ရုပ်သံ

မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းရဲ့ အပတ်စဥ် ၃ စစ်အခြေခံသင်တန်းဆင်း (Reels)

ဒီသင်တန်းကို နိုဝင်ဘာ ၁၅ ရက်ကနေ ဒီဇင်ဘာ ၂၈ ရက်အထိ ၄၅ ရက်အကြာပြုလုပ်ခဲ့ပြီး တပ်ဖွဲ့ဝင်အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၄ ဦးတို့ကို သင်တန်းပေးခဲ့တာလို့ ဆိုပါတယ်။

ရွာ ၈ ရွာ အတွက် ကျေးရွာချင်းဆက်လမ်းကို သပိတ်ကျင်း ပကဖဖောက်လုပ်ပေး (ရုပ်/သံ)

အဲ့ဒီလမ်းကို ၂၀၂၄ စက်တင်ဘာ ၁၉ ရက်ကနေ ဒီဇင်ဘာ ၁၂ ရက်အထိ ၃ လကြာဖောက်လုပ်ခဲ့ပြီး အကျယ် ၂၈ ပေ၊ လမ်းအရှည် မီတာ ၇၀၀၀ ကျော် (ပေ ၂၂၀၀၀ ကျော်) ၄ မိုင်ဝန်းကျင် ရှိပြီး ကုန်ကျစရိတ်သိန်း ၃,၀၀၀ ကျော် ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။

YPDF ဗဟိုဌာနချုပ်မှာ ပထမဆုံးအကြိမ် အားကစားပြိုင်ပွဲပြုလုပ် (Reels)

အားကစားပြိုင်ပွဲမှာ ဒိုက်ထိုးပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်ပြိုင်ပွဲ၊ တုတ်ချိတ်ပြေးပြိုင်ပွဲ၊ သံပုရာသီးစားပြိုင်ပွဲ၊ အုပ်စုလိုက် အတွဲလိုက် ဇွန်းကိုက်ပြိုင်ပွဲ၊ ခြေထပ်ပြေးပြိုင်ပွဲ၊ လက်ဝါးရိုက်ပြိုင်ပွဲ၊ ပုလင်းထဲ ဘောပင်ထည့်ပြိုင်ပွဲ စတာတွေကို ပြုလုပ်ပေးခဲ့တာလို့ တပ်ဖွဲ့ဝင်လူလှက ပြောပါတယ်။

အုတ်တွင်းက အဓမ္မပြုနှိပ်စက်ခံခဲ့ရတဲ့ မိန်းကလေးငယ် သေဆုံး (ရုပ်/သံ)

"ကလေးက ဝမ်းမသွားဘူး။ ဆီးမသွားလို့ ဖောလာတာကြောင့် နောက်တကြိမ်ဆေးရုံထပ်တက်ရတာ။ တပတ်လောက်ရှိပြီ။ မနေ့ကထိ သက်သာနေပြီ။ အဖောတွေလည်းပျောက်ပြီး ဝမ်းတွေဆီးတွေလည်းပြန်သွားနေတာ။ အခုမနက်ကျမှ ရုတ်တရက်တက်ပြီး အသက်ရှုမမှန်ရာကနေ အမောဖောက်ပြီး သတိပြန်မလည်ရာကနေ အသက်ပါ ပါသွားတာ။"

ညောင်ဖြူပင်ရဲစခန်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၅ ဦးဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ မုံရွာ-အမြင့်လမ်းဘေးရှိ ညောင်ဖြူပင်ရဲစခန်းမှာတပ်စွဲထားတဲ့ စစ်သား၊ ရဲနဲ့ပျူစောထီး အင်အား ၅၀ ခန့်ကို ကာကွယ်ရေးတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၃၊ တပ်ခွဲ ၃ ဆီက သိရပါတယ်။

