တိုင်းမှူး၊ ကစထမှူးများအတွက် ချောက်ကမ်းပါး တော်လှန်စစ်နယ်မြေများ (ဆောင်းပါး)
အာဏာသိမ်းမှုကို ခုခံတွန်းလှန်တဲ့ တော်လှန်စစ်ကြောင့် စစ်ကောင်စီတပ်ဟာ တိုင်းပြည်နေရာအနှံ့ စစ်မျက်နှာတွေဖွင့်ထားလိုက်တဲ့အခါ စစ်ဆင်ရေးတွေကို ကိုင်တွယ်ရတဲ့ တိုင်းမှူး၊ တပ်မမှူးနဲ့ ကစထမှူးတွေဟာ အာဏာနဲ့ လုပ်ပိုင်ခွင့်ကို အရင်ကလို အရသာမခံနိုင်ကြတော့ဘဲ အထက်အောက် ဖိအားတွေနဲ့သာ ဘေးကျပ်နံကျပ်ဖြစ်ကုန်ကြပါတယ်။ လက်ရှိကာလမှာ နယ်မြေစစ်ဆင်ရေးတွေကို အဓိက ကိုင်တွယ်ရတဲ့ စစ်တိုင်းမှူး၊ ကစထမှူးတွေ မကြာခဏဆိုသလိုဖြုတ်ချခံနေရတာကြောင့် စစ်တိုင်းမှူးနေရာဟာ ကြိုးတန်းလမ်းလျှောက်ရသလိုဖြစ်နေပြီး အစားထိုးရောက်ရှိလာမယ့် တိုင်းမှူးအသစ် စစ်ဗိုလ်ချုပ်တွေအတွက်လည်း အိမ်မက်ဆိုးတခုလိုဖြစ်နေပြီလို့ CDM အသိုင်းအဝိုင်းကပြောပါတယ်။
Sharing Information to the Local