ရုပ်သံ

ပျူစောထီးဦးဆောင်တဲ့ရွာက ပြည်သူတွေကို PDF စည်းရုံးနိုင်ခဲ့ဟုဆို ( ရုပ်/သံ)

"ဒီရွာကပျူရွာ ကျနော်တို့ရွာကိုဝင်တော့ ပျူစောထီးတွေအကုန်ထွက် ပြေးတာတယောက်မှမကျန်ဘူး။ အုပ်ကြီးအိမ်ကို ဝင်ရှာတော့ လက်ပစ်ဗုံး ၁ လုံးနဲ့ရွေးကောက်ပွဲစာရင်းဇယားတွေရယ်၊ သပိတ်ကျင်း လေ့ကျင့်ရေးတပ်မှာ ပျူသင်တန်းတက်ဖို့ နာမည်ပေးထားတဲ့စာရင်းစာရွက်စာတမ်းတွေ သိမ်းဆည်းရမိခဲ့တယ်"

ပေါက်နယ်မှာ PDF တွေက ခြုံခိုတိုက်ခိုက်ခဲ့လို့ စစ်သား ၅ဦးသေဆုံး

မကွေးတိုင်း၊ ပေါက်မြို့နယ် သဖန်းချောင်းကျေးရွာမှာ နေအိမ်တွေကို ဝင်ရောက်ဖျက်ဆီးပြီး ပြန်ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို PDF ၃ ဖွဲ့ပူးပေါင်းပြီး ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ကျောင်းဆရာမ မဖြစ်ခဲ့ရတဲ့ ရဲမေထွေးထွေး (ရုပ်/သံ)

အသက် ၂၀ ဝန်းကျင်သာရှိသေးတဲ့ မထွေးထွေးရဲ့ ကျောင်းဆရာမဖြစ်ချင်တဲ့ အိမ်မက်က အာဏာသိမ်းမှုကြောင့် ပျက်ဆီးခဲ့ရပါတယ်။ အခုတော့ အာဏာသိမ်းမှုကို လက်မခံတဲ့ မထွေးထွေးတယောက် အိမ်ကသဘောမတူတဲ့ ကြားက သခင်ဒေါင်းညို ဆိုတဲ့ ပြည်သူ့တော်လှန်ရေးအဖွဲ့ထဲမှာ ဆေးတပ်သား ရဲမေတာဝန်ကို ထမ်းဆောင်နေပါပြီ။

"ဝေစားမျှစား ဒေါ်စိန်အေးသားများ" (မြင်မိ ကြားမိသမျှ အစီအစဉ်)

မြေလတ်အသံသတင်းဌာနမှာ အပါတ်စဉ်တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ်ရဲ့ ဒီတပါတ်မှာတော့ "ဝေစားမျှစား ဒေါ်စိန်အေးသားများ" ဆိုတဲ့ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။

ပျူရွာကိုစည်းရုံးပြီး စစ်သင်တန်းပေးနိုင်ခဲ့လို့ တိုက်ပွဲထဲ ပူးပေါင်းပါဝင်လာ (ရုပ်/သံ)

ကျနော်တို့ ပထမဦးဆုံး စည်းရုံးတဲ့အခါမှာ ၂ ယောက်ပဲရတာ၊ ၂ ယောက်ကနေမှ စည်းရုံးရင်းစည်းရုံးရင်းနဲ့ ၆ ယောက်ပူးပေါင်းလာတာ၊ ၆ ယောက်ကနေမှ ၁၅ ယောက်အထိရလာတယ်၊ ၁၅ ယောက်လောက်ရလာတာမှာ အဲဒီရွာအနားမှာ သင်တန်းဖွင့်လှစ်ပေးခဲ့တယ်

တပတ်အတွင်း မြေလတ်သတင်း

မြေလတ်ဒေသ စစ်ကိုင်း၊ မကွေး၊ ပဲခူး အတွင်းက တပတ်အတွင်းဖြစ်ပျက်ခဲ့တဲ့ သတင်းတွေကို တင်ဆက်ထားတာဖြစ်ပါတယ်။

ပျူစောထီးစခန်းတိုက်ခိုက်ခံရပြီး စစ်ကူလာတဲ့စစ်ကားပါမိုင်းဆွဲခံရလို့ သေဆုံးမှုများနိုင်( ရုပ်/သံ)

ဒေသခံတွေကို အနိုင်ကျင့်ဆပ်ကြေးကောက်နေတဲ့ အဲ့ဒီပျူရွာကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး ​တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများခဲ့လို့ စစ်ကောင်စီဘက်က လက်နက်ကြီး၊ Mi 35 ရဟတ်ယာဥ်တွေနဲ့ ၁ နာရီကျော်ကြာလှည့်လည်ပစ်ခတ်ခဲ့တယ်လို့ ရေစကြို PDF တာဝန်ရှိသူ ရဲဘော်ဝေကြီးက မြေလတ်အသံ ပြောပါတယ်။

လေကြောင်းနဲ့ တိုက်ခိုက်နိုင်ဖို့ တိုက်ခိုက်ရေးလေယာဥ်ငယ်တွေထုတ်လုပ်( ရုပ်/သံ)

စစ်ကောင်စီကို တိုက်ခိုက်တဲ့နေရာမှာ ကုန်းကြောင်းအပြင် လေကြောင်းအသုံးပြုပြီး ပိုမိုတိုက်ခိုက်လာနိုင်ဖို့နဲ့ လေကြောင်းကနေ တိုက်ခိုက်ရာမှာ စျေးနှုန်းကြီးမြင့်တဲ့ တိုက်ခိုက်ရေး ဒရုန်းယာဥ်တွေ မဝယ်နိုင်လို့ ကိုယ်တိုင်လေယာဥ်ငယ်တွေ ထုတ်လုပ်နေတာလည်းဖြစ်ပါတယ်။

