ရုပ်သံ

ပင်လည်ဘူးနဲ့ "က ၃လုံး" စစ်ဆင်းရေးပြန် ဗျူဟာမှူးအပါ တပ်ဖွဲ့ဝင် ၁၂ ဦးကို ပြည်သူတွေကြိုဆို (ရုပ်/သံ)

က ၃ လုံးစစ်ဆင်ရေးနဲ့ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွေမှာ ဒဏ်ရရသူတွေအပါအဝင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၂ ဦး ရှေးတန်းကနေ ဆေးခွင့်နဲ့ပြန်လာချိန်မှာ ပြည်သူတွေက ကြိုဆိုခဲ့ကြတယ်လို့ ယင်းမာပင်ခရိုင် ဗျူဟာ ၄၂ တပ်ရင်း ၂၈ ဓားမဆိုင်းအဖွဲ့ဆီက သိရပါတယ်။

တိုက်ပွဲများဖြစ်လာနိုင်တဲ့အတွက် ရန်ကုန်-မန္တလေးအမြန်လမ်းမကို သတိထားအသုံးပြုရန် PDF အသိပေး(ရုပ်/သံ)

တိုက်ပွဲတွေ အချိန်မရွေးဖြစ်လာနိုင်တဲ့အတွက် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို အသုံးပြုသွားလာနေတဲ့ ပြည်သူတွေအနေနဲ့ သတိထားသွားလာကြဖို့ကို ပြည်သူ့ကာကွယ်ရေးတပ်(PDF) Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်းက အသိပေးခဲ့တယ်လို့ သိရပါတယ်။

ပျူစောထီးလက်ထဲ ပျက်စီးသွားခဲ့ရသည့် ကြာပိုင်ကျေးရွာ ငြိမ်းချမ်းရေး (ရုပ်သံဆောင်းပါး‌)

တောပုကျေးရွာနှင့် ကောင်းမွန်သည့်ဆက်ဆံရေးတည်ဆောက်ပြီး ငြိမ်းချမ်းလိုသည့် ကြာပိုင်ကျေးရွာသားများ၏ ငြိမ်းချမ်းရေးသည် ၂၀၂၃ခုနှစ် ဒီဇင်ဘာပထမပတ်အတွင်း တောပုကျေးရွာက ပျူစောထီးများ၏ အငြိုးအာဃာတအောက်တွင် ပျက်စီးခဲ့ရသည်။

စစ်တပ်နဲ့ပျူ‌စောထီးစိုးမိုးထားတဲ့ သရက်ကွရွာကို ၃ ရက်အတွင်း တော်လှန်ရေးတပ်တွေတိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ) ■ စစ်ကူလာတဲ့စစ်ကြောင်းလည်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၁ ဒါဇင်ကျော်သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက စစ်ကောင်စီတပ်ဖွဲ့၀င်တွေနဲ့ ပျူစောထီးတွေစိုးမိုးထားတဲ့ သရက်ကွရွာကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းကာတိုက်ခိုက်ခဲ့ရာ ၃ ရက်အတွင်း ရွာကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူဆီက သိရပါတယ်။

တပတ်အတွင်း မြေလတ်သတင်း

- ရေလာလေးစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၆ ဦးသေဆုံးပြီး သုံ့ပန်း ၇ ဦးဖမ်းမိ - မန္တလေးတိုင်းက တိုက်ပွဲရှောင် ဆင်ဦးစီးတွေနဲ့ ဆင်အချို့ကို TNLA ဆီ လွှဲပြောင်း - အမျိုးသမီး ၂ ဦးအပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်သူကို ဝိုင်းဝန်းဖယ်ကျဉ်ရန်နဲ့ ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးရန် WAB တောင်းဆို - CDM ရဲတပ်သားရဲ့အကူအညီနဲ့ တမူးပလဖထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၃၄ ဦးထွက်ပြေးလွတ်မြောက် - ကနီမှာ လေကြောင်းကြဲခံရလို့ ကျောင်းသား ၃ ဦးအပါ ၅ ဦးသေဆုံး - စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းတို့မှာ အမျိုးသားတွေကို စစ်မှုထမ်းဖို့အတွက် အဓမ္မဖမ်းဆီးနေ - ကလေးအကျဉ်းထောင်မှာ အခန်းခ ၃သိန်းထိကောက်ခံပြီး မပေးနိုင်သူတွေကို ဖိနှိပ်ချုပ်ချယ် - အင်းတကော်မှာ မြေအက်ကွဲနိမ့်ဆင်းသွားလို့ နေအိမ်အဆောက်အဦ ၉ လုံးပျက်စီး - လင်းကတောရွာကစစ်ရှောင်တွေ အနွေးထည်နဲ့ စောင်တွေ လိုအပ်နေ၊ ရာသီဥတုကြောင့် သေဆုံးသူတချို့ရှိ

