တပတ်အတွင်း မြေလတ်သတင်း
- ရေလာလေးစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၆ ဦးသေဆုံးပြီး သုံ့ပန်း ၇ ဦးဖမ်းမိ - မန္တလေးတိုင်းက တိုက်ပွဲရှောင် ဆင်ဦးစီးတွေနဲ့ ဆင်အချို့ကို TNLA ဆီ လွှဲပြောင်း - အမျိုးသမီး ၂ ဦးအပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်သူကို ဝိုင်းဝန်းဖယ်ကျဉ်ရန်နဲ့ ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးရန် WAB တောင်းဆို - CDM ရဲတပ်သားရဲ့အကူအညီနဲ့ တမူးပလဖထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၃၄ ဦးထွက်ပြေးလွတ်မြောက် - ကနီမှာ လေကြောင်းကြဲခံရလို့ ကျောင်းသား ၃ ဦးအပါ ၅ ဦးသေဆုံး - စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းတို့မှာ အမျိုးသားတွေကို စစ်မှုထမ်းဖို့အတွက် အဓမ္မဖမ်းဆီးနေ - ကလေးအကျဉ်းထောင်မှာ အခန်းခ ၃သိန်းထိကောက်ခံပြီး မပေးနိုင်သူတွေကို ဖိနှိပ်ချုပ်ချယ် - အင်းတကော်မှာ မြေအက်ကွဲနိမ့်ဆင်းသွားလို့ နေအိမ်အဆောက်အဦ ၉ လုံးပျက်စီး - လင်းကတောရွာကစစ်ရှောင်တွေ အနွေးထည်နဲ့ စောင်တွေ လိုအပ်နေ၊ ရာသီဥတုကြောင့် သေဆုံးသူတချို့ရှိ