ဆောင်းပါး

ကာမစစ်ဘီလူးများလက်ထဲ အသက်၊ ခန္ဓာပေးလိုက်ရသည့် “မရွှေမန်းသူ” (အသံလွှင့်ဆောင်းပါး)

ယောင်းမဖြစ်သူ မရွှေမန်းသူက ငိုယိုပြီး တောင်းပန်ပြောဆိုနေသည့်တိုင် စစ်ကောင်စီတပ်သားများက "မအော်နဲ့ အော်ရင် သတ်ပစ်မယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ လင်ယူထားတာ တော်တော်ရွတဲ့ကောင်မ" ဟူသော မကြားဝံ့မနာသာ ထပ်တလဲလဲခြိမ်းခြောက်ပြောဆိုသံများကို သူအတိုင်းသား ကြားနေခဲ့ရသည်။

အထုပ်ဘေးချ လက်နက်ကြီးသံနားစွင့်နေရတဲ့ စစ်ရှောင်တို့ ဘဝ

"ကျမတို့ အိမ်မှာဆိုလည်း ဆန်တွေ၊ ဆီတွေ အကုန်သယ်သွားပြီး သူတို့မသယ်နိုင်လို့ကျန်တဲ့ ဆန်တွေကို သေးတွေနဲ့ ပန်းသွားတယ်။ ဆီတွေကိုလည်း သွန်ချထားခဲ့တာ” လို့ အမျိုးသမီးတဦးက ဆိုပါတယ်။

“မန်ကျည်းပင်တန်းမှာ သူကျသွားတာ အခုထိမကျွတ်သေးဘူး” (သတင်းဆောင်းပါး)

“ကျနော့်ကို အိမ်မက်ထဲမှာ လာလာပြောတယ်။ သူကနှမ်းခါးရွာထိပ်မှာ ကင်းစောင့်နေပါတယ်ဆိုပြီး အမြဲတမ်းပြောတယ်။ သူမကျွတ်သေးဘူး” လို့ ကိုဗေက သူကြုံတွေ့ခံစားနေရသည့် အဖြစ်အပျက်ကို ပြောပြသည်။

ခင်ဦးနဲ့ ရေဦးမှာ စစ်ကောင်စီ ရက်စက်ကြမ်းကြုတ်ခဲ့သမျှ (သတင်းဆောင်းပါး)

"သူခိုး ခိုးသွားမှ ကျန်ဦးမယ်။ စကစမီးရှို့ ဖျက်ဆီးတာက ဘာမှကုန်းကောက်စရာကို မကျန်ခဲ့တော့တာ။ ပိုက်ဆံရှိသူ ဖြစ်ဖြစ်၊ မရှိသူဖြစ်ဖြစ် မီးထဲအကုန်ပါသွားတော့ နေဖို့၊ စားဖို့ ဘာမှ မကျန်တော့တာ။"

ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရမယ့် အညာမြေ (အတွေးအမြင်ဆောင်းပါး)

စစ်အာဏာရှင်တော်လှန်ရေးကြီးကို ကိုယ်ထူကိုယ်ထရုန်းကန်တော်လှန်ခဲ့ကြတဲ့ အညာမြေဟာ လက်ရှိအချိန်မှာလည်း ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရတော့မယ့်အခြေအနေတွေနဲ့ ကြုံနေရပါပြီ။ တော်လှန်ရေးခရီးရှည်ကြီးကို ဆက်လျှောက်ဖို့နဲ့ တော်လှန်ရေးကြီးကို အဆုံးသတ်ဖို့အတွက် အညာလူထုနဲ့ အညာတော်လှန်ရေးသမားတွေရဲ့ ညီညွတ်မှုဟာ အရေးကြီးလာတယ်။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရပါတော့မယ်။

မကြည်ပြာ စားအုန်းဆီခွဲတမ်း မရခဲ့ပါ (လူမှုဘဝ)

ယနေ့အဖို့ ရပ်ကွက်များ၏ ဘယ်အပိုင်းတွင် စားအုန်းဆီခွဲတမ်းနှင့် ရောင်းပေးမလဲဆိုတာ မကြည်ပြာ တယောက် လမ်းထိပ်ထွက် စုံစမ်းသည်။ လက်ထဲတွင်လည်း ရေသန့်ဗူးခွံအလွတ်တလုံးကို အသင့်ယူလာခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ဗူးခွံအလွတ်တွေ ကိုင်ထားကြသည့် လူတန်းရှည်ကြီးကိုတွေ့ရပါက ဝင်တိုးရင်း မနက်ခင်းတပိုင်းမှာပင် ငွေ ၃၀၀၀ ကျပ်လောက် အမြတ်ရနိုင်မည်ဟု သူမ စိတ်ထဲတွေးပြီး ကျေနပ်နေသည်။

