ရုပ်သံ

၂ ပတ်အတွင်း စစ်ကိုင်းနဲ့မကွေးတိုင်းက နေအိမ် ၁၁၀ ကျော်ကိုစစ်ကောင်စီမီးရှို့ (ရုပ်/သံ)

၂၀၂၄ ဒီဇင်ဘာ ၃၁ ရက်ကနေ ၂၀၂၅ ဇန်နဝါရီ ၁၄ ရက်အထိ စစ်ကိုင်းတိုင်းက ကန့်ဘလူ၊ မုံရွာ၊ ယင်းမာပင်၊ ဝက်လက်၊ ဒီပဲယင်းမြို့နယ်တွေနဲ့ မကွေးတိုင်းက မင်းဘူးနဲ့ ချောက်မြို့နယ်တွေမှာ မီးရှို့ဖျက်ဆီးခံခဲ့ရတာဖြစ်ပါတယ်။

ဆင်လူးရွာကို PDF တွေဝင်တိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေ၊ ၃၀ ခန့်ဒဏ်ရာရ (ရုပ်/သံ)

“အဲဒီရွာက ပျူစောထီးရွာဆိုတော့ ပေါက်-မြိုင်ဒရုန်းတပ်ဖွဲ့အင်အားစုတွေ၊ အဲ့ဘက်က ကာကွယ်ရေးတပ်ဖွဲ့ အင်အားစုတွေ ပေါင်းပြီး ဗုံးသီးချတိုက်ခိုက်ခဲ့တာ။”

NUG စစ်ကိုင်းမှာ အခြေချမယ့်အပေါ် တော်လှန်ရေးအဖွဲ့တွေ ဘာပြောကြသလဲ - အပိုင်း ၂ (အင်တာဗျူး)

အခုလို NUG က တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ တသားတည်းရှိလာမယ့်အခြေအနေအပေါ် မြေပြင်က တော်လှန်ရေးအင်အားစုတွေ ဘယ်လိုရှုမြင်မျှော်လင့်ကြသလဲဆိုတာ မြေလတ်အသံက ဆက်သွယ်မေးမြန်ခဲ့တာကို ဖော်ပြလိုက်ပါတယ်။

"ဆံပင်ကျွတ်ခြင်းအတွက် ပီလောပီနံ” (Podcast)

အဆစ်အမြစ်ရောင်ရောဂါတွေမှာ ပီလောပီနံကို ဘယ်လိုအသုံးပြုကုသနိုင်သလဲ။ ကိုယ်အလေးချိန်လျှော့ချနိုင်ဖို့ ပီလောပီနံဥကို ဘယ်လိုစားသုံးသင့်သလဲ။ ပီလောပီနံရွက်လက်ဖက်ခြောက်ဟာ ခန္ဓာကိုယ်အတွက် ဘယ်လို အထောက်အကူပြုပါသလဲ။ ပီလောပီနံမှာရော ဘေးထွက်ဆိုးကျိုးတွေရှိပါသလား စတာတွေကိုနားဆင်ရမှာပါ။

NUG စစ်ကိုင်းမှာ အခြေချမယ့်အပေါ် တော်လှန်ရေးအဖွဲ့တွေ ဘာပြောကြသလဲ - အပိုင်း ၁ (အင်တာဗျူး)

NUG က တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ တသားတည်းရှိလာမယ့်အခြေအနေအပေါ် မြေပြင်က တော်လှန်ရေးအင်အားစုတွေ ဘယ်လိုရှုမြင်မျှော်လင့်ကြသလဲဆိုတာ မြေလတ်အသံက ဆက်သွယ်မေးမြန်ခဲ့တာကို ဖော်ပြလိုက်ပါတယ်။

၂ မိုင်လောက်အထိ ပစ်နိုင်တဲ့ ရော့ကက်တွေ Rocket Fighter People Defence Force ထုတ်လုပ် (ရုပ်/သံ)

