ရုပ်သံ

တပတ်အတွင်း မြေလတ်သတင်း

#မြေလတ်အသံ #စစ်ကိုင်း #မကွေး #ပဲခူး

ရက်ကန်းသံတွေ မကြားရတော့တဲ့အညာ (ရုပ်/သံ)

တရွာလုံးနီးပါးက စစ်ရှောင်အဖြစ် ထွက်ပြေးတိမ်းရှောင်နေကြရပြီး၊ ထူးကြီးရွာ ပြန်လည်ထူထောင်ဖို့ဆိုတာ ခက်ခဲတဲ့အခြေအနေတွေနဲ့ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။ တချိန်က နာမည်ကျော်ဆိပ်ခွန်ထည်ထွက်တဲ့ ထူးကြီးရွာဟာ အခုဆိုရင် ရက်ကန်းခတ်သံတွေ မကြားရတော့ဘဲ ဆိတ်သုဉ်းလို့နေခဲ့ပါပြီ။

လေယာဉ်ငယ်ဒရုန်းတွေနဲ့ စစ်ကောင်စီစခန်းတွေကို ဦးတည်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ရဲစခန်းနဲ့ ပုလဲမြို့နယ် ထွေအုပ်ရုံးကို ဂျန်ဘာကျော်နိုင်တဲ့ လေယာဉ်ငယ်ဒရုန်းတွေနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ပျက်စီးတာတွေ ရှိတယ်

တပူပေါ် နှစ်ပူဆင့်နေတဲ့ စစ်ရှောင်အရေး (ရုပ်/သံ)

စစ်ကိုင်းတိုင်းမှာ မီးရှို့ခံရမှုနဲ့ တိုက်ပွဲတွေကြောင့် ပိုတိုးလာနေတဲ့ စစ်ရှောင်ပြည်သူတွေကို ကူညီထောက်ပံ့နေပေးနေတဲ့ အဖွဲ့အစည်းတွေမှာလည်း အခက်အခဲတွေ ရှိလာနေပါပြီ။

ရဲဘော် ၁ ဦးနဲ့ ဆွေမျိုးတော်စပ်သူ ၂ ဦးကို စစ်ကောင်စီက မီးရှို့သတ်ပြီး၊ ပြည်သူ ၁၅ ဦးကိုပါ ဖမ်းဆီးသွား (ရုပ်/သံ)

“သူ့ကိုနောက်ပြန်ကြိုးတုတ်ပြီးတော့ မိုင်းတွေကိုဖော်ခိုင်းတာ၊ လက်တွေ ခြေထောက်တွေကို ကျိုးကြေနေအောင်ရိုက်တယ်။ ခေါင်းတွေလည်း ကွဲပြဲနေအောင်ရိုက်တယ်။ သူနဲ့အတူ ဖမ်းမိတဲ့သူတွေက ပြန်ပြောပြတာ။ သူ့ကို နောက်ပြန်ကြိုးတုတ်ပြီး အရှင်လတ်လတ် တာယာကွင်းတွေ ရေနံဆီလောင်းပြီး မီးပုံရှို့သွားတာ။ သူအပါအဝင် ဆွေမျိုးနီးစပ်တော်သူ ၂ ယောက်ပါ သတ်သွားတယ်"

ပျူသင်တန်းပေးနေတဲ့နေရာ လက်နက်ကြီးနဲ့ပစ်ခံရ (ရုပ်/သံ)

ရွှေလှံဗိုလ် ဘောလုံးကွင်းထဲမှာ ပျူသင်တန်းပေးနေတာကို လက်လုပ်စိန်‌ပြောင်း၊ တာဝေးပစ်စိန်ပြောင်းတွေနဲ့ ၁၅ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ပျူသင်တန်းပေးနေတာ ရပ်လိုက်ရပြီး ကြံ့ခိုင်ရေးရုံးနဲ့ မီးသတ်ရုံး ထိခိုက်ပျက်စီးမှုရှိတယ်လို့ မြေပြင်ကင်းထောက်ရဲဘော်တွေဆီကတဆင့် ပြန်သိရတယ်

ဘုတလင်မြို့ဝင်ဂိတ်က စစ်အုပ်စု RPG အပါ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခံရ (ရုပ်သံ)

ကြောင်ပန်းဂိတ်က စစ်ကောင်စီတပ်သားတွေဟာ ဒေသခံပြည်သူတွေရဲ့ ဆိုင်ကယ်တွေကို အကြောင်းအမျိုးမျိုးပြကာ ငွေကြေးကောက်ခံနေသလို အကြောင်းမဲ့ မကြာခဏ ဖမ်းဆီးခြင်းတွေ ပြုလုပ်နေပြီး အနီးမှာရှိတဲ့ သစ်တောရုံးအတွင်းမှာလည်း အထိုင်ချထားသလို DENKO ဆီဆိုင်‌ထဲမှာလည်း ကင်းပုန်းတွေ အမြဲချထားလို့ အခုလို သွားရောက်တိုက်ခိုက်ခဲ့တာ

ဆီ မထွက်တော့တဲ့ မြန်မာ့ဆီအိုးကြီးနဲ့ စားအုန်းဆီပြဿနာ (ရုပ်/သံ)