အကြမ်းဖက် နှိမ်နင်းမှုတွေအောက်က လူထုသပိတ်အကြောင်း သပိတ်ခေါင်းဆောင်တွေ ဘာပြောသလဲ

အကြမ်းဖက်ဖိနှိပ်မှုတွေကြားမှာပဲ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ကလေး စတဲ့မြို့တွေမှာ ပြောက်ကျားသပိတ်တွေ မကြာခဏ ထွက်လာမြဲဖြစ်သလို ကျေးလက်ဒေသတွေမှာတော့ စစ်ကိုင်းတိုင်းဘက်မှာဆို ယင်းမပင်၊ ဆားလင်းကြီး၊ ပုလဲ၊ ကနီ၊ ဒီပဲယင်း၊ ရွှေဘို၊ ဝက်လက်၊ မုံရွာ၊ ကလေး၊ မြောင်၊ မကွေးတိုင်းဘက်မှာဆို မြိုင်နဲ့ ပေါက်၊ တနင်္သာရီတိုင်းဘက်မှာဆို ထားဝယ်၊ လောင်းလုံ စတဲ့နယ်တွေက လူထုသပိတ်တွေကို အွန်လိုင်းနဲ့ ရုပ်သံလိုင်းတွေမှာ အဆက်မပြတ်တွေ့နေရပါတယ်။

ကာမစစ်ဘီလူးများလက်ထဲ အသက်၊ ခန္ဓာပေးလိုက်ရသည့် “မရွှေမန်းသူ”

ယောင်းမဖြစ်သူ မရွှေမန်းသူက ငိုယိုပြီး တောင်းပန်ပြောဆိုနေသည့်တိုင် စစ်ကောင်စီတပ်သားများက "မအော်နဲ့ အော်ရင် သတ်ပစ်မယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ လင်ယူထားတာ တော်တော်ရွတဲ့ကောင်မ" ဟူသော မကြားဝံ့မနာသာ ထပ်တလဲလဲခြိမ်းခြောက်ပြောဆိုသံများကို သူအတိုင်းသား ကြားနေခဲ့ရသည်။ သြဂုတ် ၂၆ ရက်က စစ်ကိုင်း-ရွှေဘိုကားလမ်းမဘေးက လက်ဖက်ရည်ဆိုင်အတွင်းရှိ အခန်းတခုထဲတွင် မလှလှ ဖမ်းချုပ်ခံထားရစဉ် ဘေးကပ်လျက်အခန်းထဲက သူ့ယောင်းမကို စစ်ကောင်စီတပ်သား တယောက်ပြီး တယောက် ထိုသို့ ခြိမ်းခြောက်ပြောဆိုရင်း အဓမ္မပြုကျင့်ခဲ့သည်ဟု သူကပြောသည်။

“တော်လှန်ရေး ချစ်ခြင်းမေတ္တာနဲ့ စစ်စခန်းထဲက စာအုပ်စင်များ” (ဆောင်းပါး)

စာအုပ်စင်လေးဟာ ဝါးတန်းဝါးခြမ်းတို့နဲ့ အနားကွပ်ယိုင်နွဲ့နေပေမယ့် စင်လေးပေါ်က စာအုပ်တွေကတော့ ချစ်ခြင်းမေတ္တာနဲ့ ဉာဏ်ပညာတို့ကို ခိုင်မာနှောင်ဖွဲ့ထားပါတယ်။ စာပေအနုပညာရပ်ဝန်းကို ဖန်တီးပုံဖော်ခွင့် ရနေတာကြောင့်လည်း ကြမ်းတမ်းခက်ခဲတဲ့ လက်နက်ကိုင်တော်လှန်ရေး ခရီးကြမ်းကို ယနေ့ထိ စိတ်မပျက်လက်မပျက်ဘဲ ဆက်နိုင်ကြတာပါ။

ကျပ် ၂ သောင်းတန် လက်ထဲမရောက်ရေး ဆုတောင်းနေရတဲ့ အညာပြည်သူတွေ

နည်းလမ်းမျိုးစုံနဲ့ ရောက်လာနိုင်တဲ့ ကျပ် ၂ သောင်းတန်ငွေစက္ကူကို ဒေသခံပြည်သူတွေက လက်မခံပါကလည်း စစ်ကောင်စီဘက်က အန္တရာယ်ပေးနိုင်သလို လက်ဝယ်ထားရှိပါကလည်း PDF တွေရဲ့ အရေးယူမှုကို ခံရနိုင်တာကြောင့် ဒီအခြေအနေဟာ ဒေသခံပြည်သူကို အင်မတန် အကြပ်ရိုက်စေတဲ့ အနေအထားဖြစ်စေတယ် လို့ ယင်းမာပင် - ဆားလင်းကြီး ရွာပေါင်းစုံသပိတ်အင်အားစုမှ ရဲဘော် ကိုစနေက ပြောပါတယ်။

တော်လှန်ရေးနှင့် သစ်တောပြုန်းတီးမှု (အတွေးအမြင်ဆောင်းပါး)