၁၀ လကြာ ရှမ်း-မန်းစစ်ဆင်ရေးကနေ ရွှေဘိုခရိုင်တပ်ရင်း ၁၅ ရဲဘော် ၈၁ ဦး ပြန်ရောက် (ရုပ်/သံ)

ရှေ့တန်းပြန်ရဲဘော်တွေကို ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံတွေ၊ မိဘဆွေမျိုးတွေနဲ့ မိခင်တပ်ရင်းရဲဘော်တွေက အောင်သပြေပန်း၊ စံပယ်၊ နှင်းဆီ စတဲ့ပန်းမျိုးစုံနဲ့ ကြိုဆိုခဲ့ပြီး ဝက်သားဟင်းနဲ့ထမင်းကျွေးကာ တီးဝိုင်းတွေနဲ့ဂုဏ်ပြုဖျော်ဖြေခဲ့ကြတာပါ။

ရေလာလေးစခန်းသိမ်းတိုက်ပွဲက ပြန်လာတဲ့ ရဲဘော်တွေကို ဒေသခံတွေ ကြိုဆို (Reel)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့အနားက ရေလာလေးစခန်းသိမ်းတိုက်ပွဲကပြန်လာတဲ့ အမှတ် ၈ စစ်ကြောင်းက ရဲဘော်တွေကို ပေါက်မြို့နယ် ရွာ ၅ ရွာက ဒေသခံပြည်သူတွေ ဒီဇင်ဘာ ၁၃ ရက်မှာ ဂုဏ်ပြုကြိုဆိုခဲ့ကြတယ်လို့ အမှတ် ၈ စစ်ကြောင်း၊ စစ်ကော်မရှင်ဆီက သိရပါတယ်။

ဆားလင်းကြီးက ရဲစခန်းနဲ့ ထွေအုပ်ရုံး တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က အိမ်တွေကိုမီးရှို့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်က မြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားနဲ့ လက်အောက်ခံအဖွဲ့တွေကို PDF ပူးပေါင်းအဖွဲ့က ဒီဇင်ဘာ ၁၉ ရက် ဒီနေ့မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Monywa Inventor အဖွဲ့ဆီက သိရပါတယ်။

အလောင်းပြန်မရလို့ အင်္ကျီနဲ့ပုဆိုးကိုသာ ဂုဏ်ပြုသင်္ဂြိုဟ်ခဲ့ရတဲ့ တပ်စုမှူးရဲ့စျာပန (ရုပ်/သံ)

ကျဆုံးသူဟာ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် သာယာဝတီခရိုင် (ပကဖ) တိုက်ခိုက်ရေးတပ်ရင်း တပ်ခွဲ ၁ က တပ်စုမှူး အသက် ၃၀ နှစ်အရွယ် ရဲဘော်အာနိုး(ခ) အောင်သက်ပိုင်ဖြစ်ပြီး လက်ပံတန်းမြို့နယ်၊ ပဲခူးရိုးမအစပ်တနေရာမှာ ဒီဇင်ဘာ ၈ ရက် မွန်းတည့်ချိန်က စစ်ကောင်စီတပ်သားတွေရဲ့ ပစ်သတ်တာကို ခံခဲ့ရတာပါ။

ရွာပေါင်း ၂၀ ကျော်ပါဝင်ပြီး ၁၀ ရက်ဆက်တိုက် ကျင်းပခဲ့တဲ့ ရိုးရာဘုရားပွဲ (ရုပ်/သံ)

ပေါက်မြို့နယ်၊ အရှေ့ခြမ်းနဲ့ မြိုင်မြို့နယ် အနောက်တောင် တကြောလုံးက ကျေးရွာပေါင်း ၂၀ ကျော်မှာ ရိုးရာဘုရားပွဲကို ၁၀ ရက်ဆက်တိုက် ရက်ရှည်ကျင်းပခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ဒူလာကိုက်ခဲညောင်းညာခြင်းအတွက် သရက်ကင်းဥပင်” (Podcast)

