ရုပ်သံ

မြောက်ယမားချောင်းကို ပြည်သူတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေ သွားလာဖို့လွယ်ကူအောင် ကျောက်လမ်းခင်း (ရုပ်/သံ)

ယင်းမာပင်မြို့နယ် ကျေးရွာ ၁၅ ရွာလောက်ကပြည်သူတွေ သွားလာရအဆင်ပြေအောင် ယင်းမာပင်ခရိုင်တပ်ရင်းတခုက မြောက်ယမားချောင်းကူး ကျောက်ခင်းလမ်းကို ခင်းပေးခဲ့ပါတယ်။

ကာကွယ်ရေးအဖွဲ့  နယ်မြေထဲဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး သေဆုံးထိခိုက်သူ များပြားဟုဆို (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ သရက်ချဉ်ကျေးရွာမှာ ‌ကာကွယ်ရေးအဖွဲ့တွေရဲ့ နယ်မြေထဲဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ၂ ရက်တာ တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က သေဆုံးသူတွေနဲ့ ဒဏ်ရာရသူ များပြားတယ်လို့ ဒေါင်းစစ်အောင် Local PDF ထံက သိရပါတယ်။

စစ်ရေးမှာပိုမိုပူးပေါင်းလုပ်ဆောင်နိုင်ဖို့ NUGနဲ့ PIO/PIA တို့ သဘောတူ(ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ - NUG နဲ့ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (PIO) /ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) တို့ ဇန်နဝါရီ ၂၃ ရက်ကတွေ့ဆုံဆွေးနွေးပြီး စစ်ရေးဆိုင်ရာလုပ်ငန်းတွေနဲ့ ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းတွေကို ပူးပေါင်းလုပ်ဆောင်ဖို့ သဘောတူညီခဲ့တယ်လို့ ဇန်နဝါရီ ၂၈ ရက်မှာ PIO/PIA ကသတင်းထုတ်ပြန်ပါတယ်။

"ဆီးချိုရောဂါထိန်းသိမ်းပေးတဲ့ ပဲစောင်းလျား” (Podcast)

ကိုယ်ဝန်ဆောင်မိခင်တွေ ပဲစောင်းလျားသီးကို စားသုံးပေးပါက ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်သလဲ။ ပဲစောင်းလျားပင်ရဲ့ ဘယ်အစိတ်အပိုင်းတွေက ကျန်းမာရေးအတွက်အသုံးဝင်ပါသလဲ။ ကြွက်သားတည်ဆောက်ခြင်း အထောက်အကူရစေဖို့ ပဲစောင်းလျားသီးကို ဘယ်လိုစားသုံးရမလဲ။ ပဲစောင်းလျားသီးမှာ ပါဝင်တဲ့ဓာတ်တွေက ဘာတွေလဲစတာတွေကိုနားဆင်ရမှာပါ။

ပဲခူးနဲ့ မကွေးအပါ တိုင်း ၃ တိုင်း အစပ်ထိရောက်လာပြီဖြစ်တဲ့ AA (ရုပ်/သံ)

အမ်း နပခ အပါအဝင် ရခိုင်ပြည်နယ်တပြည်နယ်လုံးနီးပါးသိမ်းပိုက်ထားနိုင်တဲ့ အာရက္ခတပ်တော် AA ဟာ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ဧရာဝတီတိုင်း အစပ်တွေအထိ ထိုးစစ်ဆင်နေပြီး စစ်ကောင်စီနဲ့တိုက်ပွဲတွေရှိနေတယ်လို့ ထုတ်ပြန်လာပါတယ်။

မြင်းခြံမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၃ ဦးနဲ့ ကာကွယ်ရေးအဖွဲ့ဝင်အပါ ၁၈ ဦး သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံမြို့ကနေ မြောက်ဘက် ဆီမီးခုံမြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းမဘေးက ဆင်းဂွတ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ် ၃ ဦးနဲ့ ကာကွယ်ရေးအဖွဲ့ဝင်တွေအပါအဝင် ၁၈ ဦးသေဆုံးခဲ့တယ်လို့ မြင်းခြံမြို့နယ် ပကဖ တာဝန်ခံဆီက သိရပါတယ်။