ယခင်က စစ်ကောင်စီနဲ့ တိုက်ပွဲတွေမှာ လက်လုပ်သေနတ်တွေ၊ ၆၀ မမတွေကို တိုက်ပွဲမှာအသုံးပြုရာ ထိရောက်မှုအားနည်းတာကြောင့် ယခုအခါ ၂ မိုင်လောက်အထိပစ်နိုင်ပြီး ပေါက်ကွဲအားပိုကောင်းတဲ့ ရော့ကက်တွေကို ထပ်ထုတ်တာလို့ Rocket Fighter တပ်ဖွဲ့တာဝန်ခံ ကိုလပြည့် က ပြောပါတယ်။

အမှန်တရားဘက်က ရပ်တည်ရဲတဲ့ကလေးတွေဖြစ်အောင် ပျိုးထောင်ပေးချင်တဲ့ ဆရာမ (ရုပ်သံဆောင်းပါး)

စစ်တပ်က သူတို့ကို ဆန့်ကျင်သူမှန်သမျှကို နေအိမ်တွေအထိ လိုက်လံဖမ်းဆီးတာ‌၊ စစ်ကြောရေးမှာ သတ်ပစ်တာတွေလုပ်လာတာကြောင့် သူဟာ နီးစပ်ရာနေရာတွေမှာ ရှောင်တိမ်းနေခဲ့ရပါတယ်။ အဲဒီနောက် ဖမ်းဝရမ်းစာရင်းထဲမှာ သူ့နာမည်ပါနေတာကို သိလိုက်ရတဲ့အခါ ဒေါ်မာလာစိုးဟာ သူ့နှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်ခဲ့တဲ့ စာသင်ကျောင်းနဲ့ ဝေးရာကို ထွက်ပြေးဖို့ ဖြစ်လာပါတော့တယ်။

SNA နယ်မြေစိုးမိုးထားတဲ့ ဗန်းမောက် ဇလုံတောင်ကို စစ်ကောင်စီပြန်ဖွင့် (ရုပ်/သံ)■ပြည်သူတွေ မလည်ပတ်ကြဖို့ ဒေသခံတွေ သတိပေး

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ရှမ်းနီအမျိုးသားများတပ်မတော်-SNAတို့ နယ်မြေစိုးမိုးထားတဲ့ ဇလုံတောင် တောင်တက်ခရီးစဥ်ကို စစ်ကောင်စီတပ်ဖွဲ့တွေဘက်က ပြန်ဖွင့်ပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြေလတ်ပေးစာ (Podcast)

- ဆင်တဲ ကပစ ၃ မှာ အထက်လူကြီးနဲ့ရင်းနှီးရင် စစ်ရေးမထွက်ရတဲ့ အရာရှိတွေရှိနေတယ်ဆိုတဲ့အကြောင်း။ - ဇီးကုန်းနဲ့ နတ္တလင်းမြို့မှာ ရဲနဲ့စစ်သားတွေပေါင်းပြီး ဆိုင်ကယ်တွေကို ဖမ်းဆီးငွေတောင်းနေ။ - ကြို့ပင်ကောက်က ကျေးရွာတွေမှာ စစ်မှုထမ်းကြေးမပေးရင် စစ်မှုထမ်းရမယ်ဆိုတဲ့ ခြိမ်းခြောက်ခံရမှုတွေရှိနေ။

စျေးကွက်ကျဆင်းလာလို့ သနပ်ခါးအစား လျှော်ဖြူပင်တွေ အစားထိုးစိုက်လာ(ရုပ်/သံ)

“အာဏာမသိမ်းခင်က သနပ်ခါးစျေးကွက် အထိုက်အလျောက်တော့ ရောင်းရပါတယ်ဗျ။ ခုကျတော့လမ်းပန်းဆက်သွယ်ရေးက အရင်ကလို လွယ်လွယ်ကူကူသွားလာလို့ မရတာတွေရယ်ကြောင့် သနပ်ခါး စျေးကွက်က ဝယ်လက်ရှားပါးလာခဲ့ပါတယ်”