သရက်ကင်းဥအမှုန့်ကို ဘယ်လိုရောဂါတွေမှာ အသုံးပြုနိုင်သလဲ။ ပန်းနာရင်ကျပ်နဲ့ အသက်ရှုလမ်းကြောင်းရောဂါတွေအတွက် သရက်ကင်းဥပင်ကို ဘယ်လိုအသုံးပြု ကုသနိုင်သလဲ။ သရက်ကင်းဥကို အသုံးပြုပြီး ဗောက်နဲ့ သန်းတွေပျောက်ကင်းစေဖို့ ဘယ်လိုပြုလုပ်ရမလဲ။ နားကိုက်၊ နားအူ၊ နားနာ ရောဂါများမှာ သရက်ကင်းဥကို ဘယ်လိုသုံးရမလဲ။ သရက်ကင်းဥပင် အသုံးပြုတာကြောင့် ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်ပါသလား စတာတွေကို နားဆင်ရမှာပါ။

PDF ဆေးတပ်သား Tomboy RPG (ရုပ်သံဆောင်းပါး)

"RPG လို့ ခေါ်ဖြစ်တာကတော့ ကျနော်က ကွန်မန်ဒိုသင်တန်းဆင်းတဲ့ အပတ်စဥ်မှာ လက်ကျိုးနေတာကြောင့် သူများတွေ ဝါးသေနတ်နဲ့ပစ်နေချိန်မှာ သေနတ်မကိုင်နိုင်ခဲ့တာကြောင့် ကျိုးတဲ့လက်ကို ထုတ်ပြီးတော့ RPG နဲ့ ပစ်တယ်ကွာ ဘာညာနဲ့ အဲတိုင်း ကျနော်က နောက်ပြောရင်းနဲ့ RPG လို့အမည်တွင်သွားတာ။ ကျနော်က ၀ါသနာပါတာကတော့ တိုက်ခိုက်ရေးဘက်မှာ ဝါသနာပါတယ်၊ ဒါပေမယ့် ကျိုးတဲ့လက်က ညာဘက်ဖြစ်နေတော့ တိုက်ခိုက်ရေးမှာ ဘယ်လိုမှ အဆင်မပြေတော့ဘူး။ ဒါပေမယ့် တော်လှန်ရေးမှာ ဆက်ပါချင်လို့ရှိရင် ဆေးပညာသင်မှရမယ်၊ ဆေးပညာသင်ပြီးတော့ တပ်ရင်းကရဲဘော်တွေကို ဆေးကုသရင်းနဲ့ ဆေးပညာကို တစိုက်မတ်မတ် သင်ကြားခဲ့ပါတယ်။"

တပ်ဖွဲ့ရိက္ခာဖူလုံဖို့ သီးနှံ ၁၄ မျိုးကျော် စိုက်ပျိုးထားတဲ့ ဆော PDF ရဲ့ သီးနှံစိုက်ခင်း (ရုပ်/သံ)

စိုက်ပျိုးနည်းပညာ သေချာမသိပေမယ့် တပ်ဖွဲ့ရိက္ခာလိုအပ်ချက်ကြောင့် PDF ရဲဘော်တွေ အခက်အခဲကြားက သီးနှံတွေစိုက်ပျိုးအောင်မြင်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်အမှတ် ၃ တပ်ရင်း၊ တပ်ခွဲ ၁၊ ခွပ်ဒေါင်းတပ်ခွဲ ဆီက သိရပါတယ်။

ခရီးသွားကားတွေကိုတားပြီး ပေါ်တာဆွဲလေ့ရှိတဲ့ စစ်တပ်ဂိတ် တိုက်ခိုက်ခံရ (ရုပ်/သံ)

စစ်သားနဲ့ရဲ အင်အား ၃၀ ဝန်းကျင်ရှိတဲ့ အဲ့ဒီစစ်ဆေးရေးဂိတ်ကို ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဒီဇင်ဘာ ၁၂ ရက် ညနေ ၃ နာရီဝန်းကျင်မှာ ၁ နာရီကြာပစ်ခတ်ခဲ့ပြီး Fixed Wings Drone နဲ့ ဗုံး ၅ လုံးကြဲချခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က ရထားတဲ့ ဘက်ဟိုးနဲ့ ရွာ ၆ ရွာက လမ်းတွေကိုပြင်(ရုပ်/သံ)

စစ်ကောင်စီတပ်သားတွေဆီက သိမ်းဆည်းရရှိခဲ့တဲ့ ဘက်ဟိုး(မြေတူးစက်)နဲ့ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ စိုးမိုးနယ်မြေအတွင်းက ရွာ ၆ ရွာမှာရှိတဲ့လမ်းတွေကို နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ပြုပြင်ပေးနေကြတယ်လို့ Myingyan Black Tiger-MBT ဆီက သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10