- ပန်းတောင်းတပ်နယ်ထဲက ညောင်ကျိုးစခန်းကုန်းမှာ တိုက်ပွဲပြင်းထန်နေပြီး ရခိုင်ပြည်နဲ့ ပဲခူးတိုင်းအစပ်က နတ်တောင်ကာကင်းစခန်းကို AA သိမ်းပိုက်ထား
- အင်အား ရာကျော်ပါစစ်ကောင်စီစစ်ကြောင်းနဲ့ပစ်ခတ်မှုဖြစ်ပြီး ၂ ဖက်သေဆုံးမှုရှိ
- မုံရွာ MRTV တာဝါတိုင်ကုန်းစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအများအပြားရ
- ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အနီးကပ်တိုက်ခိုက်ခံရလို့ ၂ ဦးဒဏ်ရာရ
- ပေါက်မှာ PDFတပ်ဖွဲ့ဝင်မင်္ဂလာဆောင် လေယာဥ်ဗုံးကြဲခံရလို့ လူ ၂၃ ဦးထက်မနည်း သေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရ
- ကန့်ဘလူ ခရိုင်နဲ့မြို့နယ် ပအဖတာဝန်ခံ ဦးမဲခေါင် တန့်ဆည်မှာ သွားရောက်အဖမ်းခံ
- ပြည်အကျဉ်းထောင်မှာ နိုင်ကျဉ်းတချို့ ရိုက်နှက်ခံရပြီးနောက် သေနတ်ပစ်ခတ်ခြောက်လှန့်
- စစ်ကောင်စီရဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံကရတဲ့ ပစ္စည်းတွေနဲ့ မီးရှို့ခံရတဲ့ရွာကို မီးရအောင် ပြန်လုပ်ပေး
- စက်တပ်လေထီး အသိပညာပေးစာစောင်တွေကို ကျေးရွာပေါင်း ၂၂ ရွာမှာ ဖြန့်ဝေခဲ့