တပတ်အတွင်း မြေလတ်သတင်း

- တိုက်ပွဲများဖြစ်လာနိုင်တဲ့အတွက် ရန်ကုန်-မန္တလေးအမြန်လမ်းမကို သတိထားအသုံးပြုရန် PDF အသိပေး - အမ်းနဲ့ တောင်ကုတ်ကို လက်လွှတ်ရပြီးနောက် ပြည်မြို့ မင်းကြီးတောင်နဲ့ တန့်ကြည့်တောင်မှာ စစ်ကောင်စီ ခံစစ်ပြင် - စစ်တပ်နဲ့ပျူ‌စောထီးစိုးမိုးထားတဲ့ သရက်ကွရွာကို ၃ ရက်အတွင်း တော်လှန်ရေးတပ်တွေတိုက်ခိုက်သိမ်းပိုက် - မန္တလေးတိုင်း၊ နွားထိုးကြီးမြို့၊ ကြံ့ခိုင်ရေးပါတီထောက်ခံသူများတဲ့ ဒေါင့်ဘိုးရွာအပြင် ကနီနဲ့ တောင်သာမြို့နယ်တို့မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာကြောင့် ထိခိုက်သေဆုံးမှုတွေရှိ - နေ့စဥ်နီးပါး လေကြောင်းနဲ့ဗုံးကြဲခံနေရလို့ ပြည်သူတွေအတွက် ခရိုင်ပကဖက ဗုံးခိုကျင်းများတူးပေး - မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ စစ်ကောင်စီက ခရီးသွား ပြည်သူတွေကို မိုင်းရှင်းခိုင်း - တမူးမှာ စက်သုံးဆီပြတ်လပ်ပြီး ဆိုင်တချို့ပိတ်၊ စက်သုံးဆီဈေးခေါက်ချိုးမြင့်တက် - ပွင့်ဖြူက စစ်ရှောင် ၁၅၀ ခန့် ခူကောင်တွေကြောင့် ယားနာတွေပေါက်နေ - ၃ နှစ်ကျော်တဲ့အထိ အိမ်မပြန်နိုင်သေးတဲ့ စိုင်နိုင်ကွေ့ရွာခံတွေ အမိုးအကာနဲ့ခြုံစောင်တွေ လိုအပ်နေ

ကမ္မမြို့ဈေးထဲက ဆိုင်ခန်းတွေကိုဖောက်ပြီးပြန်လာတဲ့ စစ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ (ရုပ်/သံ)

မကွေးတိုင်း၊ ကမ္မမြို့ စည်ပင်သာယာဈေးက ဆိုင်ခန်းတွေကို ဖောက်ပြီးပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒီဇင်ဘာ၂၆ ရက်က ကမ္မမြို့ ရဲစခန်းအနီးမှာ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ ကမ္မဒေသတော်လှန်ရေး တပ်ပေါင်းစုဆီက သိရပါတယ်။

PDF ၆၀ ဦးကို စစ်သင်တန်းပေးပြီး စစ်ဝတ်တန်ဆာနဲ့ လက်နက်တွေပါတပ်ဆင်ပေး (ရုပ်/သံ)

သင်တန်းဆင်းပွဲလုပ်တဲ့နေ့မှာပဲ တက်ရောက်ခဲ့တဲ့သင်တန်းသား တယောက်စီတိုင်းကို ကျည်ကာ၊ ဦးထုပ်၊ စစ်ဖိနပ်၊ ယူနီဖောင်းအပြင် မောင်းပြန်ရိုင်ဖယ် ဒါမှမဟုတ် ၆၀ မမ စိန်ပြောင်း ၁ လက်စီပေးခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၆ သတင်းမှန်ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

“အရိုးပွရောဂါဖြစ်နိုင်ခြေလျှော့ချပေးတဲ့ ကန်စွန်းဥပင်” (Podcast)

ခရမ်းရောင်ကန်စွန်းဥမှာ ဘယ်လိုအစွမ်းသတ္တိတွေရှိမလဲ။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းအတွက် ဘယ်လိုအရောင်အဆင်းနဲ့ ကန်စွန်းဥကိုစားသုံးသင့်သလဲ။ ကန်စွန်းဥဖျော်ရည်သောက်သုံးပေးခြင်းက ဘယ်လိုအကျိုးကျေးဇူးတွေကို ရရှိနိုင်သလဲ။ ကန်စွန်းဥပင်ရွက် သတ္တုရေကို ဘယ်လိုရောဂါတွေမှာအသုံးပြုနိုင်သလဲ။ အရိုးပွရောဂါအတွက် ကန်စွန်းဥကို ဘယ်လိုစားသုံးနိုင်သလဲ စတာတွေကိုနားဆင်ရမှာပါ။

