ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ သတင်းထွက်နေတဲ့ နမခတိုင်းမှူးကို လူမြင်ကွင်းထုတ်ပြ
“သူ့ကိုနေပြည်တော်က အရေးပေါ်လာခေါ်သွားတယ်ဆိုတာ ကျနော်တို့လည်းသတင်းရတယ်။ စစ်ဆေးနေတယ်လို့လည်း သတင်းတွေထွက်တယ်ပေါ့။ ခုစကစ သတင်းမှာ ကစထမှူးပါ မုံရွာကိုပြန်ပါလာတာတွေ့ရတယ်။ တိုင်းမှူးဖမ်းခံရတဲ့သတင်းတွေကြောင့် အောက်ခြေကောင်တွေစိတ်ဓာတ်ကျမှာစိုးလို့ ကိုယ်ရှိန်သတ်တဲ့အနေနဲ့ ပြန်ထုတ်ပြလာတာလို့မြင်တယ်။ဒါပေမဲ့ သိပ်မကြာခင် အဲ့ဒီတိုင်းမှူးလည်း နယ်ဘက် ဒါမှမဟုတ် အဆိုးဆုံး အရန်အင်အားတို့ ဘာတို့ပို့ခံရမယ့် အခြေအနေဖြစ်လာဖို့ အနီးဆုံးဖြစ်နေပြီလို့ ပြောလို့ရတယ်”
 Sharing Information to the Local
            Sharing Information to the Local