"ကတုတ်ကျင်းထဲက တောက်ခေါက်သံ"

မြေလတ်အသံရဲ့ "အမောပြေ အလွဲများ" အစီအစဥ်ကနေ မကွေးတိုင်း မြို့သစ်မြို့နယ် PDF ၉၀၁ တပ်ရင်း က အလွဲလေးတခုကို တင်ဆက်ပေးထားပါတယ်။

မုံရွာမြို့ ကညန ရုံးမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ် ပစ်ခတ်ခံရ၂ ဦး သေဆုံး ဟု ဆို (ရုပ်/သံ)

ကညန ရုံးကိုပစ်တာမှာ စစ်ခွေး ၂ ကောင်ထိပြီး သေတယ်လို့ ကြားတယ်၊ စစ်ခွေး ၂ ကောင်သေပြီး သူတို့ဘက်က ၄၀ မမ တွေ လက်နက်ငယ်တွေနဲ့လည်း ရမ်းသမ်းပစ်ခတ်တာတွေရှိတယ်” လို့ ဗိုလ်လင်းယုန်က ဆက်ပြောပါတယ်။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုနဲ့ပက်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်‌သေးပါဘူး။

စုပေါင်းရုံးထဲမှာ အနားယူနေတဲ့ စစ်ကောင်စီတပ်သားတွေ လောင်ချာနဲ့ ပစ်ခံရ (ရုပ်/သံ)

" ရဲစခန်းတောင်မှ သူလောက်အင်အားမများဘူး၊ စစ်ကြောင်းတွေထိုးနေတဲ့ အကုန်လုံးက ဒီရုံးမှာပဲစုတာ၊ အင်အားက အယောက် ၂၀၀ ကျော်ရှိတာ၊ ကျနော်တို့ ၂ ချက်ပစ်ခတ်နိုင်ခဲ့တယ်၊ သူတို့ဘက်က ၃ ယောက်လဲကျပြီး ကျနော်တို့ပြန်ဆုတ်တဲ့အချိန်မှာ ရပ်ကွက်အထိလိုက်ပြီးပစ်ခတ်တာကြောင့် အပြန်အလှန်ပစ်ခတ်မှုအနည်းငယ်ဖြစ်ခဲ့တယ်" လို့ Myingyan Black Tiger − MBT ဗိုလ်မိုက်ခဲက ပြောပါတယ်။

အုပ်ချုပ်ရေးမှူးရုံးမှာနေတဲ့ စစ်အုပ်စု ပစ်ခတ်ခံရလို့ ၂ ဦးသေဆုံး (ရုပ်/သံ)

ကျနော်တို့သွားပစ်တဲ့အချိန်မှာ ၅ ယောက်လောက်ဘဲရှိတယ်။ ပစ်ခတ်မှုဖြစ်တော့ သူတို့ဘက်က ပြန်ပစ်တာကော ထွက်ပြေးတာ ကောရှိတယ်။ ပစ်ခတ်မှုကတော့ ၁၀ မိနစ်လောက်ပဲကြာမယ်။ ပစ်ခတ်မှုအတွင်းမှာ ကျနော်တို့ဘက်က ပစ်တာလား၊ သူတို့ဘက်က ပစ်တာလားမသိဘဲ ပြည်သူအမျိုးသမီး ၁ ဦးဒဏ်ရာရတယ်” လို့ ပြောပါတယ်။

စစ်တပ်ကနယ်ချဲ့လာနေလို့ အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်ဟု MT PDF သတိပေး (ရုပ်/သံ)

MT PDF က စခန်းသိမ်းတိုက်ပွဲတွေအထိ ကြိုတင်ပြင်ထားပြီး ရွာတွေမှာ တပ်စွဲနေတဲ့ စစ်စခန်းတွေကို အလျှင်းသင့်ရင် သင့်သလို ဝင်ရောက်တိုက်ခိုက်ပြီး တိုက်ပွဲတွေ ဖော်ဆောင်သွားမယ်လို့ ဆိုပါတယ်။

PDF ၂ဖွဲ့ပေါင်းပြီး ကျင်းပခဲ့တဲ့ တောထဲက ချင်းအမျိုးသားနေ့ ( ရုပ်/သံ)

အရှိုချင်းလူမျိုးတွေအများစုနဲ့ ဖွဲ့စည်းထားပြီး မကွေးတိုင်းအတွင်းမှာ အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တော်လှန်နေတဲ့ PRA Magway နဲ့ CDF- Asho အဖွဲ့ ၂ခုပူးပေါင်းပြီး ၇၅ နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့ကို ကျင်းပခဲ့ပါတယ်။

ဝင်ငွေ နဲ့ ကုန်ဈေးနှုန်း မမျှတမှု ပြည်သူတွေ အလူးအလဲခံနေရ

လုပ်ခ၊လစာဝင်ငွေ နည်းပါးမှုကြောင့် မြို့ပြနေ အခြေခံပြည်သူတွေနဲ့ ဝန်ထမ်းတွေဟာလဲ နေ့စဉ်မိသားစု စားသောက်စရိတ်ကို အလျဉ်မီအောင် မဖြေရှင်းနိုင်တဲ့အပြင် အခြားအိမ်မှုကိစ္စ၊‌ နေအိမ်ငှားရမ်းခ၊ သားသမီးပညာရေး၊ မိသားစုကျန်းမာရေး စတာတွေကို ဖြေရှင်းနိုင်ဖို့ အခက်အခဲများစွာရှိနေတာတွေ့ရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10