တော်လှန်စစ် ၄ နှစ်အကြာ စစ်တိုင်း ၂ တိုင်း ကျရှုံးပြီးနောက် စစ်ပူမိနေတဲ့ လက်ကျန်တိုင်းစစ်ဌာနချုပ်တွေ (အပိုင်း ၁) (ရုပ်သံဆောင်းပါး)

လားရှိုး ရမခ နဲ့ အမ်း နပခ တိုင်းစစ်ဌာနချုပ် ၂ ခုဟာ တိုင်းရင်းသားတော်လှန်ရေးတပ်တွေလက်ထဲ ဘယ်လို ရောက်သွားခဲ့လဲ၊ ကျန်စစ်တိုင်း ၈ ခုဟာလည်း ဘယ်လိုခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရလဲ၊ ရန်ကုန်တိုင်း၊ နေပြည်တော်၊ ရှမ်းပြည်တောင်းပိုင်းနဲ့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ၂ ကရော ဘယ်လိုအခြေအနေတွေရှိနေလဲ ဆိုတာ စစ်ကောင်စီတပ်ရဲ့ စစ်ပူမိတိုင်းစစ်ဌာနချုပ်တွေအကြောင်း ကောက်နုတ်ဖော်ပြလိုက်ရပါတယ်။

ဝဲလောင်တိုက်နယ်ရဲစခန်း တိုက်ခိုက်ခံရပြီး ရဲ ၃ ဦးသေ၊ လေကြောင်းပစ်ကူကြောင့် ရဲစခန်းကို မသိမ်းနိုင်ခဲ့ (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဝဲလောင်တိုက်နယ်ရဲစခန်းကို ဇန်နဝါရီ ၂၁ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ ဒေသခံကာကွယ်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဆီက သိရပါတယ်။

အဆိုတော်မာရဇ္ဇ ရဲ့ နောက်ဆုံးခရီး (ရုပ်/သံ)

ကိုယ်ပိုင်သီချင်းတွေနဲ့အောင်မြင်ခဲ့တဲ့ နိုင်ငံကျော်အဆိုတော် မာရဇ္ဇရဲ့ နောက်ဆုံးခရီး စျာပနအခမ်းအနားကို ဇန်နဝါရီ ၂၅ ရက် ဒီကနေ့မှာ ရန်ကုန်မြို့ ရေးဝေးသုဿန်မှာ ကျင်းပခဲ့ပါတယ်။

တပတ်အတွင်း မြေလတ်သတင်း

- ကနီမှာ NUG ခွင့်ပြုထားတဲ့ အကောက်ခွန်ဂိတ် ၅ ခုသာချန်ပြီး ငွေကောက်ခံနေတဲ့ဂိတ် ၂၀ နီးပါး ပိတ်သိမ်း - ပျူစောထီးတွေရဲ့ ဖိနှိပ်မှုတွေကြောင့် ငွေတွင်းရွာက ပြည်သူ ၄ ပုံ ၃ ပုံ PDF ဆီ ထွက်ပြေးခိုလှုံ - ရခိုင်-မကွေးနယ်ခြားရှိ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းအထူးလုံခြုံရေး ကမြင်းကန်စခန်းကို AA သိမ်းပိုက် - စစ်ကောင်စီကင်းစခန်းအနီး ပိတ်မိနေတဲ့ဒေသခံတွေကို PDF ခေါ်ယူစောင့်ရှောက်ထား - အလှူလုပ်ဖို့ပြင်ချိန် စစ်ကြောင်းထိုးလာလို့ အလှူပွဲပျက်ပြီး နေအိမ် ၁၃ လုံးပါ မီးရှို့ခံရ - ၅ နှစ်အရွယ်ကလေးကို တရွာတည်းနေအမျိုးသားက တောထဲခေါ်သတ်ပေမယ့် အသက်မသေဘဲ ပြန်လွတ်ခဲ့ - စစ်ကိုင်းတိုင်း၊ ခမ်းပါတ်နဲ့ ကလေးမြို့တွေမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှုရှိ - စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက ကျေးရွာတချို့ကနေအိမ်တွေကို စစ်ကောင်စီက မီးရှို့ဖျက်ဆီး - ဝမ်ပေါင်ကုမ္ပဏီကားတွေကို လုံခြုံရေးပေးတဲ့ စစ်ကြောင်းကြောင့် ဒေသခံ ၃,၀၀၀ ကျော် တိမ်းရှောင်ပေးရ

