အမျိုးသမီးကဏ္ဍ

ကာကွယ်ရေးအဖွဲ့တွေဟာ စစ်တပ်နဲ့မခြားဘူးဆိုတဲ့အမြင်မျိုး ဖြစ်မသွားစေချင်ဘူး (ရုပ်/သံ)

လက်ရှိ စစ်ပွဲတွေအားကောင်းနေတဲ့ အညာဒေသမှာ စစ်ကောင်စီက ဥပဒေမဲ့သတ်ဖြတ်မှုတွေ နေအိမ်မီးရှို့တာတွေ ကျူးလွန်နေတာဖြစ်သလို လက်နက်ကိုင်တော်လှန်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ရင်း၊ တပ်ဖွဲ့တွေထဲမှာလည်း ဥပဒေမဲ့ကျူးလွန်နေတာတွေ ဖြစ်လာနေတဲ့အတွက် ဒါတွေကို တားဆီးဖို့ လိုအပ်နေတာ‌ကြောင့် PDF တပ်ရင်း၊ တပ်ဖွဲ့တွေကို စစ်ကျင့်ဝတ်တွေ လိုက်နာအောင် အမျိုးသမီးမဟာမိတ်တပ်ပေါင်းစုအဖွဲ့ဝင် မအေးမြင့်အောင်အောင်က သင်ကြားပေးနေတာပါ။

"အိမ်ကိုမီးရှို့လို့ မဝသေးဘူး ဘူဒိုဇာနဲ့ပါ ထိုးကော်သွားတာ"

စစ်ရှောင်စခန်းထဲ ရောက်နေကြတာ ၂ လဝန်းကျင်ရှိလာနေပါပြီ။ အခုအချိန်ထိ ဘယ်သူမှ ရွာထဲပြန်မဝင်နိုင်သေးပါဘူး။ ပြန်ဝင်စရာ ရွာမြေသာရှိနေပြီး နေစရာအိမ်တွေကတော့ မီးရှို့ခံရတဲ့အပြင် ဘူဒိုဇာနဲ့ပါ အထိုးခံလိုက်ရပါပြီ။

ပျူရွာကထွက်လာတဲ့ ၁၈နှစ်အရွယ် PDF ရဲမေတဦးရဲ့ တော်လှန်လိုစိတ်

စစ်ကိုင်းတိုင်းအတွင်းက ရွာလေးတရွာမှာ မွေးဖွားခဲ့တဲ့ အသက်၁၈နှစ်အရွယ် အမွှေစိန်ဆိုတဲ့ အမျိုးသမီးငယ်တဦးဟာ အာဏာသိမ်းပြီး တနှစ်အကြာမှာ ရွာနဲ့အိမ်ကို စွန့်ပြီးထွက်ခွာလာခဲ့ပါတယ်။

ကျဆုံး ရဲဘော်တွေအတွက် တိုက်ပွဲခေါ်သံ စောင့်နေသူ မူလန်( ရုပ်/သံ)

တပ်ဖွဲ့ထဲကို ရောက်ခါစမှာ နေရေး၊ စားရေးနဲ့ အမျိုးသမီးအသုံးအဆောင်တွေကအစ အခက်အခဲတွေ ကြုံတွေခဲ့ရတယ်လို့ ဆိပ်ဖြူဘာမထီ ရဲဘော်မူလန်က ပြောပြပါတယ်။ ဒါပေမယ့် အဲဒီအခက်အခဲတွေကို "ငါတော်လှန်ရေးလုပ်နေတယ်" ဆိုတဲ့စိတ်နဲ့ ဖြေသိမ့်ခဲ့တယ်

ကျောင်းဆရာမ မဖြစ်ခဲ့ရတဲ့ ရဲမေထွေးထွေး (ရုပ်/သံ)

အသက် ၂၀ ဝန်းကျင်သာရှိသေးတဲ့ မထွေးထွေးရဲ့ ကျောင်းဆရာမဖြစ်ချင်တဲ့ အိမ်မက်က အာဏာသိမ်းမှုကြောင့် ပျက်ဆီးခဲ့ရပါတယ်။ အခုတော့ အာဏာသိမ်းမှုကို လက်မခံတဲ့ မထွေးထွေးတယောက် အိမ်ကသဘောမတူတဲ့ ကြားက သခင်ဒေါင်းညို ဆိုတဲ့ ပြည်သူ့တော်လှန်ရေးအဖွဲ့ထဲမှာ ဆေးတပ်သား ရဲမေတာဝန်ကို ထမ်းဆောင်နေပါပြီ။

သားကိုထားခဲ့ပြီး PDF ရဲမေဘ၀ကို ရွေးချယ်ခဲ့သူ (ရုပ်/သံ)

အာဏာသိမ်းမှုကို ကြည့်မနေနိုင်ဘဲ တော်လှန်ချင်လို့ ၆ နှစ်အရွယ်သားငယ်ကို မိဘတွေနဲ့ အပ်ထားခဲ့ပြီး လာမယ့် ၄ လပိုင်းဆို သားက အသက် ၈ နှစ်ပြည့်မှာဖြစ်ပါတယ်၊ အခုဆို မိသားစုတွေလည်း တကွဲတပြားနဲ့ အိမ်လည်းမီးထဲပါသွားပေမယ့် တော်လှန်ရေးမှာ အားလျှော့သွားမှာ မဟုတ်သလို အစထဲကတည်းက အသက်ပါပေးထားပြီး လျှောက်ခဲ့တဲ့လမ်းဖြစ်လို့ နောင်တလည်း မရဘူးလို့ ၅/၉၉ PDF ရဲမေက ဆိုပါတယ်။

