ရိက္ခာပြတ်နေလို့ ရဲဘော်တွေကို တခြားအဖွဲ့တွေဆီ ခွဲပို့ထားရတဲ့ ချိုးငှက်ပြောက်ကျားအဖွဲ့ (ရုပ်/သံ)
တော်လှန်ရေးကာလ အစပိုင်းမှာ ပြည်သူတွေရဲ့ ထောက်ပံ့ကူညီတာတွေနဲ့ တပ်ဖွဲ့က ရပ်တည်လို့ အဆင်ပြေနေပေမယ့် တော်လှန်ရေး၂ နှစ်အလွန်မှာတော့ အကူအညီတွေ မရှိတော့တဲ့အတွက် တပ်ဖွဲ့ရပ်တည်ရေး အခက်အခဲတွေနဲ့ ကြုံလာကြရပါတယ်။ အခုဆိုရင် တပ်ဖွဲ့ရိက္ခာပြတ်လတ်နေတာ ၅ လကျော်လာပြီဖြစ်လို့ ရဲဘော်တွေ အပြင်မှာ အလုပ်ထွက်လုပ်နေကြသလို ရဲဘော်တချို့ကိုလည်း တခြားတပ်ဖွဲ့တွေဆီ ခွဲပို့ထားရတဲ့အခြေအနေအထိဖြစ်နေတာပါ။