နွေဦးငြိမ်းချမ်း

မော်လူးမြို့ကိုသိမ်းပိုက် စစ်ကောင်စီ ၇ ဦးအလောင်းနဲ့ အရှင် ၄ ဦးဖမ်းမိ လက်နက်များစိစစ်သိမ်းနေဆဲ

"ဖမ်းဆီးရမိသူတွေကို ဘာရာထူးဘယ်သူဆိုတာကို သိဖို့စစ်ကြောရေးပို့ထားတယ်။ အသေခုနှစ်လောင်းရတယ်။ ဆက်လက်ပြီး ထွက်ပြေးတဲ့စစ်ကောင်စီတွေကို လိုက်ဖမ်းနေတယ်။ လက်နက်တွေကတော့ ရရှိပါတယ်။ ခဲယမ်းကျည်လည်းရတယ်။ ဒါတွေနဲ့ပတ်သက်ပြီး စိစစ်နေဆဲပါ"

ပြည်မြို့ ဆီပြတ်လပ်မှုပိုဆိုးလာ ၂ မိုင်နီးပါးတန်းစီစောင့်နေရပြီး ရဲနဲ့ယာဉ်ထိန်း လုံခြုံရေးယူထား (ရုပ်/သံ)

"မနေ့က ညနေကဆို တိုးဝှေ့နေကြတာပဲ။ ကားတွေကော ဆိုင်ကယ်တွေရော အိုးဝေတွေပါ တန်းစီနေတာ ၂ မိုင်လောက်တောင်ရှိမယ် ဘဲဥတွေက လမ်းရှင်းပေးတယ်။ ရဲတွေက လုံခြုံရေးယူထားတယ်"

ပြည်မြို့ ဆီပြတ်လပ်မှုပိုဆိုးလာ၊ ၂ မိုင်နီးပါးတန်းစီစောင့်နေရပြီး ရဲနဲ့ယဉ်ထိန်းလုံခြုံရေး ယူထား

"မနေ့က ညနေကဆို တိုးဝှေ့နေကြတာပဲ။ ကားတွေကော ဆိုင်ကယ်တွေရော အိုးဝေတွေပါ တန်းစီနေတာ ၂ မိုင်လောက်တောင်ရှိမယ်။ ဘဲဥတွေက လမ်းရှင်းပေးတယ်။ ရဲတွေက လုံခြုံရေးယူထားတယ်"

ဆွာမြို့ အရှေ့ဘက် ရွာတွေကို လက်နက်ကြီးနဲ့ ၂ ရက်ဆက်ပစ်ခတ် ဒေသခံတွေ ထိခိုက်ဒဏ်ရာပြင်းထန်

"တနေ့ကညဘက်နဲ့ မနေ့ကမနက်ပိုင်းတွေမှာ ပစ်တာ။ ရွာခံတွေကတော့ တနေ့ညကတည်းက ဘေးကရွာတွေကို ပြေးကုန်ကြပြီ။ ရွာက နှစ်ယောက်လက်နက်ကြီးကျည်စ မှန်ပြီး ဒဏ်ရာရသွားကြတယ်။ အမျိုးသမီးကြီးတယောက်က ဒဏ်ရာပြင်းလို့ ဆေးရုံကိုပို့လိုက်ရတယ်။"

ပဲခူးတိုင်းမြို့အချို့မှာ လောင်စာဆီပြတ်လပ် ပြင်ပပေါက်ဈေး ၁လီတာ ၄၀၀၀ ကျပ်နဲ့ရောင်းချသူများရှိ

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက် နောက်ပိုင်းက စတင်ကာ လောင်စာဆီဝယ်ယူရတာအခက်အခဲဖြစ်နေခဲ့ပြီး နိုင်ဝင်ဘလာ ၁၅ ရက် ဒီနေ့အထိလည်း ဆီရဖို့အတွက် တန်းစီဝယ်ယူနေကြရတယ်လို့ သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေးထောက်ခံတဲ့အနေနဲ့ MNDAA ရုပ်သံဇာတ်လမ်းကို ရွာတွေမှာပြသနေ (ရုပ်/သံ)

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA (ကိုးကန့်တပ်ဖွဲ့) အကြောင်းကို တပ်ဖွဲ့ဝင်ရဲဘော်တွေကိုယ်တိုင် ပါဝင်ရိုက်ကူးထားတဲ့ "နိက္ကမ" ရုပ်ရှင် ဇာတ်လမ်းကို ပါထည့်သွင်းပြသခဲ့တာလို့ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီဦးဆောင်အဖွဲ့ဝင် ကိုစနေ ကပြောပါတယ်။