ဘုန်းကြီးကျောင်းထဲ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဒရုန်းနဲ့ ဗုံးကြဲခံရလို့ စစ်ဗိုလ် ၁ ဦးအပါ ၅ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ပင်တောင်ရွာက ဘုန်းကြီးကျောင်းထဲမှာ တပ်စွဲနေတဲ့ စစ်သား၊ ရဲနဲ့ ပျူစောထီးတွေကို ဒရုန်း ၃ စီးနဲ့ ဗုံးကြဲချတိုက်ခိုက်ရာ စစ်ဗိုလ် ၁ ဦး အပါအဝင် ၅ ဦး ဒဏ်ရာရတယ်လို့ ပေါက်တောင်ပိုင်း ပကဖ တပ်ဖွဲ့ လေ့ကျင့်ရေးနဲ့ အင်အားစုဖွဲ့ တာဝန်ခံက ပြောပါတယ်။

ပလိုင်းရွာက ထွက်လာတဲ့ ပျူစောထီးအဖွဲ့ဝင် ၃ ဦး ချုံခိုတိုက်ခိုက်ခံရလို့ ၂ ဦးသေ ၁ ဦးဒဏ်ရာရ(ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်းရွာကနေ ရိက္ခာရှာထွက်လာတဲ့ ပျူစောထီးတပ်ဖွဲ့ဝင် ၃ ဦး ကိုပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပလိုင်း ပကဖ - လျှပ်စီးမုန်တိုင်းပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

အိမ်မီးရှို့နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရလို့ ၃ ဦးဒဏ်ရာရ (ရုပ်/သံ)

"မီးရှို့တာ အိမ်ခြေ ၁ လုံးပဲရှို့ပြီးတော့ ကျနော်တို့ နဲ့ ထိတွေ့မှုဖြစ်တာ။ အပြန်အလှန်ပစ်ခတ်မှုအတွင်း ဒဏ်ရာရတာတော့ ၃ ယောက်ရှိတယ်။ လဲကျပြီးအော်နေတာ ဘန်ကာအရှေ့ကနေဆွဲသွားတာ မြင်လိုက်တယ်။"

ရွှေရင်ပူလို့ မောရတယ် (ရုပ်သံဆောင်းပါး)

ဘေးလွတ်ရာအရပ်ကို သွားနေရင်း ရွာနဲ့ ၂ ဖာလုံလောက်ဝေးတဲ့ နေရာအရောက်မှာတော့ “ဟေ့ ရပ် ရပ်” ဆိုတဲ့ အသံကြားလိုက်ရပါတယ်။ ယောကျ်ားဖြစ်သူက “မင်းတို့က ဘယ်သူမို့လို့ ရပ်ရမှာလဲ” ပြန်မေးချိန် “သိချင်ရင် လှမ်းကြည့်လိုက်၊ ငါတို့ ဘယ်သူလဲ ကြည့်စမ်း” ဆိုတဲ့ အသံတွေနဲ့အတူ စစ်ကောင်စီတပ်သား ၁၅ ယောက်ခန့် သူတို့ရှေ့ရောက်လာကာ ယောကျ်ားဖြစ်သူကို ဝိုင်းရိုက်ခဲ့ကြတယ်လို့ မချို (အမည်လွှဲ)က သူတို့မိသားစု စစ်သားတွေနဲ့ စတွေ့ခဲ့ပုံကို ပြောပြပါတယ်။

လင်းဇင်းရဲစခန်းနဲ့ ကံပြားရဲစခန်းကထွက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရ (ရုပ်/သံ)

"ကျနော်တို့ရဲဘော်တွေ ကင်းပွိုင့်နဲ့တွေ့ပြီးတော့ ထိပ်တိုက်ပစ်ခတ်မှုတိုက်ပွဲ ဖြစ်ခဲ့တာ။ သူတို့ဘက်က သေတော့သေတယ်၊ အတိအကျတော့ မသိရဘူး။ မနေ့က လင်းဇင်းရဲစခန်းထဲမှာတော့ အမိန့်ပြန်တမ်းလုပ်တယ်လို့ သိရတယ်။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10