စစ်မတိုက်ခင် သေမင်းနဲ့ စစ်ခင်းရတဲ့ ရဲဘော်တွေ (ဆောင်းပါး)
ထုတ်လုပ်ရေးလုပ်ငန်းခွင်ကို ဖုန်းတလုံးနဲ့ မှတ်တမ်းတင် ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ရိုက်လေ့ရှိတဲ့ ကိုငယ်က လုပ်လက်စ Rocket အဖူးလေးပြီးရင် ကိုယ့်ရဲဘော်တွေကို မှတ်တမ်းတင်အုံးမယ်လို့တွေးနေချိန်မှာပဲ ‘ဝုန်း’ ဆိုတဲ့ ကျယ်လောင်တဲ့ပေါက်ကွဲသံတခု စတိုခန်းဘက်က ထွက်ပေါ်လာပါတယ်။ အဲဒီအချိန်မှာ ကိုငယ်သိလိုက်တာက သူမြေပြင်ပေါ် လဲကျသွားတယ်ဆိုတာပါပဲ။ သူ့နားထဲမှာ နောက်ဆက်တွဲ ပေါက်ကွဲသံတွေကိုသာ ဆက်တိုက်ကြားနေရပါတယ်။ ကိုငယ်အတွက် ပထမဦးဆုံးခေါင်းထဲရောက်လာတဲ့အတွေးက အဆောက်အဦထဲက ရဲဘော်တွေရဲ့ အခြေအနေပါ။