စစ်ကိုင်းက တော်လှန်ရေးအင်အားစုတွေကို ရန်သူလို မဆက်ဆံမိရေး အရေးပေါ်လုပ်ငန်းစဉ် အဖြစ် NUG ယာယီသမ္မတ ပြောကြား

"စစ်ကိုင်းတိုင်းဧရိယာအတွင်းက အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံညှိနှိုင်းရေးကို အကောင်အထည်ဖော်တဲ့ အခါမှာ အထူးသတိမူသင့်တဲ့ အချက်တချို့ကို ပြောချင်ပါတယ်။ အထူးသဖြင့် “မိတ်ဆွေများကို ရန်သူ မလုပ်ရေးမူ” အပေါ်မှာ အခြေခံသင့်တယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ဟာ တော်လှန်ရေး အင်အားစုအသီးသီးရဲ့ အင်အားတွေကို စုစည်းယူရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိတို့နဲ့ မိတ်ဖက် အစုအဖွဲ့တွေထဲမှာ ရန်သူအသစ် မမွေးမိဖို့ လိုပါတယ်။ ဒါဟာ အထူး သတိထားရမယ့်ကိစ္စလို့ ယူဆပါတယ်။"

စစ်ကိုင်းနဲ့ မကွေးမှာ ဖုန်းလိုင်းနဲ့ အင်တာနက်ကို ဘယ်လိုသုံးနေရလဲ

အခက်ခဲများစွာကြားကပဲ အင်တာနက်အသုံးပြုနိုင်ဖို့အတွက် သူတို့ဘယ်လိုတွေ အသုံးပြုနေကြရတာပါလဲ ဒေသတွင်းမှာရှိတဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတချို့ ပြောဆိုချက်တွေကို မြေလတ်အသံက စုစည်းဖော်ပြပေးလိုက်ပါတယ်။

လျှော့ဈေးနဲ့ရောင်းတဲ့ စားအုန်းဆီ တပိဿာရဖို့ မိုးရွာထဲ ပေါက်ခေါင်းမြို့ခံတွေ တိုးဝှေ့နေကြရ

"ကလေးတွေရော သက်ကြီးရွယ်အိုတွေရော မိုးရေထဲမှာ ထီးတွေနဲ့ တိုးဝယ်နေကြတာပဲ။ ဆီကုန်သည်ကြီးများအသင်းက ပေါက်ခေါင်းမြို့အတွက် ဆီသုံးပေပါ ပေးတယ်လို့ သိရတယ်။ ဝယ်ဖို့အတွက် လက်မှတ်လိုမျိုးလေးတွေ ထုတ်ပေးတယ်။ ပြင်ပပေါက်ဈေးထက် တဝက်ကျော်ကျော်လောက် လျှော့ပြီးရောင်းနေတာ"

"ဉာဏ်တော်အမြင့်ဆုံးဆင်းတုဒကာ စစ်ခေါင်းဆောင်နှင့် ဘာသာရေးလွတ်လပ်ခွင့်စံချိန် အနိမ့်ဆုံးနှစ်များ"

“ဗုဒ္ဓဘာသာနိုင်ငံ ကမ္ဘာ့အကြီးဆုံးရုပ်ပွားတော်ကြီး ထုတယ်ဘာညာဆိုပြီး ခေတ်စကားနဲ့ပြောရင် ပြည်သူလူထုကို ဂျင်းထည့်တယ်။ ဗုဒ္ဓဘာသာကို ကာကွယ်တယ်၊ မြတ်နိုးတယ်လည်း ပြောသေးတယ် သူတို့အများဆုံးဗုံးကြဲနေတာ သူတို့အများဆုံး မီးရှို့ဖျက်ဆီးနေတာ ဗုဒ္ဓဘာသာရဲ့ အဆောက်အဦတွေပဲ ဖြစ်တယ်။”

"MG6 ခေါင်းဆောင်သေဆုံးခဲ့မှုနှင့် စစ်ရေးဖြင့်ဖြေရှင်းမှု ဘယ်သူ့မှာတာဝန်ရှိလဲ"

