ်သား ၂ ဦး သေဆုံး ( ရုပ်/သံ)

"အဲ့ဒီစစ်ဆေးရေးဂိတ်မှာ ပခုက္ကူတပ်မ ၁၀၁ က စစ်သား‌ ၁၀ ယောက်လောက်က လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးရေးလုပ်နေလို့ မတ်လ ၄ ရက် ညနေ ၅ နာရီကျော်မှာ လက်နက်ကြီး အချက် ၂၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တာ"

ဝက်လက်အခြေစိုက် Acid အဖွဲ့က ရိုင်ဖယ် သေနတ်ထုတ်လုပ်အောင်မြင် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာအခြေစိုက်ပြီး စစ်ကောင်စီကိုတော်လှန်နေတဲ့ Acid အဖွဲ့က 7.62 Refile အမျိုးအစား သေနတ်ကို ဖေဖော်ဝါရီလကုန်မှာ ထုတ်လုပ်အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10