စစ်တပ်က မီးရှို့တဲ့အထဲ PDF ရဲမေရဲ့ အိမ် ၂ လုံးပါ မီးလောင်ဆုံးရှုံး (ရုပ်/သံ)

စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တဲ့ အိမ်တွေထဲမှာ ၅/99 PDF က ရဲမေတဦးရဲ့ အိမ် ၂ လုံးလည်း မီးထဲပါသွားခဲ့ပါတယ်။ အခုလို အိမ်တွေ မီးထဲပါသွားပေမယ့် စိတ်ဓာတ်ကျနေမှာ မဟုတ်သလို စစ်ကောင်စီက ဘယ်လောက်ပဲ ဖိအားတွေပေးပေး အဆုံးထိ တိုက်ခိုက်သွားမယ်လို့ ၅/99 PDF ရဲမေက ဆိုပါတယ်။

စစ်တပ်ကို ကြောက်လို့ PDF ထဲ ဝင်တာ မဟုတ်ဘူး ဆိုတဲ့ ရဲမေ

အသက် ၂၅ နှစ်ကျော် အမျိုးသမီးတယောက်ဟာ ရန်ကုန်မှာ အလုပ်လုပ်နေရင်း အာဏာသိမ်းဖြစ်စဉ်ထဲ ကြုံတွေ့လိုက်ပါတယ်။ အဲ့ဒီမတိုင်မီက သူ့သူငယ်ချင်းတွေနဲ့ ပုံမှန်အလုပ်သွား၊ အလုပ်ပြန် လုပ်နေခဲ့တာပါ။ သူငယ်ချင်းတွေနဲ့ ဝင်ငွေပိုကောင်းတဲ့ နိုင်ငံရပ်ခြားဆီထွက်ပြီး အလုပ်လုပ်ကြဖို့အထိ ရည်ရွယ်ထားကြတယ်လို့ ဆိုပါတယ်။

ရတက်မအေးနိုင်သေးတဲ့ စစ်ကိုင်းတိုင်းက ပြည်သူများ

မီးဘေးသင့်ဒေသခံပြည်သူတွေထဲမှာ အမျိုးသမီးတွေအများဆုံးဖြစ်နေပြီး သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးငယ်‌တွေပါဝင်တာကြောင့် အမိုးအကာ အစားအသောက်ပိုင်းမှာ အခက်အခဲတွေ ရင်ဆိုင်နေကြရပါတယ်။

တော်လှန်ရေးအတွက် ဖခင်ကို ကျောခိုင်းခဲ့တဲ့ ‌၁၀ တန်းကျောင်းသူ (ရုပ်/သံ)

သာမန်တောင်သူမိသားစုထဲက မွေးဖွားကြီးပြင်းလာတာဖြစ်ပြီး စစ်တပ်က အာဏာသိမ်းလိုက်ကတည်းက ဖြစ်ချင်တဲ့ ဆန္ဒ၊ ရည်မှန်းချက်တွေ ပြောင်းပြန်ဖြစ်ခဲ့ရပေမယ့် အဲဒီကမွေးထုတ်ပေးလိုက်တဲ့ တော်လှန်ရေးစိတ်ကိုတော့ သူမ လက်လွတ်မခံခဲ့ပါဘူး။ ဒီတော်လှန်ရေးကြီး မပြီးမချင်း အိမ်ကိုလုံးဝ ပြန်မလာဘူးလို့ ဖခင်ကို ယတိပြတ် ‌ပြောခဲ့ပြီး ကျော်ခိုင်းခဲ့သူလည်း ဖြစ်ပါတယ်။

အိမ်ပြာကျပေမယ့် စိတ်ဓါတ်ဘယ်တော့မှ မကျဘူး ( ရုပ်/သံ)

ကျောက်ဖြူတိုင်ရွာက ဒေသခံအမျိုးသမီးငယ်တဦးကတော့ အိမ်တွေမီးရှို့ခံရချိန်မှာဝမ်းနည်းပူဆွေးမှုရှိခဲ့ပေမယ့် အိမ်တွေသာ ပြာကျနေမယ် တော်လှန်ရေးအတွက်ထားတဲ့ စိတ်ဓါတ်ကတော့ ဘယ်တော့မှ မကျဘူးလို့ ဆိုထားပါတယ်။

စစ်ရှောင်စခန်းမှာ အမျိုးသမီးအတွင်းခံမလုံလောက်လို့ မဝတ်ရတဲ့အပေါ်မှာ အမျိုးသမီးငယ်တွေ စနောက်ပြောဆို ခံနေရ

"အမျိုးသမီးအသုံးပစ္စည်းတွေလည်း တအားလိုတယ်၊ အဲ့လိုမျိုး အခက်အခဲက တလတကြိမ် ခဏခဏ ဖြစ်တာပေါ့နော်၊ အမျိုးသမီး ကောင်မလေးတွေက အပျိုပေါက်လေးဖြစ်နေပြီ၊ အဝတ်အစားတော့ ဝတ်နိုင်ပြီ ကောင်လေးတွေက သူတို့ကို မြင်လို့ရှိရင်၊ ဟဲ့နင့်မှာ ဟိုဟာဖြစ်နေပြီ၊ ဘာဖြစ်နေပြီပေါ့၊ ပြီးရင် သူတို့မှာ ဘယာစီယာ မဝတ်ရလို့လေ" လို့ တောင်မင်းကုလား စစ်ရှောင်စခန်းက အမျိုးသမီးတာဝန်ခံ မအေးခင်က ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10