သစ်တွေခုတ်ပြီး သစ်စက်လည်မည်ဆိုလျှင် အဲ့ဒီမှာရှိတဲ့ နယ်မြေခံပကဖ၊ ပအဖတွေနဲ့ သယံဇာတ တာဝန်ခံတွေကို အခွန်ပေးဆောင်ရကြောင်း သိရသည်။ ဗန်းမောက်ဘက်တွင် ဗန်းမောက်တောင်ပိုင်းနှင့် မြောက်ပိုင်းတွင်ရှိသော သစ်တောကြိုးဝိုင်းဧရိယာများမှာ ကျွန်းသစ်များကို အဓိက ထုတ်ယူနေပြီး သစ်များကို ၁၂ ဘီးကား၊ တွဲကားဖြင့် သယ်ကာ ဗန်းမောက်၊ အင်းတော်၊ ကသာ စသည့်မြို့နယ်များရှိ ပကဖ၊ ပအဖ ဂိတ်များနှင့် စစ်ကောင်စီဂိတ်များအား အဆင့်ဆင့် ဖြတ်သန်းပြီး ကသာမြို့နယ် ချောင်းဝကနေ ရွှေကူဘက်ဖြတ်ကာ တရုတ်ပြည်ကိုပို့ကြောင်း သိရသည်။ တရုတ်ပြည်ဘက်ရောက်လျှင် သစ်တတန်ကို ကျပ်သိန်း ၅၀ ထိ ဈေးရကြောင်းသိရသည်။

အညာခေါ်သံ (အသံလွှင့်ဆောင်းပါး)

သေနတ်ကိုင်ပြီး ဖြေရှင်းမှရတော့မယ့်အဆုံးမှာ အညာမြေဟာ ရှိသမျှရောင်းချလို့ ရရာလက်လုပ် တထောင့်ထိုး သေနတ်နဲ့ တော်လှန်ရေးကိုစခဲ့ကြတယ်။ အညာမြေရဲ့ စစ်အာဏာရှင်တော်လှန်ရေးဟာ ကိုယ်ထူကိုယ်ထ၊ ကိုယ့်ဒူးကိုယ်ချွန်ပဲ။ ဆယ်ဂဏန်းနဲ့စခဲ့ကြတဲ့ တော်လှန်ရေးအင်အားစုတွေဟာ အခုတော့ ထောင်ချီကျော်လို့ သောင်းချီလာခဲ့ကြပြီ။

လိပ်ပြာ

တကယ်က သူ့အရွယ်ဟာ ကျောင်းတက်၊ စာဖတ်၊ ပညာရေးကို လေ့လာ၊ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးနေ နေရမယ့်အရွယ်ပါ။ ဒါပေမဲ့ မြန်မာပြည်မှာ အဲဒီလိုတွေလုပ်ဖို့ အခွင့်အရေးတွေ မပေးတဲ့အခါ ဒီလိုအခွင့်အရေးတွေ ရနိုင်ဖို့အတွက် သူတို့ရဲ့ ငယ်ရွယ်နုပျိုမှုတွေ၊ ဘဝတွေကို ရင်းနှီးပြီး တော်လှန်ရေးမှာ အသက်တွေ ပေးထားရတာပါ။

သေမင်းဝင်မွှေတဲ့ မနက်ခင်း

သူတို့နည်းတူ သမ္မာရိုးကျေးရွာက ကိုဖိုးလွင်ကလည်း ရွှေပန်းကုန်းကျေးရွာမှာ ငါးဝယ်သွားဖို့ ဆိုင်ကယ်တစီးနဲ့ အိမ်က ထွက်လာပါတယ်။ သူဟာ ရွှေပန်းကုန်းရွာက ငါးတွေဝယ်လာပြီးရင် သမ္မာရိုးကျေးရွာမှာ ငါးတွေပြန်ရောင်းတဲ့ ဈေးသည်တယောက်ပါ။ ဒါက သူ့ရဲ့ နေ့စဉ်အလုပ်။

“တော်လှန်ရေးမှာ ကျကျန်ခဲ့တဲ့ ခြေထောက်တဖက်” (ရသစာတမ်း)

သူတို့ဆုံးရှုံးသွားတာ လူငယ်ဘဝက စက်ဘီးတစီး၊ အဝတ်အစားတစုံ၊ ဖိနပ်တရံမဟုတ်ပါ။ ပြန်လည်အစားထိုးမရနိုင်သည့် အသက်ခန္ဓာ၊ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများပဲဖြစ်ပါသည်။ ထိုအရာများကို သူတို့စိတ်မပူပါ။ မနှမြောပါ။ သို့သော် သူတို့ အိမ်ပြန်ကြရသည့်အခါ သူတို့အမေကို ပြန်ပြောပြချိန် အဆူခံရမယ့်အရေးကိုသာ သူတို့ စိတ်ပူခဲ့ကြပါသည်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10