စစ်ရှောင်နယ်က တော်လှန်ရေးပရဟိတဆေးရုံ ၂ နှစ်ပြည့်ဘောလုံးပွဲပြုလုပ် (ရုပ်/သံ)

ဘောလုံးပြိုင်ပွဲမှာ အမျိုးသားအကြီးတန်းပြိုင်ပွဲအတွက် ၄ သင်း၊ အမျိုးသားအငယ်တန်းပြိုင်ပွဲအတွက် ၃ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲ ၂ ခုစလုံး အုပ်စုပတ်လည်စနစ်နဲ့ကစားခဲ့ကာ အမှတ်အများဆုံးအသင်းကို ပထမအဖြစ် သတ်မှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

PDF စစ်ဆေးရေးဂိတ်ဖွင့်ပြီးနောက် ပျက်စီးသွားတဲ့ ရွာဆိုင်းဘုတ်ကို မူလအတိုင်းပြန်လုပ်ပေးဖို့ ဒေသခံတွေဆန္ဒပြ (ရုပ်/သံ)

ယင်းမာပင်ခရိုင်တပ်ရင်း ၁၅ က စစ်ဆေးရေးဂိတ်လာဖွင့်ပြီးနောက်ပိုင်းမှာ ပျက်စီးသွားတဲ့ ကျေးရွာဆိုင်းဘုတ်ကို မူလအတိုင်းပြန်လည်ပြုလုပ်ပေးဖို့ ဒေသခံတွေက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

မြေလတ်ပေးစာ (Podcast)

- ရန်ကုန်တိုင်း၊ မရမ်းကုန်း (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြည်သူတွေအပေါ်ဘယ်လိုလုပ်နေသလဲ။ - ဝေါမြို့နယ်၊ သူရဲသမိန်မှာ စစ်တပ်ကဦးဆောင်ပြီး လောင်းကစားဝိုင်းတွေလုပ်နေ။ - ပန်းတောင်းမြို့၊ ဖန်းခါးပင်ရွာ အုပ်ချုပ်ရေးမှူးက လူသစ်စု၊ ငွေကြေးတောင်းခံတာတွေလုပ်နေ။

တပ်ဆယ်လီ ဒုတပ်ကြပ် ရာဇာထက် CDF CDM Siyin အဖွဲ့ဆီ အလင်းဝင်(ရုပ်/သံ)

ဟာသဗီဒီယိုတွေ ရိုက်ကူးလေ့ရှိတာကြောင့် စစ်တပ်အသိုင်းအဝိုင်းမှာ လူသိများခဲ့တဲ့ တပ်ဆယ်လီ ဒုတပ်ကြပ်အဆင့်ရှိ ကိုရာဇာထက်ဟာ CDF Civic Defense Militia-CDM-Siyin အဖွဲ့ဆီအလင်းဝင်လာခဲ့တယ်လို့ အဲ့ဒီအဖွဲ့ရဲ့စစ်ဦးစီး Delroy ဆီက သိရပါတယ်။

စလင်းနယ်၊ မြောင်းခြားရွာတိုက်ပွဲ စစ်ကောင်စီဘက်က ၆ ဦးသေဆုံးပြီး ဗိုလ်ကြီး ၁ ဦးအပါ ၇ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆည်ကန်ရွာကနေ အင်အား ၃၀ ကျော်နဲ့ ရှေ့ပြေးထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မြောင်းခြားရွာအနီးမှာ ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းဆီက သိရပါတယ်။

တပ်တွင်းဝေဖန်မှုတွေမြင့်တက်နေချိန် "ဘယ်သူခွဲခွဲဒို့မကွဲ အမြဲစည်းလုံးကြ” ဖို့ စစ်ခေါင်းဆောင်သတိပေး(ရုပ်/သံ)

" ဘယ်သူခွဲခွဲဒို့မကွဲ အမြဲစည်းလုံးမည်ဆိုတဲ့ ဆောင်ပုဒ်အတိုင်း တပ်မတော်သားများနဲ့မိသားစုဝင်များဟာ စုစည်းညီညွတ်ရန် အထူးလိုအပ်တယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10