ဆောင်းပါး

လမ်းဘေးရေချမ်းစင်ကို ရေဖြည့်ပေးနေသူ (သတင်းဆောင်းပါး)

စစ်အာဏာသိမ်းခံရပြီး ပဋိပက္ခပေါင်းစုံနဲ့ တစ်တိုင်းပြည်လုံးကြုံနေရချိန် မြန်မာပြည်ရဲ့ လူဦးရေအထူဆုံးမြို့ ရန်ကုန်ကလမ်းမတွေပေါ်မှာ နွမ်းပါးကလေးငယ်တွေ တိုးပွားလာတာကို သူသတိထားမိခဲ့တယ်။ ဒီကလေးတွေအတွက် တတ်နိုင်တာလုပ်ပေးဖို့ ကိုဖြိုး သန္နိဋ္ဌာန်ချလိုက်တယ်။

နွေဦးတော်လှန်ရေးနှင့်အတူ ဖြိုချရမည့် ဗမာလူမျိုးကြီးဝါဒ (အတွေးအမြင်)

နွေဦးတော်လှန်ရေးကြီးတွင် စစ်အာဏာရှင်ဖြုတ်ချရေးနှင့်အတူ ဗမာလူမျိုးကြီးဝါဒကိုလည်း တပါတည်း ဖြိုချပစ်နိုင်မှသာလျှင် အနာဂတ်တွင် စစ်မှန်သည့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်နိုင်မည်ဖြစ်သည်။ လက်ရှိ၌လည်း ဗမာလူမျိုးကြီးဝါဒအစွဲအလမ်းများကို ပယ်သတ်နိုင်မှသာလျှင် နွေဦးတော်လှန်ရေးကြီး အမြန်ဆုံးပြီးဆုံးဖို့ နီးစပ်လိမ့်မည်။

“တော်လှန်ရေး . . . မြန်မလား နှေးမလား” (အတွေးအမြင်)

အဆိုးဆုံးကတော့ အချို့နေရာတွေမှာ အချို့သော ပြည်သူတွေက “NUG ပအဖ၊ ပကဖ တွေကလည်း မစွံပါဘူး၊ စစ်ကောင်စီနဲ့ မထူးပါဘူးကွာ” လို့ ပြောတဲ့ အသံမျိုးထိ တစွန်းတစ ကြားလာရတယ်ဗျာ။ ဒါက တော်လှန်ရေးအတွက် အတော်ကို အန္တရာယ်ကြီးတယ်ဗျို့။

စစ်သားစုဆောင်းရင်း သေနှုန်းမြင့်လာတဲ့ အုပ်ချုပ်ရေးမှူးများ (ဆောင်းပါး)

၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက် စစ်မှုထမ်းဥပဒေပြဌာန်းလိုက်ပြီးနောက်မှာ ရပ်/ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်တွေကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဆက်တိုက်ဆိုသလို ရှင်းလင်းခဲ့ရာမှာ အုပ်ချုပ်ရေးမှူးအပါအဝင် အုပ်ချုပ်ရေးအဖွဲ့ဝင်သေဆုံးမှုတွေဟာ ပဲခူးတိုင်းအနောက်ခြမ်းမှာ အရင်ကထက် ပိုမိုမြင့်တက်လာနေတာကို တွေ့ရပါတယ်။ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၂ တပ်ရင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက "စကစဒေါက်တိုင်တွေကို စတင်ရှင်းလင်းနေပြီ” လို့ ပြောပါတယ်။

CDM ၂ ကြိမ်လုပ်ခဲ့သည့် လသားမိခင်ရဲမေ (ရုပ်ပုံလွှာ)

“သူတို့(စစ်ကောင်စီ)ဘက်ကပြောသလို ဒီဘက်မှာရိုက်နှက်တာတွေဘာတွေ မရှိဘူး။ အေးအေးချမ်းချမ်းပါပဲ၊ ကျမထက် အရင်ဝင်တဲ့သူငယ်ချင်းတွေကိုလည်း အေးအေးချမ်းချမ်းပဲတွေ့ရပါတယ်”

စာနာမှုနှင့်ချိတ်ဆွဲထားသော “ငှက်သောက်အိုး”များ (ရသစာတမ်း)