တချိန်က ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံ လို့ကြွေးကြော်ခဲ့သလို ဆီထွက်သီးနှံအများအပြား စိုက်ပျိုးထုတ်လုပ်တဲ့ မြန်မာနိုင်ငံဟာ ပြည်တွင်းဆီထုတ်လုပ်မှုနဲ့တင် လုံလောက်မှုမရှိဘဲ ပြည်ပကနေ နေ့စဉ် စားအုန်းဆီတန်ချိန်များစွာကို တင်သွင်းနေကြရပါတယ်။

ပုလဲမြို့ ရဲစခန်းနဲ့ ထွေအုပ်ရုံး ဝေဟင်က တိုက်ခိုက်ခံရလို့ ရုံးနဲ့ ကားတစီးမီးလောင်ပျက်စီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာရှိတဲ့ ရဲစခန်းနဲ့ ထွေအုပ်ရုံးကို လေယာဉ်ငယ်လေးတွေနဲ့ ဗုံးသီးချကာ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ပြန်ဆက်‌ရုံးနဲ့ ကားတစီးမီးလောင်ခဲ့ပြီး ထိခိုက်ပျက်စီးတာတွေရှိတယ်

စိတ်ထွက်ပေါက်အတွက် စစ်ကိုင်းက ကျေးရွာတချို့မှာ မသောက်မိသောမိုးခါးရေ ရုပ်ရှင်ပြသ (ရုပ်/သံ)

စစ်ကိုင်းတိုင်းအတွင်းက စစ်ကောင်စီအုပ်ချုပ်ခွင့်မရတဲ့ ကျေးရွာတချို့မှာ ဒါရိုက်တာ ကိုပေါက်ရဲ့ မသောက်မိသောမိုးခါးရေ ရုပ်ရှင်ဇာတ်လမ်းကို ပြသခဲ့တယ်

ရုတ်တရက်တိုက်ခိုက်ခံရလို့ ကင်းစောင့်စစ်သား ၅ ဦးသေဆုံးဟုဆို (ရုပ်သံ)

ကားနဲ့သွားကာ သေနတ် ၄ လက်နဲ့ ရုတ်တရက်ပစ်ခတ်ခဲ့လို့ စစ်သားတွေပြန်လည်ပစ်ခတ်ချိန်မရှိဘဲ လဲကျကုန်တယ်

ရေပြာလမ်းဆုံ စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရ ရဲတဦး နောက်ကျောကျည်ထိမှန် (ရုပ်/သံ)

"ညနေ ၄ နာရီ‌လောက်မှာ အဲ့ဒီစစ်ဆေးရေးဂိတ်မှာရှိတဲ့ ရေပြာရဲစခန်းက ရဲတွေနဲ့ ၅ မိနစ်ခန့်အကြာ အပြန်အလှန်ပစ်ခတ်မှု ထိပ်တိုက်ဖြစ်တယ်၊ စစ်ကောင်စီတပ်သားအားလုံးက ရေပြာရဲ့အနောက် ဘက်လမ်းဆုံမှာ မဲနေတဲ့အချိန် လမ်းဆုံဂိတ်မှာ ၄ ယောက်ရှိတာကို မိတာ ၂၀၀ လောက်အကွာကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာ"

ပုလဲမြို့ ထွေအုပ်ရုံးမှာ တပ်စွဲနေတဲ့ စစ်အုပ်စု ပစ်ခတ်ခံရ (ရုပ်/သံ)

ကာကွယ်ရေးအဖွဲ့တွေက ပြောက်ကျားနည်းနဲ့ ဝင်ရောက်ပစ်ခဲ့တာဖြစ်ပြီး ၁၀ မိနစ်ကြာ အပြန်အလှန်ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က ရဲတဦး ကျည်ထိမှန်ကာ ဒဏ်ရာ ပြင်းထန်ခဲ့တယ်လို့ တပ်တွင်း သတင်းပေးချက်အရ သိရပြီး ကာကွယ်ရေးအဖွဲ့က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သခင်ဒေါင်းညိုတပ်ဖွဲ့က ပြောပါတယ်။

စစ်ကိုင်းတိုင်းကို အင်အားလာဖြည့်တဲ့ ကား ၄၉ စီးပါ စစ်ယာဥ်တန်း မိုင်း ၃ ကြိမ်ဆွဲခံရ

မန္တလေးဘက်ကနေ ကသာ၊ ထီးချိုင့်ဘက်ကို မောင်းနှင်လာတဲ့ စစ်ကောင်စီယာဉ်တန်း ၄၉ စီးဟာ စစ်ကောင်စီတပ် တပ်မ ၉၉ နဲ့ တပ်မ ၇၇ လက်အောက်ခံတပ်ရင်းတွေရဲ့ ပူးပေါင်းတပ်တွေဖြစ်ပြီး အင်အား ၁၀၀၀ ခန့် ပါဝင်ကာ တကောင်းမြို့နယ်အတွင်းမှာ TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ နဲ့ တကောင်း ပကဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

အဂ္ဂမဟာသီရိတွေကြားက "ပြာပုံ" နိုင်ငံ

ဆောင်းပါးရှင် သခင်နွေရဲ့ အဂ္ဂမဟာသီရိတွေကြားက "ပြာပုံ" နိုင်ငံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10