စနိုက်ပါကျည်ထိပြီး ကျဆုံးခဲ့တဲ့ BLDF ရဲဘော်ကို ဂူသွင်းသင်္ဂြိုဟ် (ရုပ်/သံ)

ကျဆုံးသူဟာ အသက် ၂၄ နှစ်အရွယ် ကာကွယ်ရေးတပ်ဖွဲ့ဝင် ဇင်မျိုးလင်း (ခ) လင်းယုန်ဖြစ်ပြီး ဇန်နဝါရီ ၂၀ ရက် နေ့ခင်းပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်နေချိန် စနိုက်ပါကျည်ထိမှန်ပြီး ကျဆုံးခဲ့တာ ဖြစ်ပါတယ်။

ရွှေရောင်ကောင်းကင်ပိုင်ရှင် အဆိုတော် မာရဇ္ဇ ကွယ်လွန် (ရုပ်/သံ)

ကိုယ်ပိုင်သီချင်းတွေနဲ့အောင်မြင်ခဲ့တဲ့ နိုင်ငံကျော်အဆိုတော် မာရဇ္ဇ ဇန်နဝါရီ ၂၃ ရက် ညပိုင်းမှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ ဂီတအနုပညာရှင်အသိုင်းအဝိုင်းထံက သိရပါတယ်။

မြဝတီရုပ်သံအစီအစဥ်တွေ တိုးတက်အောင်လုပ်ပြီး စည်းရုံးကြဖို့ စစ်ခေါင်းဆောင်မှာကြား (ရုပ်/သံ)

၂၀၂၁ စစ်အာဏာသိမ်းပြီး လူထုထောက်ခံမှုသိသိသာသာကျဆင်းနေတဲ့ စစ်ကောင်စီတပ်ဟာ စစ်ကောင်စီထောက်ခံတဲ့ သရုပ်ဆောင်တွေကို ခေါ်ယူကာ ဝါဒဖြန့်ချီရေးဇာတ်ကားတွေ ရိုက်ကူးထုတ်လွှင့်ဖြန့်ချီတာတွေလုပ်ဆောင်နေသလို ၎င်းတို့လက်အောက် မြဝတီရုပ်သံထုတ်လွှင့်မှုတွေကနေ စည်းရုံရေးလုပ်ဆောင်ဖို့ တိုက်တွန်းလာတာလည်း ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီယာဉ်တန်းနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေကို ဇန်နဝါရီ ၂၂ ရက်မနေ့ကတရက်တည်းမှာပဲ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ် တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ တိုက်ခိုက်မှုမှာပါဝင်တဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

စစ်ချီတက်ရာမှာအဆင်ပြေစေဖို့ ဒေသခံတွေက ဆင်တွေအခမဲ့ငှားရမ်းပေးထား (ရုပ်/သံ)

စစ်ချီတက်ရာမှာ အသုံးပြုတဲ့ဆင်တွေဟာ ဒေသခံပြည်သူတွေက သူတို့ပိုင်ဆိုင်တဲ့ဆင်တွေနဲ့ အခမဲ့ အကူအညီပေးထားတာဖြစ်ပြီး လမ်းခရီးသွားလာရေးမှာ အထောက်အကူဖြစ်စေတယ်လို့ ကျောက်ဆည်ခရိုင်တပ်ရင်း ၃ ရဲ့တပ်ရင်းမှူး ဒေါက်တာလုံးလုံး (Dr Lone Lone)က ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10