NUG MOD က မြေပြင်ဆင်းဖို့ရယ် အောက်ခြေက အသံတွေနားထောင်ဖို့ရယ်၊ တပ်ရင်းနဲ့ ပကဖ အကြား၊ တပ်ရင်းနဲ့ Local တွေအကြား ဘယ်လိုညှိနှိုင်းပေးမလဲ၊ သေချာတာကတော့ လေပေါ်ကနေ ညှိနှိုင်းပေးတာ ကတော့ ဘယ်လိုမှအဆင်မပြေနိုင်ဘူး၊ အကုန်လုံးက သေနတ်တွေ ကိုင်ထားတာမလို့။” ဟု တော်လှန်ရေး ရဲဘော်တဦးက ဆိုသည်။

စိုက်ချိန်နောက်ကျနေတဲ့ မိုးစပါးစိုက်ပျိုးရေးများ စတင်ပြီ (photo news)

မိုးခေါင်နေတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းမှာ မိုးစပါး စိုက်ပျိုးရေးလုပ်ငန်းတွေ စတင်နေပါပြီ။ မိုးဦးခေါင်နေတဲ့အတွက် နှစ်စဉ်စိုက်ပျိုးနေကျ အချိန်ထက် တလခန့်နောက်ကျမှ စိုက်ပျိုးနိုင်ကြတယ်လို့ လယ်သမားတွေထံက သိရပါတယ်။

ပြည်မြို့ဝန်းကျင်ရှိ CDM များကို ဖမ်းဆီးမယ်လို့ သတင်းများထွက်ပေါ်ပြီး အိမ်တွေကို လိုက်လံစစ်ဆေးနေ

"ကြိုရှောင်ထားတာတော့ ကောင်းပါတယ်။ သူတို့ က မထင်ရင်မထင်သလို ဧည့်စာရင်းစစ်တာမျိုးတွေလည်း လုပ်တော့ ကိုယ့်လူတွေကို ထိမသွားစေချင်ဘူး။ တချို့ကလည်း အေးသွားပြီအထင်နဲ့ ခဏပြန်လာတတ်တာမျိုးရှိတယ်။ ရပ်ကွက်တွေထဲမှာကလည်း ဒလန်သတင်းပေးတွေက စောင့်ကြည့်နေကြတယ်။" လို့ မြို့ခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တဦးကပြောပါတယ်။

PDF ၅ ဦးကိုသတ်ခဲ့တဲ့ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ရာ စစ်သား၂ ဦးသေဆုံးဟုဆို

" ဧပြီလကတည်းက မြို့နယ်နှစ်ခုကြားမှာ သူတို့က စစ်ကြောင်းပတ်သွားနေကြတာ။ သူတို့ကင်းပုန်းဝပ်နေတဲ့အချိန် စနိုက်ပါနဲ့ပစ်ခဲ့တယ်။ စစ်သား ၂ ယောက်လဲကျပြီး သေသွားတယ်။ ဒဏ်ရာရတဲ့သူတွေရှိပေမယ့်အတိ အကျမသိရသေးပါဘူး ။ ကျနော်တို့ ဒရုန်းတစင်း Jammer ကြောင့်ပျက်စီးခဲ့ရတယ်"

“သွေးနဲ့ရေးတဲ့ ဆဲဗင်းဂျူလိုင် စိတ်ဓါတ် နွေဦးတော်လှန်ရေးအထိ အသက်ဝင်နေဆဲပါ”

တကယ်တော့ ဆဲဗင်းဂျူလိုင်အရေးအခင်းကနေပြီး အာဏာရှင်ဦးနေဝင်းဦးဆောင်တဲ့ စစ်အုပ်စုတွေရဲ့ မင်းသားမျက်နှာဖုံးကို ဆွဲခွာချလိုက်နိုင်ပါတယ်။ ဒီဖြစ်ရပ်မှာ စစ်အာဏာရှင်ဆိုတာ ကမ္ဘာမှာရော မြန်မာမှာပါ ကမ်းကုန်အောင် ရက်စက်ကြမ်းကြုတ်နှိပ်စက်တဲ့ နေရာမှာ အတူတူပဲဆိုတာကို ပြသခဲ့တာပါ။ မြန်မာ့သမိုင်းမှာလည်း ဒုတိယကမ္ဘာစစ်နောက်ပိုင်း တခါမှမပေါ်ပေါက်ဘူးသေးတဲ့ ရက်စက်မှုအဖြစ်လည်း သမိုင်းမှတ်တမ်းဆိုး ဝင်ခဲ့ပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10