အညာသူအညာသားဟာ အတွင်းစိတ်မနောသိပ်ဖြူရှာတယ်။ စာနာမေတ္တာတရားသိပ်ပေါကြွယ်ဝတယ်။ ဘယ်လောက်တောင် စိတ်ထားဖြူစင်မေတ္တာတရားရှိသလဲဆို ပူပြင်းလှတဲ့ အညာနွေအောက် လူတွေ ရေဆာကြသလို သဘာဝတောနေတောထိုင် ငှက်ကလေးတွေလည်း ရေဆာနေမယ်ဆိုပြီး နေပူပူထဲ မနေနိုင်မထိုင်နိုင် တွေးပူတဲ့အမျိုးပါပဲ။

လက်ပံတောင်းကြေးနီစီမံကိန်းအတွက် ဗျူဟာပြောင်းရတော့မယ့် တရုတ်

စစ်ကောင်စီတပ်ဖွဲ့တွေဟာ လက်ပံတောင်းတောင်၊ ဝမ်ပေါင်ကုမ္ပဏီဝင်ထဲမှာ တပ်စွဲအထိုင်ချတာ၊ ပျူစောထီး သင်တန်းပေးတာတွေလုပ်သလို ကြေးစင်တောင်၊ မြန်မာယန်စီကုမ္ပဏီအရှေ့ဘက် ကံကုန်းကြီးကျေးရွာအနီးက အက်စစ်စက်ရုံနဲ့ ကျောက်မျက်ရွာ ရွှေမြင်တင်တောင်မှာလည်း အခိုင်အမာတပ်စွဲထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

"စစ်ရှောင်ရင်း ရာမဇာန်ဥပုသ်စောင့်ကြသူတွေ" (ဆောင်းပါး)

ပုံမှန်အားဖြင့် ဝါထွက်တဲ့ အိဒ်နေ့မှာ အစ္စလာမ်ဘာသာဝင်တွေဟာ ဂျုံနဲ့ အမဲသားတို့လို အာဟာရပြည့်တဲ့ အစားအသောက်တွေ အလျှံပယ်ချက်ပြုတ် စားသောက်ကာ လှုဒါန်းလေ့ရှိကြပါတယ်။ ဒါပေမဲ့ မသီတာတို့ရောက်နေတဲ့ စစ်ရှောင်စခန်းက ဥပုသ်ထွက်ပြီး ဝါဖြေကြတဲ့ အစ္စလာမ်ဘာသာဝင်တွေကတော့ ကိုယ်တိုင် ဝမ်းဝအောင်တောင် မနည်းစားနေရတဲ့ အခြေအနေဖြစ်နေကြရပါတယ်။

"စာသင်ရင်မီးရှို့မှာပဲဆိုပြီး ကြောက်ကြတယ်" (ဆောင်းပါး)

“စစ်ကြောင်းလာရင် ပြေးလွှားရှောင်ရတိမ်းရတော့ ရွာမှာရှိတဲ့ အိမ်တွေကလည်း သူတို့ဆီမှာ မဖွင့်စေချင်ဘူးပေါ့ဗျာ။ မသင်စေချင်လို့ မဟုတ်ဘူး။ ချောင်းဦးကြီးမှာလည်း မီးတွေရှို့တော့ သူတို့ဆီမှာလည်း စာသင်ရင်မီးရှို့မှာပဲဆိုပြီးကြောက်ကြတယ်။”

တိုက်ပွဲကြားက ပြာကျသွားတဲ့ မြို့ငယ်လေး

“ဒရုန်းကနေ ကြည့်ရတဲ့ပုံအရ မြို့ရဲ့ ၉၈ ရာခိုင်နှုန်းက ပျက်စီးသွားပြီ”

စစ်မတိုက်ခင် သေမင်းနဲ့ စစ်ခင်းရတဲ့ ရဲဘော်တွေ (ဆောင်းပါး)

ထုတ်လုပ်ရေးလုပ်ငန်းခွင်ကို ဖုန်းတလုံးနဲ့ မှတ်တမ်းတင် ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ရိုက်လေ့ရှိတဲ့ ကိုငယ်က လုပ်လက်စ Rocket အဖူးလေးပြီးရင် ကိုယ့်ရဲဘော်တွေကို မှတ်တမ်းတင်အုံးမယ်လို့တွေးနေချိန်မှာပဲ ‘ဝုန်း’ ဆိုတဲ့ ကျယ်လောင်တဲ့ပေါက်ကွဲသံတခု စတိုခန်းဘက်က ထွက်ပေါ်လာပါတယ်။ အဲဒီအချိန်မှာ ကိုငယ်သိလိုက်တာက သူမြေပြင်ပေါ် လဲကျသွားတယ်ဆိုတာပါပဲ။ သူ့နားထဲမှာ နောက်ဆက်တွဲ ပေါက်ကွဲသံတွေကိုသာ ဆက်တိုက်ကြားနေရပါတယ်။ ကိုငယ်အတွက် ပထမဦးဆုံးခေါင်းထဲရောက်လာတဲ့အတွေးက အဆောက်အဦထဲက ရဲဘော်တွေရဲ့ အခြေအနေပါ။

မိုင်ဂျူလီယာဆွီးနိကိမ် (ရုပ်ပုံလွှာ)

ရဲဘော်ဆွီးနိကိမ်ဟာ အသားဖြူဖြူ မျက်နှာသွယ်သွယ်နဲ့ တိုင်းရင်းသူပီပီ ချစ်စရာကောင်းပြီး သန့်သန့်ပြန့်ပြန့်လေး နေတတ်တာကြောင့် တပ်ရင်းရှိ လူအကုန် သူ့ကိုချစ်ကြသလို မိန်းကလေးပေမယ့် ကျားကျားလျားလျားနဲ့ ယောက်ျားလေးလိုမျိုး နေတတ်သူဖြစ်ပြီး တပ်သား၊ အရာရှိ မခွဲခြားဘဲ တန်းတူဆက်ဆံတတ်သူလို့ ရဲဘော်ရဲဘက်တွေက မှတ်ချက်ပြုကြပါတယ်။

ထိန်းသိမ်းရေးဇုန်ထဲက အစွန့်ပစ်ခံ ဧရာဝတီလင်းပိုင် (ဆောင်းပါး)

“လင်းပိုင် စောင့်ကြည့်တဲ့ ဒေသခံတွေတောင် ခုက ကိုယ့်အသက်ကိုယ်ဖက်နဲ့ ထုပ်ထားရတယ်”

စစ်ကောင်စီလက်နက်စက်ရုံတွေ ဘယ်လိုပျက်စီးနေသလဲ (ဆောင်းပါး)

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDFတပ်ဖွဲ့များ ထိန်းချုပ်မှုအားကောင်းသော မြို့နယ်များတွင်ရှိနေသည့် ကပစတပ်များသည် နယ်မြေလုံခြုံရေးကိုသာ အဓိကထားလုပ်ဆောင်နေရခြင်းကြောင့် ထုတ်လုပ်ရေး လုပ်ငန်းများ လည်ပတ်နိုင်ခြင်း မရှိကြတော့ပေ။ ထို့အပြင် ရှေ့တန်းစစ်ဆင်ရေးများတွင် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များ အသေအဆုံးများနေပြီး အင်အားလိုအပ်ချက်များရှိနေခြင်းကြောင့် ကပစ စစ်သားများကို ရှေ့တန်းစစ်ဆင်ရေးများအတွက်ပါ ထုတ်နုတ် ပို့ဆောင်နေရသည်။

ဗုံးခိုကျင်းထဲက အညာပြည်သူများ (ဆောင်းပါး)

“လေကြောင်းတိုက်ခိုက်မှု မတိုင်ခင်ကတော့ ဗုံးခိုကျင်း ရွာမှာ မရှိဘူး။ ဒါပေမဲ့ တိုက်ခိုက်မှုဖြစ်ပြီး နောက်ပိုင်းမှာ ပြည်သူလူထုက ဗုံးခိုကျင်းတွေ ဘန်ကာတွေ၊ အိမ်တိုင်းအိမ်တိုင်းမှာ ဆောက်လုပ်လာတာတွေတော့ ရှိပါတယ်။” ဟု ပြောင်းလဲလာသည့် မင်းလှရွာအခြေအနေကို ကိုကောင်းကောင်းက ပြောသည်။ ဗုံးခိုကျင်းတကျင်းအတွက် ပျှမ်းမျှ ကျပ် ၃ သိန်းနှင့် ၃ သိန်းခွဲဝန်းကျင်ကုန်ကျပြီး အသုံးပြုသည့် သစ်၊ ကျောက်၊ သဲ စသည့်ပစ္စည်း အနည်းအများအပေါ် မူတည်၍လည်း ကုန်ကျစရိတ်ကွာခြားမှုရှိသည်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10